images
UN
UN
နိုင်ငံတကာကဝင်လာမယ့်လုပ်ငန်းရှင်တွေနဲ့အကျိုးတူပူးပေါင်း ပြည်ပတင်ပို့နိုင်အောင်ထုတ်လုပ်နိုင်ဖို့ကြိုးစားနိုင်မှပြည်တွင်းမှာ ရှိတဲ့ထုတ်လုပ်မှုစွမ်းအား မြင့်တက်လာမှာဖြစ်ပါတယ်
ဝေဝေဖြိုး၊ မျိုးပပစန်း Thursday, 24 March 2016
ပြည်တွင်းပလတ်စတစ်ဈေးကွက်နှင့် ပြည်ပမှကုန်ကြမ်းတင်သွင်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

• လက်ရှိ ပြည်တွင်းပလတ်စတစ်ဈေးကွက်အခြေအနေလေး သိပါရစေရှင့်။
ပြည်တွင်းဈေးကွက်ကတော့ ကျွန် တော်တို့ လုပ်ငန်းရှင်တွေအားလုံး ထိန်း ထားလို့ရတယ်။ လက်ရှိ ပြည်တွင်းဈေး ကွက်က နည်းနည်းကျဉ်းတယ်။ လုပ်ငန်း ရှင်တွေက ပြည်တွင်းမှာပဲထုတ်ပြီး ပြည် တွင်းမှာပဲရောင်းတာ။ ကျွန်တော်တို့မျှော် မှန်းထားတာက နောက်ပိုင်းဆိုရင် ပြည် တွင်းမှာထုတ်ပြီးတော့ နိုင်ငံတကာက ဝင်လာမယ့်လုပ်ငန်းရှင်တွေနဲ့အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ပြည်ပတင်ပို့နိုင် ဖို့ ကြိုးစားနိုင်မှသာ ပြည်တွင်းမှာရှိနေ တဲ့ ထုတ်လုပ်မှုစွမ်းအားက ပိုပြီးမြင့်လာ မယ်။ ပစ္စည်းအရည်အသွေးကောင်း မယ်။ ပစ္စည်းထုတ်လုပ်အားလည်း ပို မြင့်မားလာရင် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်လို့ရမယ်။

• နိုင်ငံတကာနဲ့ အကျိုးတူပူးပေါင်း မယ်ဆိုရင် ဘယ်နိုင်ငံကို အဓိက ထားပြီး ပူးပေါင်းဖို့ရှိပါသလဲ။
ကျွန်တော်တို့ ပူးပေါင်းဖို့များတာကအာရှနိုင်ငံတွေပဲ များပါတယ်။ ဘာလို့လဲ ဆိုရင် အာရှနိုင်ငံရဲ့ စက်ပစ္စည်းတွေက တန်ဖိုးနည်းနည်း နည်းတယ်။ အနောက် နိုင်ငံ စက်ပစ္စည်းက တန်ဖိုးမြင့်တယ်။ လက်ရှိဖြန့်ရမယ့် ဧရိယာကလည်း ဒီ အာရှပဲများမယ်။ စင်ကာပူနိုင်ငံဆို နိုင်ငံ ကကျဉ်းတဲ့အတွက် သူတို့နိုင်ငံမှာ သုံးစွဲ မယ့်လူသုံးကုန်ပစ္စည်းတွေကို ကျွန်တော် တို့ မြန်မာနိုင်ငံကပဲ ထုတ်ပြီးတော့ သူတို့ ဆီကို ပြန်ပြီးတင်ပို့ရောင်းချရမယ့် အနေ အထားမျိုးရှိတယ်။

• မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းကို ဘယ်နိုင်ငံတွေက အဓိကစိတ်ဝင်စား လာပါသလဲ။ ရင်းနှီးမြှုပ်နှံဖို့ ကမ်း လှမ်းတာမျိုးရော ရှိပါသလားရှင့်။
လက်ရှိ စိတ်ဝင်စားတဲ့ နိုင်ငံကတရုတ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီး ရှားနဲ့ ထိုင်းရှိတယ်။ အာဆီယံနိုင်ငံတွေ ပါ။ နောင်နှစ်မှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးပွဲကြီးမှာ နိုင်ငံတကာက လုပ်ငန်းရှင်ကြီးတွေ မြန်မာနိုင်ငံကို ရောက်လာတော့မယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းအသီးသီးကို သူတို့လေ့လာလိမ့် မယ်။ သူတို့နိုင်ငံရဲ့ လိုအပ်ချက်တွေဘာ တွေ လိုတယ်။ ဒီကနေထုတ်ပြီးတော့ သူတို့နိုင်ငံကို ဘယ်လိုတင်ပို့ ရောင်းချနိုင် မလဲဆိုတဲ့ဈေးကွက်ကို သူတို့လိုက်ပြီး လေ့လာဦးမှာပါ။

• လက်ရှိ ပြည်တွင်းပလတ်စတစ်ထုတ်လုပ်တဲ့ စက်ရုံတွေရဲ့ ဖွံ့ဖြိုးမှုအခြေအနေလေး သိချင်ပါတယ်။
လက်ရှိကတော့ တဖြည်းဖြည်း တိုးတက်လာပါတယ်။ တချို့စက်ရုံတွေ ဆိုအရင်က ပြည်တွင်းမှာပဲ ရောင်းချနေ တာ။ အခုဆို ဂျပန်နိုင်ငံကို ပလတ်စတစ် အိတ်တွေတင်ပို့ရောင်းချနေပြီ။ တစ်လကို ကွန်တိန်နာ ၁ဝ လုံး၊ ၁၅ လုံးလောက် ဂျပန်နိုင်ငံကို ပို့ပါတယ်။

