images
UN
UN
မိမိကိုယ်သာမိမိ၏အားကိုးရာ
မြန်ဂုဏ်ဆောင် Thursday, 31 March 2016
'အတ္တဟိ အတ္တနော နာထော၊ ကောဟိနာထော၊ ပရောသိယာ'
'မိမိကိုယ်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်။ အဘယ်သူတစ်စုံတစ်ဦးသည် မိမိအတွက် အားကိုးရာဖြစ်အံ့နည်း'
(ဓမ္မပဒ)

လူသားတို့သည် မိမိဘဝ ရပ်တည်မှု အတွက် မိမိသည်သာ မိမိ၏ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက ဟော ကြားခဲ့သည်မှာ နှစ်ပေါင်း ၂၅ဝဝ ကျော် လွန်ခဲ့သော်လည်း အဆိုပါအဆိုအမိန့် သည် ယနေ့တိုင် မှန်ကန်ကြောင်းကို ထောက်ခံပြောဆိုလျက်ရှိကြသည်။

အသိုက်အမြုံထဲက ဥခွံတစ်ခုတွင် မှီ တွယ်၍ အသက်ရှင်ရသော ငှက်သတ္တဝါ သည် မိခင်ငှက်မကြီး၏ ကိုယ်ငွေ့ဖြင့် အကောင်ပေါက်သည်။ မိခင်၏ မေတ္တာ ရိပ်ဝယ်ထွေးသိပ်ခိုလှုံခဲ့ကြရသည်။ အစာ ရှာကျွေးသည်ကို နို့သက်ခံ၍ စားသည်။ နောက်မိခင်၏အစာရှာမှု၊အပျံသင်ပေးမှု၊ အန္တရာယ်ကိုခုခံကာကွယ်မှုတို့ကိုလေ့လာ သင်ကြားဆောင်ရွက်ရာမှ မိမိကိုယ်သာ မိမိအားကိုးပြီး ကိုယ်တိုင်အစာရှာသည်။ ဝမ်းရေးအတွက် ဝမ်းတစ်ထွာပြဿနာကို မိမိဘာသာဖြေရှင်းရယူသည်။ကိုယ့်လမ်း ကိုယ်လျှောက်၍ အာကာသဝယ်ပျံသန်း သည်။ ဘဝကို ရှာဖွေသင်ယူသည်။
အပင်ငယ်လေးများသည် မိခင်အပင် အိုကြီး၏ အရိပ်အာဝါသအောက်ဝယ် မိခင်ရေသောက်မြစ်ကို ခိုလှုံ၍ ရှင်သန် ကြီးထွားရသည်။ မိခင်အပင်ကြီး၏ ကူညီဖေးမမှုဖြင့် မိမိအပင်ငယ် အနွယ် ဘဝမှသည် အကိုင်းအခက်သို့ ပြောင်းလဲ ခံယူလာရသည်။
မိခင်ရင်ခွင်ထက်မှ ရင်သွေးငယ် သည် မိခင်နို့ရည်ကိုသာစို့ပြီး အရွယ် ရောက်လာသောအခါ လေးဖက်သွား သည်။ ခြေစုံပေါ်ရပ်တည်နိုင်သောအခါ ခြေနှစ်ချောင်းပေါ်၌ မှီခိုလျှောက်လှမ်း သည်။ပြင်ပသို့ မိမိတစ်ဦးတည်းလျှောက် လှမ်းကြည့်ရာမှ ပြင်ပလောကကို စူးစမ်း ကြည့်မိသည်။ မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်ရာမှ ဘဝကို ဝင်ဆံ့ကြည့် သည်။ ဝန်းကျင်ကလူသားများကို ပေါင်း ဖော်ကြည့်မိသည်။ အရာရာတွင် မိမိ ကိုယ်တိုင်က သင်ယူလေ့ကျင့်မှုဖြင့်သာ ဘဝကို အောင်မြင်နိုင်မည်ဖြစ်သည်။ လေးဖက်သွားအရွယ်က အညစ်အကြေး ကို မိခင်ကကျုံးပေး၊ သန့်စင်ပေးသော် လည်း မိမိကြီးပြင်းလာသောအခါ မိမိ အညစ်အကြေးကို မိမိဘာသာဖြေရှင်း ရသည်။ အရွယ်ရောက်လာသည်နှင့် မိမိ အလုပ်၊ မိမိကိုယ်ရေးကိုယ်တာ ကိစ္စ များကို မိမိဘာသာဆောင်ရွက်ခြင်းဖြင့် သာ ဂုဏ်ယူကြရပေမည်။ စိတ်သဘော ထား မြင့်မြတ်သူက မိမိအတွက်နှင့် တစ်ပါးသူ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ရှောင်ကြဉ်ကြသည်။ လူတစ်ဦး တစ် ယောက်ကို အလွယ်တကူဖြင့် အကူအညီ မတောင်းခံဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဝံ့ရမည်သာဖြစ်သည်။
စကြဝဠာတွင် သူရိန်နေမင်းက ကိုယ်ပိုင်အလင်းရောင်ဖြင့်သာ လောက အကျိုးကိုထမ်းရွက်သယ်ပိုးသည်။ စန္ဒာ လမင်းက သူရိန်နေမင်း၏ တစ်ဆင့်ခံ အလင်းရောင်ဖြင့်သာ လူသားတို့ ညဥ့် ကာလ တိတ်ဆိတ်ချိန်တွင် အကျိုးပြု အလင်းရောင် ဖျော့ဖျော့မှိန်မှိန်ကိုသာ ပေး စွမ်းနိုင်သည်။ နေမင်း၏အလင်းရောင်ကို မရသောအခါ စန္ဒာလမင်းမှာ အလင်း ရောင်ကိုမပေးစွမ်းနိုင်တော့ပါ။

