images
UN
UN
နိုင်ငံတကာနှင့်ယှဉ်ရင် ပြည်တွင်းသြဂဲနစ်ဈေးကွက်က အရမ်းကွာဟနေသေးတယ်
P.T.K Saturday, 19 March 2016
ပြည်တွင်း၌ သြဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများနှင့် ဈေးကွက်အခြေအနေ များအား Ipho Natural Mart မှ မခိုင်စပ္ပါယ်လင်းနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

• လက်ရှိဖြစ်ပေါ်နေတဲ့ သြဂဲနစ်သီးနှံတွေရဲ့ ဈေးကွက်အခြေအနေကိုသိပါရစေ။
မြန်မာနိုင်ငံမှာက သိပ်တော့ ဖွံ့ဖြိုးမှုမရှိသေးဘူး။ စားသုံးသူတွေက စား တော့စားချင်တယ်၊ တကယ်ယုံကြည် စိတ်ချရတဲ့ဈေးကွက်ကို လိုချင်နေတာ ပေါ့၊ စိုက်တဲ့သူကလည်း စိုက်တယ်။ တချို့ဆို သြဂဲနစ်မဟုတ်ဘဲ တခြားဓာတု ဆေးထည့်ပြီး စိုက်တာမျိုး၊ မစိုက်ဘူးဆို ပြီး နေတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့က ဈေးကွက်ပေါ်ရောက်မလာဘူး။ သူတို့ ဈေးကွက်ပေါ် ရောက်မလာတဲ့ အတွက် သြဂဲနစ်ဈေးကွက်က ဖွံ့ဖြိုးမှု မဖြစ်ဘဲ ခဏခဏမှေးမှိန်သွားတယ်။

• သြဂဲနစ်သီးနှံ မှန်ကန်မှု ရှိမရှိကိုဘယ်လိုများ ဆောင်ရွက်ပါလဲ။
ကျွန်မတို့ကို ပထမဆုံး MFPP က Certificate ထုတ်ပေးတယ်။ အဲဒီစိုက်ခင်းတွေက ယူရောင်းတယ်။ ကျွန်မတို့ အိုင်ဖိုကနေချိတ်ထားတာ ဒဂုံ အင်တာနေရှင်နယ်ရယ်၊ ကနုတ်ဆိုတာ ရယ်၊ ရွှေမြေသစ်ရယ် ရှိတယ်။ သူတို့ တွေကို MFPP ကနေ Certificate ထုတ်ပေးထားတယ်။ ပေးထားတဲ့ခြံတွေ က ပစ္စည်းတွေရောက်လာပြီဆို မြန်မာ့ စိုက်ပျိုးရေး PP မှာ အမြဲတမ်းမဟုတ် ဘူး၊ အခါအားလျော်စွာ သူတို့ကို ကြို မပြောဘဲ စစ်ချင်တဲ့အချိန်မှာ စစ်ချင် သလိုစစ်တယ်။
ဘာကြောင့်လဲဆိုတော့ သြဂဲနစ်က မအောင်မြင်သေးခင်မှာ အမှန်အကန်လုပ် နိုင်တယ်။ ဒီကြားထဲမှာ အခွင့်အရေးယူ နိုင်တဲ့သူ ရှိလာနိုင်တယ်ဆိုပြီး ပြန်စစ် တာပါ။ အခုချိန်ထိ သွားစစ်တဲ့အထဲမှာ ဓာတုဓာတ်ကြွင်း လုံးဝမရှိသေးပါဘူး။ သူတို့ပို့တဲ့ပစ္စည်း စိုက်ထားလား၊ မစိုက် လားဆိုတာကို သွားကြည့်တယ်။ MFPP က တစ်နှစ်တစ်ခါ လက်မှတ်ထုတ်ပေး တယ်။ တစ်နှစ်တစ်ခါသွားစစ်ပေးတယ်။

• ပြည်တွင်းဈေးကွက်မကဘဲ ပြည်ပကိုပါ တင်ပို့ဖို့အခြေအနေရှိလား။
နိုင်ငံတကာနဲ့ယှဉ်ရင် ပြည်တွင်းသြဂဲနစ်ဈေးကွက်က အရမ်းကွာဟ နေသေးတယ်။ ဟိုဘက်ကိုသွားမယ်ဆို စည်းမျဉ်းစည်းကမ်း အရမ်းလိုတယ်လေ။ အဲဒီအတွက်ကို ကြိုးစားနေတုန်းပဲ။ အခုလက်ရှိက ပြည်တွင်းဈေးကွက်ကို ခိုင်မာအောင်လုပ်မယ်။ ပိုလျှံမှ ပြည်ပကို သွားဖို့ပေါ့။ အခုချိန်ထိတောင် ပြည်တွင်း ကို နေရာနှံ့အောင် မဖြန့်နိုင်သေးဘူး။

