images
UN
UN
ချင်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များကတိသစ္စာပြု
ချင်းတွင်းသား Saturday, 09 April 2016
ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်း အဝေးအဋ္ဌမနေ့ကို ယမန်နေ့ နံနက် ၁ဝ နာရီက ဟားခါးမြို့ ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၂၄ဦးတက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များက ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက် တွင်ကတိသစ္စာပြုကြကာ အစည်း အဝေးကို နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် ရပ်နားသည်။
ကတိသစ္စာပြုသည့် ပြည်နယ် အဆင့် အဖွဲ့အစည်းဝင်များမှာ ဗိုလ်မှူးကြီးကျော်ကျော်(လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး)၊ဦးဝီကော (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)၊ ဦးမန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေး မြူရေး၊သစ်တောနှင့်သတ္တုဝန်ကြီး)၊ ဦးရွှေထီအိုး(လမ်းပန်းဆက်သွယ် ရေးဝန်ကြီး)၊ ဆလိုင်းအိုက်ဇက်ခင် (စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန)၊ဦးပေါင် လွန်းမင်ထန်(လူမှုရေးဝန်ကြီး)၊ ဦးထန်ကျုံး(ခ)ဆနီဇဟိုး(ပြည်နယ် ဥပဒေချုပ်)နှင့် ဦးလာလ်တင်မန် (ခ)ဒေးဗစ်လာလ်တင်မောင်(ပြည် နယ်စာရင်းစစ်ချုပ်)တို့ဖြစ်ကြောင်း သိရသည်။