images
UN
UN
ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) စီမံအုပ်ချုပ်မှုဥက္ကဋ္ဌဒေါက်တာမောင်အောင်နှင့်တွေ့ဆုံခြင်း
နေထက်ဝေ Sunday, 07 February 2016
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ စတင်ပြေးဆွဲလျက်ရှိသည့် BRT Lite ယာဉ်လိုင်းများနှင့် ပတ်သက်၍ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC)မှ စီမံအုပ်ချုပ်မှု ဥက္ကဋ္ဌ ဒေါက်တာမောင်အောင် (အကြံပေးပုဂ္ဂိုလ် စီးပွား/ကူးသန်း) နှင့်ပြည်တွင်းပြည်ပမီဒီယာများ ယာဉ်လိုင်းဖွင့်ပွဲအခမ်းအနားတွင် တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါသည်။


BRT Lite ယာဉ်လိုင်းပြေးဆွဲမှုနဲ့ပတ် သက်ပြီး ဆောင်ရွက်ထားမှုတွေကို သိချင်ပါတယ်။
ဆရာတို့ BRT Lite ကို စတင် ပြီးတော့ မိတ်ဆက်မှာဖြစ်ပါတယ်။မိတ်ဆက်တဲ့နေရာမှာပြောချင်တာ တော့ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား စနစ်ကို ပြောင်းလဲနိုင်ဖို့အတွက်က ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။စနစ်သစ်တွေနဲ့ စတင်တာဖြစ်ပါ တယ်။ စနစ်သစ်လို့ပြောတဲ့နေရာ မှာ ပိုင်ဆိုင်မှုစနစ်ကိုပြောင်းတယ်။ပြောင်းတဲ့နေရာမှာ ယာဉ်မောင်း တွေကိုလည်း လုံလောက်တဲ့ လစာ ပေးမှာဖြစ်ပါတယ်။ သူတို့ကိုစည်း မျဉ်းစည်းကမ်းအတိုင်း မောင်းနှင် ရမှာတစ်ခုပါ။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ Ticketting ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တာပါ။အရင်ကတော့ SRT တို့ ဘာတို့က လုပ်ဖူးပါတယ်။ I Pay စနစ်ပေါ့။ဒီစနစ်ကတော့ လူတိုင်းလွယ် လွယ်ကူကူနဲ့သုံးလို့ရအောင် စီမံ ထားတာဖြစ်ပါတယ်။ နောက်တစ် ခုက အမြန်စနစ်ပေါ့။ ရိုးရိုးမှတ် တိုင်သုံးတိုင်မှာ ကျွန်တော်တို့က မှတ်တိုင် တစ်တိုင်စိုက်တယ်။ ရိုးရိုးမှတ်တိုင်နဲ့မတူပါဘူး ခပ်ဝေး ဝေးမှာထားတယ်။ခရီးသည်လုတာ မဟုတ်ပါဘူး။ အခြားကား တွေနဲ့ ပြဿနာမဖြစ်အောင် မှတ်တိုင်ကို သီးခြားလုပ်ပေးထားတာ ဖြစ်ပါ တယ်။ သတ်မှတ်ထားတဲ့နေရာက လွဲလို့ဘယ်နေရာမှမရပ်ဘူး။ ဘာ လို့လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံတကာအတိုင်းလုပ်မှာဆိုတော့ တကယ့်ကို မြင်သာထင်သာဖြစ် အောင်လုပ်ပြီးပြောထားတဲ့အတိုင်း ဖြစ် အောင်လုပ်မှာဖြစ်ပါတယ်။

ယာဉ်အစီးရေ ဘယ်လောက်နဲ့ စတင်ပြေးဆွဲမှာလည်းဆိုတာသိချင် ပါတယ်။
အခုဆိပ်ကမ်းမှာရောက်နေတဲ့ ကားက ၁၅ စီး၊ မကြာခင်မှာ ရောက်မှာက ၂၂ စီးဆိုရင် ဒီလ ထဲမှာ ၄၅ စီးနဲ့ပြေးဆွဲမယ်။ ပထမ ဆုံးကတော့ လမ်းကြောင်း(၁)နဲ့ သွားမယ်။ နောက်မကြာခင်မှာ လမ်းကြောင်း (၂)ပေါ့။ ဒီနှစ်ခုလုံး ကို ပြေးဆွဲမှာဖြစ်ပါတယ်။ ဒီကနေ့ ကစပြီး ကားအစီးအရေ ၁၈ စီး နဲ့စတင်ပြေးဆွဲမှာပါ။

