images
UN
UN
စိတ်ဖိစီးမှုတွေ ပြေပျောက်စေ
ပေါက်ပေါက် Saturday, 27 February 2016
ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅ဝခန့် စိတ်ရောဂါဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၁ဝဝဝ လျှင် ၅၇ဦးစိတ်ရောဂါဖြစ်ပွားလျက်ရှိကြောင်း၊ စိတ်ရောဂါနှင့်ပတ်သက်၍ စိတ်ကစဥ့် ကလျားရောဂါ၊ စိတ်ကျ၊စိတ်ကြွရောဂါ အများဆုံးဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး တွင် ၂ဝ၁၄ ခုနှစ်က ပြင်ပလူနာ ၁၁၄၂၁ ဦးနှင့် အတွင်းလူနာ ၁၃ဝဝခန့်ဖြင့် ကုသ ခဲ့ကြောင်း၊ယခု ၂ဝ၁၆ ခု နှစ်ဦးပိုင်းအထိ မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များ စိတ် ကျရောဂါဖြစ်ပွားမှုဟာ သက်ကြီးပိုင်း အရွယ်များထက် သုံးဆခန့်မြင့်တက်နေ ကြောင်း၊ အသက်အပိုင်းအခြားအရ အသက် (၁၈)နှစ်ကနေ (၂၉) နှစ်အတွင်း မှာ အသက်(၆ဝ)အထက် လူနဲ့စာရင် သုံးဆလောက်ပိုများကြောင်း၊ အမျိုးသား များထက် အမျိုးသမီးတွေက သုံးဆ လောက်ပိုဖြစ်ကြောင်း ဆေးရုံမှတ်တမ်း များအရ သိရပါတယ်။
လူငယ်တွေမှာ စိတ်ကျရောဂါဖြစ် နှုန်းပိုများနေခြင်းမှာ နေထိုင်မှုပုံစံများနဲ့ ဆက်စပ်နေပါတယ်။ ရုန်းကန်လှုပ်ရှားမှု တွေများလာလေလေ စိတ်ဖိစီးမှုတွေပို များလာပြီး ယင်းစိတ်ဖိစီးမှုတွေကို ပြေ ပျောက်အောင် ကြိုးစားမှုပိုင်းမှာ လိုအပ် ချက်တွေရှိလာတာနဲ့အမျှ ပိုပြီးတော့စိတ် ခံစားရပြီး နောက်ဆုံးမှာ စိတ်ကျရောဂါ ဖြစ်လာရပါတယ်။သို့ပါ၍ စိတ်ဖိစီးမှုများ ပြေပျောက်စေဖို့အတွက် အောက်ပါ နည်း လမ်းကောင်းလေးများဖြင့် အကြုံပြုလိုက် ရပါတယ်။
(၁) မိမိနှစ်သက်တဲ့ သီချင်းဖွင့်ပြီး အဆိုတော်တစ်ယောက်လိုဟန်ပါပါဆိုပစ် လိုက်ပါ။ (မြူးထူးတက်ကြွသော တီးလုံး တေးသွားများကိုရွေးချယ်တတ်ပါစေ။)
(၂) ဖြည်းဖြည်းမှန်မှန်လမ်းလျှောက် ပါ သို့မဟုတ် လမ်းလျှောက်ရင်း ဘုရား စာဆိုပါ။ (မျက်စိအေးနားအေးစေသော သစ်ပင်ပန်းပင်စုံလင်တဲ့နေရာဆို ပိုအဆင် ပြေပါလိမ့်မယ်။)
(၃) မိမိခင်မင်ရဆုံးသူကို ယခုခံစား နေရတဲ့ စိတ်ဖိစီးမှုအကြောင်း ရင်ဖွင့်ပြော ပြပါ။ (သို့သော် သင်မျှဝေပြောပြလိုက် သောသူဟာ သင်တကယ်ယုံကြည်ရ သောသူနှင့် သင့်ကိုနားလည်ပေးနိုင်သော သူဖြစ်ရန် အရေးကြီးပါတယ်။)
(၄) မျက်စိမှိတ် ခေါင်းမော့ပြီးတော့ သဘာဝလေကို တဝကြီးရှူရှိုက်ပေးပါ။ (အားလပ်ချိန် ၅ မိနစ်ခန့် အချိန်ယူ၍ အသက်ရှူခြင်းအပေါ် အာရုံစိုက်ထားပါ။ ခန္ဓာကိုယ်ကို တည့်မတ်စွာထိုင်၍ မျက်စိ မှိတ်ထားပြီး လက်ကိုဝမ်းဗိုက်နားမှာ ထားပါ။ နှာခေါင်းပေါက်မှ လေကိုဖြေး ညှင်းစွာရှူသွင်း၍ ဝမ်းဗိုက်နှင့်ဦးခေါင်း မှဖြတ်ကာ ပါးစပ်မှတစ်ဆင့်ရှူထုတ်ပါ။ ယခုအားရပါးရရှူသွင်းလိုက်တဲ့လေတွေ ဦးနှောက်ထဲရောက်သွားပြီလို့ သဘော ထားလိုက်ပါ။)

