images
UN
UN
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာပါက ဆောက်လုပ်ရေးကဏ္ဍတွင်အခြေအနေပိုမိုကောင်းမွန်လာနိုင်ဟုဆို
မေလွင် Wednesday, 20 April 2016
အစိုးရသစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာပါက ဆောက်လုပ်ရေးကဏ္ဍ မှာလည်း ယခုထက်ပိုမိုကောင်းမွန် လာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု များကြောင့် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်ခဲ့သော်လည်း ဆောက် လုပ်ရေးဈေးကွက်တွင် ၂ဝ၁၅ နှစ်စပိုင်းလောက်မှစတင်၍ သိသိ သာသာကျဆင်းလာခဲ့ပြီး ဆောက် လုပ်ဆဲအထပ်မြင့်အဆောက်အအုံ များ၊ ရုံးခန်း၊တာဝါတည်ဆောက်မှု များနှင့် ကွန်ဒိုမီနီယံတည်ဆောက်မှု များ၏ အခန်းကြိုတင်ရောင်းချမှု များ၊ ငှားရမ်းနိုင်မှုများမှာ အစိုးရ အပြောင်းအလဲကာလအတွင်း သိ သာစွာလျော့ကျလာခဲ့သည်ဟု အိမ် ခြံမြေဈေးကွက် လေ့လာသုံးသပ် သူများက ပြောသည်။
''ဆောက်လုပ်ရေးကဏ္ဍ၊ အိမ် ခြံမြေတွေအခြေနေကောင်းဖို့မူဝါဒ ကောင်းကောင်းတွေ လိုလိမ့်မယ် လို့ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တွေနဲ့လည်း အများကြီးသက်ဆိုင် ပါတယ်။ တဖြည်းဖြည်းတော့ ပြောင်းလဲလာမှာပါ''ဟု ဝါရင့် အိမ်ခြံမြေအကျိုးဆောင် ဒေါ်ဝင်း ကပြောသည်။
ကွန်ဒိုမီနီယံများနှင့်ဘက်စုံသုံး လူနေရပ်ဝန်း အိမ်ရာစီမံကိန်းများ သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင် ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ်လာသန်း ၇၈ဝ ကျော်ခန့်ရှိခဲ့ သည်။
အစိုးရသစ်လက်ထက်တွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ ကဏ္ဍတို့တွင် လုပ်ငန်းလည်ပတ်မှု နှင့် ဈေးကွက်ပြန်လည်ကောင်းမွန် လာမည်ဟုမျှော်လင့်ထားကြပြီး အစိုးရသစ်အနေဖြင့် နိုင်ငံ၏စီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းကို အလားအလာပိုမိုကောင်းမွန်စေရန် အတွက် မူဝါဒကောင်းများကို လည်းချမှတ်နိုင်ရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး တချို့က အကြံပြုကြသည်။
ဆောက်လုပ်ရေး စီမံကိန်း အများစုမှာ အစိုးရအဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင် သည့်အတွက် အစိုးရသစ်အနေဖြင့် ၄င်းတို့အုပ်ချုပ်သည့်ကာလအတွင်း လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့ကထောက်ပြတိုက် တွန်းကြသည်။
ထို့အပြင် နိုင်ငံတကာနှင့် နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ၏ ဆောက် လုပ်ရေးနှင့်အခြေခံဆောက်အအုံ ကဏ္ဍများမှာ ဖွံ့ဖြိုးမှုများစွာနောက် ကျခဲ့ပြီး ယခင်ကထက် သာလွန် သည့် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် အစိုးရသစ်ကိုမျှော်လင့် နေခြင်းဖြစ်ပြီး အစိုးရသစ်အနေဖြင့် ခိုင်မာသည့်မူဝါဒများဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ပါက နိုင်ငံတကာ၏အကူ အညီများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ရရှိလာနိုင်ပြီး စီးပွားရေးကဏ္ဍ အသီးသီးတွင် အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများဖြင့် ပိုမို တိုးတက်လာနိုင်ကြောင်း လုပ်ငန်း ရှင်များ၏ပြောပြချက်အရ သိရ သည်။
လတ်တလော အိမ်ခြံမြေဈေး ကွက်တွင်မူ မြေဈေးနှုန်းများ အဆ မတန်ကြီးမြင့်နေသည့်အပြင်အငှား တန်ဖိုးသာမက ဝယ်/ရောင်းဈေး နှုန်းများပါမြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။