images
UN
UN
နိုင်ငံဦးဆောင်မည့်သမ္မတသည် စိတ်ရင်းသဘောထားမှန်ကန်ပြီး ရိုးသားဖြောင့်မတ်ရမည်ဟု ရှမ်း(မြောက်)အမတ်ဆို
ကိုကိုလွင် Monday, 08 February 2016
ပြည်ထောင်စုလွှတ်တော်မှသတ် မှတ်ခဲ့သည့်နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ရန် မတ် ၁၇ရက်တွင် စတင်ဆွေးနွေး စုဖွဲ့ကြမည့် လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့သုံးခုတို့မှ ရွေးချယ် တင်မြှောက်မည့်ဒုတိယသမ္မတများ ကိုအခြေခံကာ ဖြစ်ပေါ်လာမည့် နိုင်ငံကိုဦးဆောင်မည့် သမ္မတသည် စိတ်ရင်းမှန်ကန်ပြီး ရိုးသားဖြောင့် မတ်သူဖြစ်ရမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းသီဟကျော်က ပြော ကြားသည်။
ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကပြည်ထောင်စုလွှတ်တော် ၌ ပါဝင်ခဲ့သည့် နိုင်ငံတော်သမ္မတ နှင့်ဒုတိယသမ္မတများ ရွေးချယ်နိုင် ရေးအတွက် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကိစ္စနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များ ကို ဦးစိုင်းသီဟကျော်ကပြန်လည် ဖြေကြားခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ဒုတိယသမ္မတဖြစ်နိုင်ခြေရှိ တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုတော့အစုအဖွဲ့တွေကနေပြီးတော့ ရွေးချယ်တင်မြှောက်မှာပေါ့နော်။ တင်မြှောက်လာတဲ့ ဒုသမ္မတတွေ အပေါ်မှာ ဘယ်သူလဲဆိုတာကို ကျွန်တော်တို့ အရင်ဆုံးသိဖို့ လိုပါ တယ်။ သိပြီးမှပဲ သူ့ရဲ့ကိုယ်ရေး မှတ်တမ်းတွေကိုကြည့်ပြီး မဲထည့် သင့် မထည့်သင့် ကျွန်တော်တို့ စဉ်းစားရမှာပါ။ အဓိကစဉ်းစားရ မှာက နိုင်ငံကိုဦးဆောင်မယ့်သူ တွေက စိတ်ရင်းသဘောထားမှန် ကန်ရမယ်။ ရိုးသားဖြောင့်မတ်တဲ့ သူဖြစ်ရပါမယ်။ သတ်မှတ်ထားတဲ့ အရည်အချင်း ဖြစ်နိုင်မယ်ဆိုရင် တော့ နိုင်ငံကိုခေါင်းဆောင်နိုင်မယ့် အရည်အချင်း အမှန်တကယ်စိတ် ကောင်းစေတနာရှိတဲ့၊နိုင်ငံကိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင် မယ့် အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုပဲ အဓိက မျှော်လင့်ပါတယ်''ဟုဖြေကြားရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ရွေးချယ်အမည် စာရင်းပေး တင်သွင်းမည့်ရက် အတွက် ရက်ကွာဟမှုအပေါ်တွင် လည်း သတင်းမီဒီယာများ၏ မေးမြန်းမှုများကိုဦးစိုင်းသီဟကျော် မှ ၄င်း၏အမြင်သဘောထားအား ရှင်းလင်းပြောကြားခဲ့သည်။
''ရက်တွေကတော့ ကွာတယ် လို့ ပြောလို့တော့ရတာပေါ့။ လွှတ် တော်အနေနဲ့ ကြိုတင်ပြင်ဆင်နိုင် အောင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ သမ္မတ၊ဒုသမ္မတအမည်စာရင်း တင်သွင်းနိုင်ဖို့ရက်ကို ခွာပြီးတော့ သတ်မှတ်တယ်လို့လည်းအကောင်း တွေးနိုင်ပါတယ်။ အဲ့ဒီလိုသတ် မှတ်ပြီးပြီဆိုရင် အစုအဖွဲ့တွေက ဒုတိယသမ္မတလောင်းတင်သွင်းဖို့ ဆောင်ရွက်ပြီးတော့မှ တစ်ရက်ပဲ နားပြီးတော့မှ ချက်ချင်းဆောင်ရွက် ပေးဖို့ ဥပဒေ၊နည်းဥပဒေတွေထဲမှာ လည်း ပါရှိပါတယ်။ အစုအဖွဲ့ အစည်းအဝေးတွေကတော့ သတ် မှတ်တဲ့ရက်မှာပဲ စပြီးဆောင်ရွက် ရမှာဖြစ်ပါတယ်။ ရက်ကွာတာက တော့ ညှိနှိုင်းတယ်လို့ပဲ ထင်ပါ တယ်။ အခုချိန်အထိကတော့ ရေ ရာတဲ့ သတင်းအချက်အလက် မရ သေးဘူးလေ။ ဒုတိယသမ္မတနာမည် စာရင်းထွက်ပြီဆိုတာနဲ့ သမ္မတ ဘယ်သူဖြစ်မယ်ဆိုတာ ထွက်လာ ပြီလို့ပဲ ပြောလို့ရတာပေါ့နော်။ ဒါကြောင့်မို့လို့သမ္မတဘယ်သူလုပ် မှာလဲ၊ဒုသမ္မတဘယ်သူလုပ်မှာလဲ ဆိုတာက အဲ့ဒီရက်မှာပဲ သိရမှာမို့လို့ ရက်သတ်မှတ်ထားတာက လိုအပ် လို့သတ်မှတ်ထားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်''ဟု ဆက်လက် ရှင်းလင်း ဖြေကြားခဲ့သည်။