လမ်းစနစ်နဲ့ အဆင်ပြေပါ့မလား ခင်ဗျ။ ယာဉ်ကြောပိတ်ဆို့မှုက BRT Lite ယာဉ်လိုင်းတွေအပေါ် ထိ ခိုက်နိုင်မှုရှိလား။
လမ်းစနစ်နဲ့ပတ်သက်ပြီး ပထမအစပိုင်းကတော့ ခက်ဦးမှာ ပါ။ စပြေးပြီဆိုကတည်းက ခရီး သွားပြည်သူ သယ်ယူပို့ဆောင်ရေး နဲ့ပတ်သက်ပြီး ဘတ်စ်ကားတွေ အားလုံးက လမ်းရဲ့ညာဘက်ယာဉ် ကြောကို ဝင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကားအပါအဝင်ပေါ့။အစပိုင်းမှာတော့ ပိတ်တာတို့ ဘာတို့ဖြစ်ဦးမှာ။ ရှစ်မိုင်လမ်း ဆုံခုံးကျော်တံတားကလည်း မပြီး သေးဘူးဆိုတော့။ နောင်ကိုတော့ ဒီတံတားတွေပြီးသွားရင် အဆင် ပြေမယ်လို့ မျှော်လင့်ပါတယ်။ဒီလုပ်ငန်းကြီးတွင်ကျယ်လာမယ် ဆိုရင် ကိုယ်ပိုင်ကားရှိတဲ့သူတော် တော်များများက ဆရာတို့ကား ကမြန်လည်းမြန်တယ်။ လုံခြုံမှု လည်းရှိတယ်ဆိုရင် သူတို့ကားတွေ မစီးဘဲ ဒီကားတွေကိုစီးလာမှာ ပါ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ သွားတာပါ။ ဒီအတွက် ကျွန်တော် တို့ကတော့ စံပြဖြစ်အောင်ကြိုး စားသွားမှာပါ။ လက်ရှိ ဘတ်စ် ကားစနစ်ကို ပြင်ချင်တဲ့အတွက် ပထမခြေလှမ်းပါ။

ယာဉ်တွေပေါ်မှာ CCTV တွေတပ် မယ်ဆိုတဲ့ အစီအစဉ်ကရောခင်ဗျ။
စီစဉ်ပြီးသားပါ။ ကားတစ်စီး ကို CCTV ကင်မရာ လေးခုပါ ပါတယ်။ ရန်ကုန်မြို့ရဲ့ အဆင်မြင့် မီးပွိုင့်တွေလုပ်တဲ့အခါမှာလည်း CCTV ကင်မရာတွေကို လမ်း ကြောင်းနှစ်ခုကို စပြီးတပ်မှာဖြစ်ပါ တယ်။ စလည်းစနေပါပြီ။

BRT Ticketting သုံးစွဲမှုစနစ် ကိုလည်း သိချင်ပါတယ်။
ကတ်က ကျပ် ၁ဝဝဝ၊ ၂ဝဝဝ၊ ၃ဝဝဝ ဆိုပြီးတော့ ရှိပါတယ်။တစ်ခါစီးရင် ကျပ် ၃ဝဝ ပါ။ ငွေ ဖြည့်တာလည်း မှတ်တိုင်တိုင်းမှာ ဖြည့်လို့ရအောင်လုပ်ထားပါတယ်။ပထမအဆင့်ကတော့ ပညာပေး တဲ့သူရှိပြီးသားပါ။ ယာဉ်စီးခွင့် ကတ်ကို ဝယ်ချင်လည်းရတယ်။ရှိပြီးသားဆိုရင်လည်း သက်တမ်း တိုးပေးဆိုရင်လည်း သက်တမ်း တိုးပေးမှာဖြစ်ပါတယ်။

ပြေးဆွဲမယ့်လမ်းကြောင်းတွေကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
အခုပြေးမှာက ပြည်လမ်း ပေါ်မှာပြေးမှာပါ။ကမ္ဘာအေးဘုရား လမ်းကအပြန်မှာ ပါပါတယ်။အသွားကို ကမ္ဘာအေးဘုရားလမ်း ကြောင်းက လမ်းကြောင်း(၂)ပါ။ခုက လမ်းကြောင်း (၁)ပါ။ ပြည် လမ်းအတိုင်းသွားမယ်။ ဗိုလ်ချုပ် အောင်ဆန်းလမ်းရောက်တာနဲ့ တောင်ဘက်ကိုသွားပြီး ကမ္ဘာ အေးဘုရားလမ်းပေါ်တက်မယ်။