(၅) စောစောအိပ်ရာဝင်ပါ။ (အိပ် စက်အနားယူခြင်းဟာ စိတ်ဖိစီးမှု လျှော့ ချရာတွင် အရေးပါဆုံးသော သဘာဝ အားဆေးတစ်ခွက်ပဲဖြစ်ပါတယ်။ထို့အတူ အလွန်အကျွံအိပ်စက်ပါကလည်း နှေး ကွေးလေးလံစေပြီး ညှိုးငယ်ထိုင်းမှိုင်းစေ ပါတယ်။ ဒါကြောင့် အိပ်မောကျစေမည့် အချိန်ကို ဦးနှောက်အားအချက်ပေးစေရန် အတွက် အချိန်မှန်အိပ်ရာဝင်နိုင်အောင် ပြုလုပ်ခြင်း၊ အိပ်စက်အနားမယူမီ သုံး နာရီအတွင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း သို့မဟုတ် ရေနွေးဖြင့် ရေချိုးခြင်းတို့ကို ပြုလုပ်ပါ။ အိပ်မပျော် သေးသော်လည်း ဘာမျှမတွေးဘဲ လဲ လျောင်းအနားယူပါ။)
(၆) မိမိစိတ်ကိုထိန်းချုပ်ပြီးလုပ်စရာ ရှိတဲ့ အလုပ်ကိစ္စတွေပေါ်မှာ အလေး အနက်ထား အာရုံစူးစိုက်ပါ။
(၇) အတိတ်က သာယာပျော်ရွှင် ဖွယ်ကောင်းတဲ့ အကြောင်းအရာလေး တွေကိုပြန်လည်တွေးတော ပီတိဖြစ်ပေး ပါ။
(၈) ချစ်ခင်ရသူ သို့မဟုတ် ကလေး ငယ် သို့မဟုတ် ကြောင်လေး၊ ခွေးလေး တွေကို ယုယစွာဖက်ထွေးပါ။
(၉) ယခုခံစားနေရတဲ့ စိတ်ဖိစီးမှု တွေကလည်း ဘဝရဲ့တိုက်ပွဲလေးတွေ ပါပဲ။ (အဆိုးထဲက အကောင်းဆိုသလို တွေးပြီး ယခု စိတ်ဖိစီးမှုအတွေ့အကြုံ မျိုးကို နမူနာအဖြစ်မှတ်ယူ၍ ရင်ဆိုင် ကျော်ဖြတ်ပါ။)
(၁ဝ) မှန်ကြည့်ပြီး မိမိကိုယ်ကို လှလှလေးပြုံးပြပါ။ (လူသားတို့၏ ဦး နှောက်ဟာ စိတ်ခံစားမှုများ၊ မျက်နှာ သွင်ပြင်အမူအရာများနှင့် ချိတ်ဆက် ဆက်နွှယ်နေကြပါတယ်။ ဒါကြောင့် အပြုံးဖြင့်ရယ်မောခြင်းဟာ စိတ်ပင်ပန်းမှု အချို့ကို လျော့ပါးသက်သာစေပါတယ်။)
(၁၁) တရားမှတ်ပါ သို့မဟုတ် ယောဂကျင့်ပါ။ (သုတေသနပြုလုပ်ချက် များအရ တစ်နေ့လျှင် မိနစ်အနည်းငယ် ဖြင့် နေ့စဉ်တရားထိုင်ခြင်းဟာ ဦးနှောက် အာရုံကြောလမ်းကြောင်းကို နိုးကြားစေ ပြီး စိတ်ဖိစီးမှုများကို လျင်လျင်မြန်မြန် တွန်းလှန်နိုင်စေပါတယ်တဲ့။)
(၁၂) အင်တာနက်နှင့် ဟန်းဖုန်း အသုံးပြုခြင်းကိုကန့်သတ်ထားပါ။(ယနေ့ ကမ္ဘာမှာ အင်တာနက်နှင့်ဟန်းဖုန်းအသုံး ပြုခြင်းကို လျှော့ချခြင်းဟာ စိတ်ဖိစီးမှု လျော့ကျခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေ ပါတယ်။ အိပ်ရာမဝင်မီ အီလက်ထရွန် နစ်ပစ္စည်းများအသုံးပြုခြင်းကိုဖြတ်တောက် ခြင်းကလည်း အိပ်ရေးဝဝ အိပ်စက်နိုင် တော့မှာဖြစ်ပါတယ်။)