images
UN
UN
ကမ္ဘာလှည့်ခရီးသည်များလိုက်ပါသော အနော်ရထာသင်္ဘောမကွေးတွင်ရပ်နား
မကွေးလှမြင့် Wednesday, 09 March 2016
ကမ္ဘာလှည့်ခရီးသည်များလိုက် ပါလာသောရန်ကုန်-ပုဂံအဆန် ခရီးစဉ်ပြေးဆွဲသော အနော်ရထာ သင်္ဘောသည်ယနေ့နံနက်ကမကွေး မြို့ဆိပ်ကမ်းတွင် ခရီးတစ်ထောက် နားပြီး ခရီးသည်များမှာ မကွေး မြို့ပေါ်သို့ သုံးဘီးဆိုင်ကယ်များ ဖြင့်လှည့်လည်ကြည့်ရှုလေ့လာကြ ကြောင်းအဆိုပါသင်္ဘောမှ တာဝန် ရှိ သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
''ကျွန်တော်တို့သင်္ဘောက ရန်ကုန်ကနေပြီး ပုဂံကိုသွားမယ့် ခရီးပါ။ ဒီသင်္ဘောပေါ်မှာအမေရိ ကန်သား၂ဝနဲ့ဗြိတိန်နိုင်ငံသားနှစ်ဦး လိုက်ပါလာတယ်။ ဓနုဖြူ၊ ပြည်နဲ့ သရက်မြို့များမှာ ခရီးတစ်ထောက် နားခဲ့ပါတယ်။ သရက်မှာသူတို့ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံရဲ့ပထမ ဆုံးဂေါက်ကွင်းရှိတယ်။ အဲဒီမှာဝင် ကြည့်တယ်။ ကျွန်တော်တို့ဆက် ထွက်လာတယ်။ မကွေးရောက် တယ်။ မကွေးမှာတော့ တိုင်းရင်း သားရိုးရာ အထည်ဆိုင်တွေကို ကြည့်မယ်။ နောက်ဗိုလ်ချုပ်ကြေး ရုပ်ဝင်မယ်။ပြီးတော့ မြို့မဈေးကြီး နဲ့ ကန်သာဈေးကိုလေ့လာမယ်။ ပြီးရင် မကွေးမြို့ထဲကို သုံးဘီးဆိုင် ကယ်တွေနဲ့လှည့်မယ်''ဟု ၄င်းက ပြောသည်။ အနော်ရထာသင်္ဘော သည် မွန်းတည့် ၁၂ နာရီတွင် ပုဂံသို့ ဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။