images
UN
UN
ဒါမျိုးတွေ သတိထား
ပေါက်ပေါက် Wednesday, 06 April 2016
လူမျိုးတစ်မျိုးစီနှင့် ထုံးတမ်းဓလေ့ တွေ မတူညီကြပါဘူး။ ကာလဒေသပေါ် လိုက်၍ အသုံးအနှုန်းနှင့် ယဉ်ကျေးမှု စရိုက်များလည်း ကွဲပြားခြားနားတတ်ပါ တယ်။ မိမိ၏သမားရိုးကျ အပြုအမူက မည်မျှပင် အပြုသဘောဆောင်ပါစေ အကယ်၍ ကန့်သတ်ထိန်းချုပ်ထားသော နေရာဒေသတွေမှာ သတိမမူမိပါက သင့် ကိုဒုက္ခလှလှကြီးပေးနိုင်တယ်ဆိုရင် သင် အံ့သြသွားလေမလား။အောက်ပါသတင်း အချက်အလက်တွေကို ဖတ်ရှုမှတ်သား ပါလော့။
(၁) လက်နှစ်ချောင်း မထောင်ရ
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော် တော်များများမှာ မိမိတစ်ယောက်တည်း ဖြစ်စေ (သို့) အုပ်စုလိုက် အပျော်တမ်း ဓာတ်ပုံရိုက်သည်ဖြစ်စေ ချစ်ကြည်နူး ခြင်းအမှတ်အသားအဖြစ် လက်ညှိုးနဲ့ လက်ခလယ် နှစ်ချောင်းကိုထောင်၍ 'ဇေ ပိစ်(V signs) 'လို့ ပြကြပါတယ်။အမေရိ ကန်နှင့် ကနေဒါလူမျိုးတွေကတော့ ၄င်း ကို V Signs လို့ မသတ်မှတ်ဘဲ၊ နံပါတ် စဉ် ၂( ၂ ဂဏန်း)ဟုသာ ကိုယ်စားပြုပါတယ်တဲ့။ သို့သော် ဗြိတိန်၊အိုင်ယာလန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတွေမှာတော့ တစ်ဖက်လူကို လက်ဖဝါးထောင် ပြနေသော (သို့) လူမှုရေးအရ အနှောင့် အယှက်ဖြစ်စေသော အင်မတန်ရိုင်းစိုင်းတဲ့ အပြုအမူပါတဲ့။
(၂) ခေါင်းမပုတ်ရ
ဘုရင်နိုင်ငံစနစ်ကို ကျင့်သုံးနေတဲ့ ထိုင်း(ယိုးဒယား)နိုင်ငံရောက်ရင် ထိုနိုင်ငံ ရှိသူတွေ၏ဦးခေါင်းကို မတော်တဆမျှပင် မကိုင်မထိ မပုတ်မိပါစေနှင့်။ဦးခေါင်းဆို သည်မှာ ခန္ဓာကိုယ်တစ်ခုလုံး၏အထွတ် အမြတ်ဟု ထိုင်းလူမျိုးတွေက အယူသီး တတ်ကြပါတယ်။ သင့်ဖိနပ်ထိပ်ကို ဗုဒ္ဓ စေတီပုထိုးများဘက်သို့ ခြေထောက်ထိုး ၍ မထိုင်မိပါစေနှင့်။ထိုင်းဘုရင်၏ ရုပ်ပုံ များကိုလည်း အရိုအသေမဲ့သော အပြု အမူမလုပ်ပါနှင့်။ သို့မဟုတ်ပါက သင် သည် ထောင်နန်းစံရပါလိမ့်မည်။

(၃) ဘုရင်မ၏ အစောင့်
အကြပ်များနှင့် ပဋိပက္ခမပြုရ