• ပြည်တွင်းက သြဂဲနစ်သီးနှံစားသုံးမှုအခြေအနေ သိချင်ပါတယ်။
အခုနောက်ပိုင်းမှာတော့ စားသုံးသူသုံးမျိုးရှိတယ်။ နိုင်ငံခြားသားတွေ ကလုံးဝသြဂဲနစ်ပဲစားတယ်။ လူချမ်းသာ တော်တော်များများစားတယ်။ကျန်းမာရေး အမြင်ရှိတဲ့သူကတော့ ပိုပြီး ခုံခုံမင်မင် စားတယ်။ အဲ့ဒီအတွက် ပစ္စည်းတစ်ခုကို သုံးမျိုးသုံးစားခွဲလိုက်တယ်။ အရမ်းကြီး တဲ့ဟာဆို အထက်တန်းလွှာ ကောင်းပေ့ ဆိုတဲ့ လူတွေကိုရောင်းတယ်။ အလယ် အလတ်ကို ဈေးနည်းနည်းလျှော့ရောင်း တယ်။ အသေးဆုံးလေးတွေကို သြဂဲနစ် လည်းစားချင်တယ်၊ ဆီးချိုလည်းရှိတယ် ဆိုတဲ့လူမျိုးကို ဝယ်ရင်းဈေးထက် လျှော့ ရောင်းလိုက်တယ်။

• သြဂဲနစ်စိုက်ပျိုးတဲ့ တောင်သူတွေရဲ့အခက်အခဲက လက်ရှိမှာ ဘာတွေ ဖြစ်နိုင်လဲ။
နံပါတ်(၁) အခက်အခဲက ဈေးကွက်အရမ်းမဖွံ့ဖြိုးသေးတဲ့အတွက် များ များစိုက်လို့မရဘူး။ နည်းနည်းလေးကိုပဲ စိုက်လို့ရတယ်။ တစ်ခါတည်းနဲ့ အများ ကြီး မဖြုန်းနိုင်တဲ့အတွက် သူတို့မှာ အလုပ်နေ့တိုင်းရှိတယ်။ သယ်ယူပို့ဆောင် ရေးရှိတယ်။ နည်းပညာမှာက ဓာတ်မြေ သြဇာပိုင်းက တောင်သူတွေ တော်တော် များများ လိုက်နာနိုင်ပေမယ့် ရောဂါကျ လာရင် ကာကွယ်တဲ့နည်းပညာ အရမ်း လိုတယ်။

• ပြည်သူတွေ သြဂဲနစ်သီးနှံ ပိုမိုစားလာအောင် ဘယ်လိုများဆောင်ရွက်သွားမလဲ။
အသိပညာပေးဖို့ကိုတော့ ကျွန်မတို့နောက်ပိုင်းဟောပြောပွဲလေးတွေ၊ သြဂဲနစ်စကားဝိုင်းလေးတွေ လုပ်ဖို့ရှိ တယ်။ အခုလောလောဆယ်တော့ မလုပ် နိုင်သေးဘူးပေါ့။

• အစ်မအနေနဲ့ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပေးပါ။
သြဂဲနစ်ကတော့ ရေတိုအနေနဲ့ကြည့် ရင်တော့ ပိုက်ဆံကုန်တယ်။ ဒါပေမဲ့ ရေရှည်အနေနဲ့ကတော့ သြဂဲနစ်သီးနှံကို စားမယ်ဆို တစ်ရက်ကို အနည်းဆုံး နှစ် ထောင်သုံးထောင်လောက်ကုန်လို့ ရေတို မှာ ပိုက်ဆံကုန်တယ်လို့ ယူဆရပေမယ့် တစ်ချိန်မှာ ရောဂါဖြစ်မှာကို စဉ်းစားပြီး စားသုံးမယ်ဆို နေ့စဉ်ကုန်တဲ့ဟာကနောင် တစ်ချိန် အပုံလိုက်ကုန်တာနဲ့ ညီမျှတယ် လို့ထင်တယ်။