images
UN
UN
အလုပ်ဟူသမျှ ဂုဏ်ရှိစွအတုယူအားကျဂုဏ်ယူဖွယ်ရာ လုပ်ဆောင်နေသူတစ်ဦး
တင်စိုး(ပဲခူး) Thursday, 10 March 2016
စာဖတ်သူအများစု၏တိုက်တွန်းမှုကြောင့် ပဲခူးမြို့တွင် ထူးထူးခြားခြား နေပူမရှောင်မိုးရွာမရှောင် ဘွဲ့ရပညာတတ်လူငယ်အမျိုးသမီးတစ်ဦးဖြစ်လင့်ကစား လူငယ်အမျိုးသားများနှင့်ရင်ပေါင်တန်း၍ မရှက်မကြောက် အပင်ပန်းခံကာ ပဲခူးမြို့ပေါ် (၃၁)ရပ်ကွက်နှင့်ကျေးရွာများအထိ ဆိုင်ကယ်တစ်စီးဖြင့် နေ့စဉ်ထုတ်သတင်းစာများနှင့်အပတ်စဉ်ထုတ်ဂျာနယ်များကို လိုက်၍ပို့ဆောင်ပေးနေသော အမျိုးသမီးတစ်ဦးကို တွေ့ရှိရသဖြင့် စာရေးသူအနေဖြင့် လေးစားဂုဏ်ယူမိသောကြောင့် မေးမြန်း၍ရေးသားလိုက်ရခြင်းဖြစ်သည်။
မနှင်းယုလှိုင်သည် တက္ကသိုလ်အား အဝေးသင်ဖြင့်တက်နေစဉ်အတွင်း စက်ရုံ ၌ အလုပ်ဆင်းခြင်း၊ ထိုမှတစ်ဖန် ဖခင်၏ အပေါင်းအသင်းလုပ်ကိုင်နေသော နဂါးနီ သမဝါယမအသင်းစုတွင် နေ့စားအဖြစ် ဝင်ရောက်လုပ်ကိုင်သည့်အပြင် သင်္ကန်း ချုပ်ခြင်းအလုပ်ကိုလည်း သင်ယူလုပ်ကိုင် ခဲ့သည်။ တက္ကသိုလ်မှဘွဲ့ရရှိပြီးသော အခါ အစိုးရဝန်ထမ်းအလုပ်ကို လုပ် ကိုင်ခြင်းမရှိ၊ သတင်းစာကိုယ်စားလှယ် ယူကာ ကိုယ်တိုင်လိုက်ပို့ခြင်းအလုပ်ကို သမ္မာအာဇီဝကျစွာ ရိုးသားစွာဖြင့် လုပ် ကိုင်နေသူဖြစ်သည်။
ပဲခူးမြို့တွင် သတင်းစာ၊ ဂျာနယ်များ ကို ပို့ဆောင်နေကြသော လူငယ်၊ လူကြီး အတော်များများရှိကြသည်။ သို့သော် လည်း အမျိုးသမီးမဟုတ်ဘဲ အမျိုးသား များသာဖြစ်ကြသည်။ ထူးထူးခြားခြား အမျိုးသမီးဟူ၍ မနှင်းယုလှိုင်တစ်ဦး တည်းသာရှိသည်။ အမျိုးသမီးလူငယ် တစ်ဦးဖြစ်သည့်အပြင် ပညာတတ်ဘွဲ့ရ တစ်ဦးဖြစ်နေသဖြင့် ပိုမို၍ အံ့သြဂုဏ်ယူ လေးစားအားကျမိခဲ့သည်။ မနှင်းယုလှိုင် နှင့်တွေ့ဆုံစဉ် ခွင့်တောင်းကာ အမေး အဖြေပြုလုပ်ခဲ့သည်။