ဗြိတိသျှဘုရင်မကြီး၏ ဘာကင်ဟမ် နန်းတော်ရှေ့တွင် ထူးခြားတဲ့ဦးထုပ်နီဖြင့် အလွန်စမတ်ကျ၍ ခမ်းနားသော ဝတ်စုံ ပြည့်ဝတ်ဆင်ထားသည့် အစောင့်အကြပ် များရှိကြပါတယ်။ ထိုဒေသသို့ အလည် အပတ်ရောက်ကြ သော နိုင်ငံခြားသား ခရီးသွားတိုင်းက အစောင့်အကြပ်တွေကို သဘောကျ၍ ဓာတ်ပုံတွဲရိုက်ချင်ကြပါ တယ်။ အထူးသတိထားရမှာက ၄င်းတို့ သည် အသုံးတော်ခံပစ္စည်းမဟုတ်ပါ။ သက်မဲ့ကျောက်ရုပ်လည်း မဟုတ်သဖြင့် ဓာတ်ပုံရိုက်တဲ့အခါ တွဲမှီ၍ရိုက်ခြင်းမျိုး မပြုပါနှင့်။ တာဝန်ထမ်းဆောင်နေသော ထိုစစ်သားများကို သင်ငေးမော၍ ကြည့် နိုင်ပါတယ်။ သို့သော် လှောင်ပြောင်ခြင်း မပြုရ။
(၄) 'အိုကေ OK ' သင်္ကေတလုပ်မပြရ
လက်မထိပ်နှင့် လက်ညှိုးထိပ်နှစ်ခုကို ထိ၍ကွေးပြခြင်းဟာ 'အိုကေလား၊ အိုကေတယ်'ဆိုတဲ့သင်္ကေတ ဖြစ်ပါတယ်။ သို့သော် ဘရာဇီးနိုင်ငံသို့ အလည်ရောက်သည်ဖြစ်စေ (သို့) ဘရာဇီးနိုင်ငံသားများ နှင့်တွေ့ဆုံသည့်အခါဖြစ်စေဤသင်္ကေတဟာ လိင်ပိုင်းဆိုင်ရာပြောဆိုသော မယဉ် ကျေးသောစကားဟု မှတ်ပါလေ။
(၅) ဒီလိုမပြောကြေး
Guinness အရက်တစ်ဖန်ခွက်ထဲကို ကရင်မ်နှင့် ဝီစကီအနည်းငယ်ရောထည့်ထားသော အဖျော်ယမကာ တစ်မျိုးကို မြောက်အမေရိကတိုက်ရှိ အရက်ဘား ဆိုင်တွေမှာ ' Irish car bomb (အိုင်းရစ် လူမျိုးတွေ၏ ကားဗုံး)'လို့ ကင်ပွန်းတပ် ကြပါတယ်။ ၄င်း Irish car bomb ဟာ ကနေဒါနှင့်အမေရိကန်မှ တက္ကသိုလ် ကျောင်းသားများအဖွဲ့အစည်း၏ Cocktail ပါတီတွင် လွန်စွာရေပန်းစားနှစ်သက်ကြပါတယ်။သို့သော် မြောက်ပိုင်းအိုင်ယာ လန်နိုင်ငံသို့ရောက်ရင်တော့ ' black and tan 'ခေါ်မှ အဆင်ပြေပါလိမ့်မယ်။ အိုင် ယာလန်နိုင်ငံမှာ ဘီယာအရောင်ရင့်ရင့်နှင့် ဘီယာအရောင်အဖျော့တို့ကို ဆတူ ရော၍ သောက်ရသော ယမကာဖြစ်ပါ တယ်။
(၆) ခြေဖဝါးကို ထောင်၍မပြပါနှင့်
အရှေ့အလယ်ပိုင်း ဒေသကိုရောက် တဲ့အခါမှာ သင့်ခြေဖဝါးနှင့် သင့်ရှူးဖိနပ်ကိုထောင်၍မပြမိပါစေနှင့်။ အဲဒါအင်မတန် ရိုင်းပျစော်ကားတဲ့အပြုအမူဖြစ်လို့ပါတဲ့။
(၇) သူများအိမ်ထဲမှာ ဖိနပ်မစီးရ
အထူးသဖြင့် ကနေဒါ၊ အမေရိကား နှင့် ဆွီဒင်နိုင်ငံရှိ အိမ်အများစုမှာ ကျန်းမာသန့်ရှင်းမှုကို ဦးစားပေးတာ ကြောင့် အိမ်ထဲကို ဖိနပ်စီးခွင့်ပြုမထားကြပါဘူး။ ၄င်းလူမျိုးများအိမ်သို့ အလည်အပတ် ရောက်ပြီဆိုပါစို့။ ဦးစွာ တံခါးမကြီးအနီးကိုလေ့လာအကဲခတ်ကြည့်ပါ။ ဖိနပ်တွေ ချွတ်ထားတာမြင်ရင် ဤအိမ်သည် ‘ shoe-free'ဟူ၍ သင်မှတ်သားလိုက်နာပါလေ။