images
UN
UN
iPad Air 3 တွင် Smart Connector ပါဝင်လာပြီး iPad Air 2 နှင့်ဆင်တူသည်ဟုဆို
လူသစ် Tuesday, 02 February 2016
တရားဝင်ထုတ်ဖော်ကြေညာခြင်း မရှိသည့် iPad Air 3 ပုံတွင် ထွက် ပေါ်လာဖွယ်ရှိသည့် တတိယ မျိုး ဆက် iPad Air သည် ယခင်ထွက် ပေါ်ခဲ့သော iPad Air 2 နှင့်တူညီ သောပုံစံရှိကြောင်း တွေ့ရှိရသည် ဟု Engadget က ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံများအရ iPad Air 3 ၏ အရွယ်အစားသည် ၆ ဒသမ ၁၅ မီလီမီတာအထူရှိကာ ၁၆၉ ဒသမ ၆ မီလီမီတာ အကျယ်ရှိ ကြောင်း တွေ့ရှိရသည့်အတွက် iPad Air 2 ထက် သုညဒသမ ဝ၅ မီလီမီတာ ထူကာ သုညဒသမ ၁ မီလီမီတာပိုမို အရွယ်အစား ကြီးမားကြောင်း တွေ့နိုင်သည်။ အရွယ်အစားမှာ တစ်ခုနှင့်တစ်ခု ဆင်တူသဖြင့်ထောင့် ကွေးပုံစံနှင့် အတိုင်းအတာ အမှား အယွင်းရှိနိုင် ကြောင်းနှင့် ဖြစ်နိုင်သည့်အချက်မှာ iPad Air 3 သည် ဒုတိယမျိုးဆက် iPad Air tablet နှင့်အရွယ်အစား အတူတူဖြစ်နိုင်ကြောင်းသိရသည်။
iPad Air 3 တွင် ပါဝင်လာ မည့် feature များတွင် iPad Pro တွင်ပါဝင်သကဲ့သို့ အသံအရည် အသွေးကောင်းမွန်စေရန် စပီကာ လေးလုံးပါဝင်လာမည်ဟု ဆိုထား သည့်ယခင်ကောလာဟလသတင်း များကိုယခုဆွဲသားထားသော ပုံ ကြမ်းက ထောက်ခံနေကြောင်းနှင့် Smart Keyboard ကဲ့သို့သော accessory များတပ်ဆင်နိုင်ရန် ဘေး ဘက်တွင် Smart Connector ပါဝင်လာဖွယ်ရှိကြောင်း ခန့်မှန်း ထားသည်ကို တွေ့ရသည်။

Ref:macrumors.com