• သမီး ဒီအလုပ်ကို ဘာကြောင့်လုပ် နေရပါသလဲ။

သမီး ဒီအလုပ်ကိုလုပ်ရတာ ကုသိုလ် လည်းရတယ်။ ဝမ်းလည်းဝ၊ ခါး လည်း လှတယ်။ ဗဟုသုတလည်းရ တယ်။ ဒါကြောင့် လုပ်နေတာပါ။ ကုသိုလ်ရတယ်ဆိုတာက လူကြီး၊ လူငယ်၊ကလေး၊အားလုံး သမီးလိုက် ပို့သည့် သတင်းစာ၊ ဂျာနယ်များကို ဝယ်ယူဖတ်ရှုကြသဖြင့် စာပေအသိ ပညာတွေရရှိကြသောကြောင့် အသိ ပညာများဖြန့်ဝေပေးသည့် ကုသိုလ် ရရှိခြင်းဖြစ်ပါတယ်။ ဝမ်းလည်းဝ၊ ခါးလည်းလှဆိုတာကတော့ သတင်း စာ၊ဂျာနယ်ရောင်းခြင်းဖြင့် ဝင်ငွေရရှိ သောကြောင့် မိသားစုစားဝတ်နေရေး ကိုဖြေရှင်းပေးနိုင်တယ်။ မိမိကိုယ် တိုင်လည်း တင့်တောင့်တင့်တယ် လှလှပပ သန့်သန့်ရှင်းရှင်း ဝတ်စား နိုင်တယ်။ ဒါကြောင့် ဝမ်းလည်းဝ၊ ခါးလည်းလှတယ်လို့ ဆိုလိုတာပါ။ ဗဟုသုတ ရရှိတယ်ဆိုတာကတော့ ပဲခူးမြို့ပေါ်အနှံ့သွားနေရတော့ လူမှု ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ လူမှု စီးပွားရေးကိစ္စရပ်များနှင့် အခြား အကြောင်းအရာများကို သိရှိရသဖြင့် ဗဟုသုတရရှိတယ်လို့ ဆိုလိုခြင်းဖြစ် ပါတယ်။

• အခြားအလုပ်ကိုပြောင်းလုပ်ဖို့ အစီ အစဉ် ရှိ/မရှိ(ဥပမာ-အစိုးရဝန်ထမ်း အလုပ်ပေါ့)။
အဖေနဲ့အမေကတော့သမီးကို အစိုးရ ဝန်ထမ်းဖြစ်စေချင်ကြတယ်။ဒါပေမဲ့ အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်ဖို့ အလုပ်ရရှိဖို့ကမလွယ်ဘူးလေ။ ယခု သတင်းစာနဲ့ဂျာနယ်များကို ကိုယ်စား လှယ်ယူပြီး ကိုယ်တိုင်ပို့ဆောင်နေ တာ အဆင်ပြေပါတယ်။ပင်ပန်းတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ စိတ်ချမ်း သာမှုရှိတယ်။ တစ်လကို သုံးသိန်း၊ လေးသိန်းလောက်ရရှိတယ်။သတင်း စာလိုက်ပို့ပြီး အိမ်ပြန်ရောက်လို့ အား တဲ့အချိန်မှာ သင်္ကန်းချုပ်တယ်။သမ္မာ အာဇီဝကျပြီး ရိုးရိုးသားသားလုပ် ကိုင်စားသောက်နေရတာ စိတ်ပျော် ရွှင်တယ်။

• ယခု ဘယ်သတင်းစာတွေ ကိုယ်စား လှယ်ယူပြီး ဖြန့်ဖြူးပို့ဆောင်ပေးနေ လဲ။
မြဝတီ၊ ပြည်ထောင်စု၊ ကြေးမုံနေ့စဉ် ထုတ်သတင်းစာများ ကိုယ်စားလှယ် ယူပြီးဖြန့်ဖြူးပေးနေပါတယ်။ဒီ့အပြင် အပတ်စဉ်ထုတ်ဂျာနယ်မျိုးစုံကိုလည်း ဖြန့်ဖြူးပို့ဆောင်ပေးနေပါတယ်။

• သမီးအနေနဲ့ ခေတ်လူငယ်တွေကို ဘာများပြောချင်ပါသလဲ။
အဓိက က ခေတ်လူငယ်တွေချည်းပဲ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာ ရင် အရွယ်ရောက်လာတဲ့အခါမှာ မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင်တစ်ခုခုတော့ လုပ်ကြ ရမှာဖြစ်ပါတယ်။ တချို့ရှေးဘဝ ကုသိုလ် ရေစက်ကောင်းကြတော့ မိဘအသိုင်းအဝိုင်းက ချမ်းသာ ပြည့်စုံသဖြင့် အလုပ်မလုပ်ဘဲနေလို့