images
UN
UN
ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်းအဝေးပထမနေ့မှလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားအမြင်များ
Monday, 08 February 2016
ဦးဇော်အေးမောင် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်

ဥက္ကဋ္ဌဦးတင်မောင်ထွန်းတစ်ဦးတည်း အဆိုပြုခံရတဲ့အတွက် ယှဉ်ပြိုင်တဲ့သူမရှိ တော့ မဲပေးစရာမလိုဘူးပေါ့။ ဒုတိယ ဥက္ကဋ္ဌကိုလင်းနိုင်မြင့်လည်းတစ်ဦးတည်း အဆိုပြုခံရတဲ့အတွက် ယှဉ်ပြိုင်စရာမရှိ ဘူးပေါ့။ ဒုတိယအကြိမ် လွှတ်တော်က တော့ အားလုံးဒီမိုကရက်တစ်အုပ်စုတွေ ပဲလေ။ မြန်မာနိုင်ငံအပြောင်းအလဲတစ်ခု တော့ဖြစ်လာမှာပဲလေ။ ဒီမိုကရေစီလမ်း ကြောင်းပိုပြီးရောက်လာလိမ့်မယ်။ ပြည်သူ နဲ့ တစ်သားတည်းဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီလွှတ်တော်က ပါလီမန်စနစ်ပဲလေ။ နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်ကိုရွေးချယ်ပြီး ဒီကအတည် ပြုပေးရမယ်။ လွှတ်တော်မှာတော့ ပထမ ဆုံးလုပ်ရမှာက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ဘတ်ဂျက်ကို အတည်မပြု ရသေးဘူး။ ဒီလွှတ်တော်က အတည်ပြုရ မယ်။ အတည်ပြုပြီးရင် လာမယ့်မတ်လ ကုန် ဧပြီကစပြီးတော့ သာမန်အသုံး စရိတ်ပဲ သုံးရမယ်။ ငွေလုံးငွေရင်းအသုံး စရိတ်သုံးလို့ မရဘူးဖြစ်နေတယ်။ အဲ့ဒါ ကြောင့် အမြန်ဆုံးအတည်ပြုဖို့လိုတယ်။


ဗိုလ်မှူးကြီးတင်အောင်ထွန်း တပ်မတော်သားကိုယ်စားလှယ်

ကျွန်တော်တို့ကတော့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ အတွက်ကြောင့် ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားဖို့ ရှိပါ တယ်။ တိုင်းဒေသကြီးဝန်ကြီးရဲ့ မူ အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေက အဓိကနိုင်ငံတော်အတွက်လုပ် နေတာဆိုတော့ ကောင်းမယ့်ဟာတွေကို မူချတဲ့ပေါ်မူတည်ပြီး အကောင်းဆုံးဖြစ် အောင်လုပ်သွားမှာပါ။ အရင်ကလည်း ပြည်သူတွေ ရွေးချယ်တာပဲ။ အခုလည်း ပြည်သူတွေ ရွေးချယ်တာပဲ။ အခက်အခဲ ကတော့မရှိပါဘူး။ ပူးပေါင်းပြီး ဆောင် ရွက်သွားမှာဖြစ်ပါတယ်။

ဗိုလ်မှူးကျော်ဇင်ဦး တပ်မတော်သားကိုယ်စားလှယ်

အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ ဖြစ်မှာ ကျွန်တော့်အနေနဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ အတွက်ကြောင့် ဒို့တာဝန်အရေးသုံးပါး နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာ ကွယ်စောင့်ရှောက်ရမယ်။ အဓိကပါဝင် ဆောင်ရွက်တာပါ။ လွှတ်တော်မှာ ကတိ သစ္စာပြုထားတဲ့အတိုင်းပဲ အကုန်လုံး ဆောင်ရွက်ကြရမှာပါ။ တပ်မတော်ဆို တာလည်း ပြည်သူလူထုအတွက်ပဲလေ။ လွှတ်တော်ဆိုတာလည်းပြည်သူ့ကိုယ်စား ပြုပဲလေ။ ၂၅ရာခိုင်နှုန်းဆိုတာ လိုအပ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းရေးဆွဲ ထားတာဖြစ်တယ်။ ဘယ်သူက ဘာပဲ ပြောပြော ကျွန်တော်တို့ သွားရမယ့်လမ်း ကြောင်းအတိုင်းပဲ ကျွန်တော်တို့သစ္စာဆို ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ဆောင် ရွက်ရမှာဖြစ်ပါတယ်။


ဦးညီညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်စတက်တာက ပြည်သူ တွေရဲ့အကျိုးကိုဆောင်ရွက်နိုင်မယ့် ခြေ လှမ်းတစ်လှမ်းဖြစ်တဲ့အတွက်ကြောင့် ဒီ ရက်ကတော့ ကျွန်တော်တို့အတွက် အင် မတန်မှ အရေးကြီးတဲ့ရက်တစ်ရက်လို့ဆို ရင်လည်းမမှားပါဘူး။ တတ်နိုင်သလောက် ကြိုးစားတယ်။ ပြင်ဆင်တယ်။ အရမ်း ကြီးအခက်အခဲတော့ မတွေ့ရပါဘူး။