images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ၅၉(စ)ကိုအခုသတ်မှတ်ထားတာတွေ အပြင် ထပ်ပြီးတော့တောင်တိုးချင်သေးတယ်။ ဖျက်ဖို့လည်း သဘောမတူဘူး။ ဆိုင်းငံ့ဖို့လည်း သဘောမတူဘူး
ယူဒီနေ Wednesday, 10 February 2016
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(စ)နှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင် ဝိုင်းကြည်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက် ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(စ) နဲ့ပတ်သက်ပြီး ပြင်ဆင်မယ် သို့မဟုတ် ဆိုင်းငံ့မယ်ဆိုတာတွေကို ကြားသိနေရပါတယ်။ ဒီအပေါ်မှာ အန်တီအနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၅၉ (စ)ကို အခုသတ် မှတ်ထားတာတွေအပြင်ထပ်ပြီးတော့တောင် တိုးချင်သေး တယ်။ ဖျက်ဖို့လည်း သဘောမတူ ဘူး။ ဆိုင်းငံ့ဖို့လည်း သဘောမတူ ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ရေရှည်ကိုကြည့် ပြီးတော့ တစ်မျိုးသားလုံးအတွက် တိုင်းပြည်နဲ့လူမျိုးအားလုံးအတွက် ဆွဲထားတဲ့ဥပဒေတွေ။ တစ်ယောက် တည်းအတွက် ပြင်စရာမလိုဘူး။ တစ်ယောက်တည်းအတွက် ဆွဲစရာ မလိုဘူး။တစ်ယောက်တည်းအတွက် ဆိုင်းငံ့စရာမလိုဘူး။ မိမိတိုင်းပြည် ကိုသစ္စာရှိလို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ပါဥပဒေတွေကို လိုက်နာတတ်ရင် လုပ်ချင်တယ်ဆိုရင်တောင် အခန်း ၁၂ ရှိတယ်လေ။ ဒါကို အပြင်က နေပြီးတော့ လိုသလို ပြင်လို့လည်း မရဘူး။ ဆိုင်းငံ့လို့လည်း မရဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(စ) က ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော် တို့တိုင်းရင်းသားလူမျိုးတွေအတွက် ဘယ်လိုမျိုးလိုအပ်ပါသလဲ။
၅၉(စ)လုံးနဲ့ ပတ်သက်ပြီး ကိုယ့်ရပ်တည်ချက်ကိုပြောရရင် လုံးဝနိုင်ငံတော်အတွက် လိုအပ် တယ်။ အခုလက်ရှိအခြေအနေအရ ပိုကိုလိုအပ်တယ်။ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေအကြောင်းကြောင်း တွေကြောင့် ၅၉(စ)က ရှိကိုရှိရ မယ်။ တည်ကို တည်မြဲရမယ်။ နိုင်ငံရေး၊ လူမှုရေးတွေ ဖြစ်နေတဲ့ အချိန်မှာ ၅၉(စ)ကို ပြင်လို့ကိုမရ ဘူး။ ၅၉(စ)ရှိနေတာကို သဘော တူတယ်။ ဆိုင်းငံ့မှာကို သဘော မတူဘူး။

အကယ်၍ ၅၉(စ)ကို ဆိုင်းငံ့မယ် သို့မဟုတ် ပြင်ဆင်မယ်ဆိုရင် ဘာ တွေဆက်ဖြစ်လာနိုင်မလဲ။
ပြင်လို့ရှိရင် အဲ့ဒီအထဲမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားရှိမယ်။ တိုင်းရင်းသားရှိမယ်။ ပဒေသရာဇ် ခေတ်ကလို သူတို့ဘာသာသူတို့ သတ်ကြဖြတ်ကြ၊ ထီးနန်းလုကြပြီး တက်လာတာ။ ဒါကို ပြည်သူက လက်ပိုက်ကြည့်နေရတာ။ အခုက ကိုယ်ရွေးတင်တဲ့ သမ္မတ၊ ဥက္ကဋ္ဌ ကနေ ဇွတ်အတင်းလုပ်မယ်ဆိုရင် ဒီအဖွဲ့အစည်း၊ ဒီလူသည် ပြည်သူ လူထုဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ သမ္မတဖြစ်ရေးဆိုတာကို ဦးတည်နေတာ ထင်ရှားတယ်။ ဇွတ်အတင်းပြင်ရင်၊ ဆိုင်းငံ့ရင် မျှော်မှန်းလို့မရတဲ့ ပဋိပက္ခတွေဖြစ် လာနိုင်တယ်။ ကြိုက်တဲ့သူရှိမယ်။ မကြိုက်တဲ့သူရှိမယ်။ ကြိုက်တဲ့သူ က ဒါကိုဆိုင်းငံ့ပေးပါလို့ တောင်း ဆိုမယ်။ မကြိုက်တဲ့သူကလည်း ကန့်ကွက်တယ်ဆိုပြီး လုပ်မယ်။ နောက်ဆုံး ထိပ်တိုက်လမ်းပေါ်ကို ထွက်လာပြီဆိုရင် နိုင်ငံက မတည် မငြိမ်ဖြစ်မယ်။ မတည်မငြိမ်ဖြစ်ရင် မရှိဆင်းရဲသားတွေ ဒုက္ခရောက် မယ်။ အနိမ့်ဆုံးဖြစ်နေတဲ့သူတွေ ကို ဖွတ်သထက်ညက်အောင်လုပ် ချင်ရင် ဒီပြဿနာကြီးကိုဖန်တီး။ ဖြစ်လာမှာပဲ။

လက်ရှိနိုင်ငံရေးအခြေအနေအပေါ် မှာ ဘာများမှတ်ချက်ပြုလိုပါသလဲ။
ပါတီစုံဒီမိုကရေစီစနစ်ကိုသွား တာ။ အခုကျတော့ နိုင်သူအကုန် ယူကြောင့် ဒီဟာတွေ ဖြစ်လာတာ လေ။ အရင်တုန်းက အချိုးကျကိုယ် စားပြုစနစ်ကို တင်ခဲ့သေးတယ်။ အခုတော့ သူတို့ဖြူတယ်ဆိုရင် ကျန်တဲ့အမတ်တွေ အကုန်ဖြူရမှာ ပဲ။ သူတို့မည်းရင် ကျန်တဲ့အမတ် တွေ အကုန်မည်းရမှာပဲ။