• ပြည်တွင်းမှာထုတ်လုပ်နေတဲ့ ပလတ်စတစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ကုန်ကြမ်းကို ဘယ်နိုင်ငံကတင်သွင်း လဲဆိုတာ သိချင်ပါတယ်ရှင့်။
ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ပစ္စည်း တွေက စင်ကာပူ၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတို့က လာတာများပါတယ်။

• ပြည်ပကနေ ကုန်ကြမ်းသွင်းရတဲ့အတွက် နောင်တစ်ချိန်မှာ မြန်မာ နိုင်ငံရဲ့ တည်ရှိမှုအနေအထားအရ ပြည်ပကို တင်ပို့ရတော့မယ်ဆိုရင် ပြည်ပကတင်သွင်းနေတဲ့ ကုန်ကြမ်း နဲ့ ပြည်ပကို တင်ပို့တဲ့အခါမှာ ပြည် တွင်းလုပ်ငန်းရှင်တွေအနေနဲ့ တွက် ခြေကိုက်မှု ရှိနိုင်ပါ့မလားရှင့်။
ပလတ်စတစ်ကုန်ကြမ်းရဲ့ ဈေးကွက်က ရွှေဈေးကွက်လိုပဲ စံချိန်စံညွှန်းရှိ တယ်။ ဒီလမှာ ကော်စေ့ဈေးနှုန်းက ကမ္ဘာ့ဈေးနဲ့အတူတူပဲ။ စင်ကာပူက ဝယ် ရင်လည်း ဒီဈေးပဲ။ မည်သည့်နိုင်ငံက ဝယ်ဝယ် ဒီပလတ်စတစ်ရဲ့ ကော်စေ့ ဈေးနှုန်းက စံတစ်ခုပဲရှိတယ်။ နိုင်ငံပဲကွာ တယ်။ ဝယ်တဲ့ဈေးနှုန်းက ရင်းနှီးမြှုပ်နှံမှု က အတူတူပဲ။ အဲဒီတော့ ဘာမှမထူးပါ ဘူး။ ဒါကြောင့် နိုင်ငံတကာနဲ့ယှဉ်ပြီး ထိုးဖောက်လို့ရတဲ့အခြေအနေရှိပါတယ်။

• အခုတင်ပို့နေတာက ဂျပန်နိုင်ငံအပြင် ဘယ်နိုင်ငံတွေကို တင်ပို့နေသေးလဲရှင့်။
လောလောဆယ်တော့ ဂျပန်နိုင်ငံကိုပဲ တင်ပို့သေးတယ်။ နောက်ပိုင်းကျရင် တော့ ဥပမာ-စင်ကာပူဆိုရင် ကိုယ်စား လှယ်တွေလွှတ်ပြီး မြန်မာနိုင်ငံကို လာ ပြီးလေ့လာတယ်။ တချို့စက်ရုံတွေကနေ သူတို့စင်ကာပူမှာ သုံးလို့ရတဲ့ ပစ္စည်း အော်ဒါတွေလာပေးဖို့စပြီးတော့ ဆွေးနွေး နေပါတယ်။ ဂျပန်ကို တင်ပို့တာက တစ် နှစ်ကျော်ပဲ ရှိပါသေးတယ်။ အခုမှ ဈေး ကွက်စပြီး နိုင်ငံတကာကို ထိုးဖောက်နေ တဲ့အချိန်ပါ။

• ပလတ်စတစ်လုပ်ငန်းနဲ့ပတ်သက်ပြီး အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိရင်လည်း သိချင်ပါတယ်ရှင့်။
အခက်အခဲကတော့ အရေးအကြီး ဆုံးက လျှပ်စစ်စွမ်းအင်ပါ။ ဒီလျှပ်စစ်ကို ပုဂ္ဂလိကအနေနဲ့ မစွမ်းဆောင်နိုင်ဘူး။ နိုင်ငံတော်က ပံ့ပိုးပေးမှရမယ်။ လုပ်ငန်း ရှင်တွေတော်တော်များများဟာ မီးပျက်တဲ့ အချိန်မှာ မီးစက်နဲ့လည်ရတာ။ အဲဒီလို လည်ရတဲ့အချိန်မှာ ဘာပြဿနာရှိလဲ ဆိုရင် သူ့ရဲ့တန်ဖိုးက မြင့်တဲ့အတွက် ကျွန်တော်တို့ အရှုံးပေါ်တယ်။ နိုင်ငံတော် က သတ်မှတ်ထားတဲ့နှုန်းထားနဲ့ နှစ်ဆ သုံးဆလောက် ဖြစ်သွားတဲ့အတွက် မတတ်နိုင်ဘူး။ အခု အစိုးရပေးထားတဲ့ နှုန်းထားတစ်ယူနစ် ၇၅ ကျပ်နဲ့ထုတ်ပေး နိုင်အောင် တောင်းဆိုရမယ်။ ဒါကလည်း နိုင်ငံတော်က ပံ့ပိုးပေးမှရမယ်။ SME လုပ်ငန်းတွေကို ပံ့ပိုးပေးမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှာပါ။