images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံ
Thursday, 07 April 2016
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Hon. Paolo Gentiloni အား ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နေ ပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံနိုင်ငံ ရေးလမ်းကြောင်းကို ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းရာတွင် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ပူးပေါင်းပါဝင်ရေး၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ တိုင်းရင်းသားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာများကို ငြိမ်းချမ်းစွာဥပဒေဘောင်အတွင်း မှတောင်းဆိုရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်နိုင်သည့် နယ်ပယ်များ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ တွင် ပါဝင်ထမ်းဆောင်ရန်အတွက် လေ့ကျင့်ပေးရေးနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန်ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E.Mr. Pier Giorgio Alibertl နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။