ပိုးစုန်းကြူးကလေးများက သေးငယ် သော်လည်း စန္ဒာလမင်းကဲ့သို့မကျင့်သုံး။ မပြုလုပ်။ မိမိကိုယ်ပိုင်အလင်းရောင် ဖြင့်သာ စွမ်းအားရှိသမျှ လောကကြီးကို အလင်းပေးသည်။ ပိုးစုန်းကြူးလည်း သူ့ အလင်းနှင့် သူ့အချင်းနှင့်ပင်ဖြစ်သည်။ ကိုယ်ပိုင်အလင်းရောင်ဖြင့်သာ လူသား အကျိုးပြုနိုင်ခြင်းကို တစ်ညလုံးညဥ့်လုံး ပေါက်အောင် သူစွမ်းဆောင်နိုင်သည်။
မိသားစုတစ်စု၊ အိမ်ထောင်စု တစ်စု တွင် မိမိက အိမ်ထောင်စုဝင်အဖြစ် မိမိ၏ လုပ်အားစွမ်းရည်ဖြင့် အကျိုးပြုနိုင်ဖို့ လိုသည်။ မခိုမကပ်ဘဲ မိသားစုဝန်ကို ထမ်းရွက်ခြင်းဖြင့် တစ်နေ့တာတာဝန်ကို ကျေပွန်ဖို့လိုသည်။ မိမိကိုယ်သာကိုးကွယ် ရာအဖြစ် မိသားစု၏နိစ္စဓူဝ စားဝတ် နေရေးဝန်တာကို တစ်ထောင့်တစ်နားက ထမ်းရွက်သင့်သည်။
မိမိပတ်ဝန်းကျင်၊ မိမိရပ်ကွက်၊ မိမိ ကျေးရွာ၊ မိမိလမ်းအလိုက် တင်ရှိလာ သော အလုပ်တာဝန်ကို ကျေပွန်ပါမှ နိုင်ငံ့တာဝန် ထမ်းရွက်ချိန်တွင် နိုင်ငံ့ သားကောင်းတစ်ယောက်ဖြစ်နိုင်မည်။
မိမိကိုယ်ကို အားကိုးလိုစိတ်သည် လူသားတို့တွင် မွေးကတည်းကပါမလာ။ မွေးရာပါ အသိစိတ်မဟုတ်ပါ။ဝန်းကျင်နှင့် ပေါင်းစပ်၍ခံယူရသော အသိအမြင်သာ ဖြစ်သည်။ ပြုစုပျိုးထောင်၍ မွေးမြူရ သည်။ မိမိကိုယ်ကိုအားကိုးလိုစိတ်ကို ငယ်စဉ် နုပျိုစဉ်၊ အတွေကအကြုံ မရင့် ကျက်မီကပင် ပြုစုပျိုးထောင်ပေးရမည်။
ငယ်စဉ်ကပင် ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်ချင်ဘဲ၊ ကိုယ့်ဥာဏ်စွမ်း၊ ကိုယ့်ခွန်အားကိုအသုံးမပြုချင်ဘဲ အလွယ် တကူကူးယူမှု၊ ပုံတူကူးချမှု၊ ခိုးချမှု၊ တစ်ဆင့်ခံအသိဥာဏ်ဦးနှောက်ဖြင့် ကိုယ် ပိုင်ပစ္စည်းအဖြစ်ဖန်တီးလိုမှု၊ ဦးနှောက် ဖောက်စားမှုများက အတ္တ၏စေစားရာ၊ ကိုယ်ကျိုးမဖက်သူ၊ကိုယ်အားကိုယ်မကိုး လိုသူများ၏ အမူအကျင့်စရိုက်လက္ခဏာ များသာဖြစ်သည်။ ဖြတ်လမ်းနည်းဖြင့် အလွယ်လိုက်ချင်သူများသည် တစ်ချိန် ချိန်တွင် ကိုယ်ကျိုးနည်းနိုင်သည်။ သူ တစ်ပါး၏ပခုံးပေါ်တက်၍ကျော်လွှားလို မှုက အောက်တန်းကျသောအလုပ်ဖြစ် သည်။
မိမိတာဝန်မိမိ ရယူပိုက်ထွေးပြီး လောကဓံများကြားမှ ဘဝကိုရုန်းကန်နိုင် ပါမှ လူ့တာဝန် ကျေပွန်မည်သာဖြစ် သည်။ မိမိအားကိုးမှုဖြင့် မိမိ၏ဘဝ အခက်အခဲကို ရုန်းကန်ကြိုးစားရာတွင် အနိုင်အရှုံးဒွန်တွဲနေစမြဲ ဖြစ်သည်။