images
UN
UN
မန္တလေးဆိုင်ကယ် ဈေးကွက်အေးပြီး ဈေးနှုန်းတည်ငြိမ် ဝန်ထမ်းပေါင်းစုံအသင်းနှင့် ကုမ္ပဏီများမှအရစ်ကျရောင်းချ
သီဟကိုကို(မန္တလေး) Friday, 22 April 2016
မန္တလေးဆိုင်ကယ်ဈေးကွက်တွင် သင်္ကြန်အပြီးကာလအရောင်း အဝယ်များအေးလျက်ရှိပြီး ဈေး နှုန်းများ တည်ငြိမ်နေသည်။ နောက် ဆုံးဝင်ရောက်သော မော်ဒယ်သစ် ဆိုင်ကယ်များ အရောင်းအဝယ် သွက်လျက် ရှိသည်။ အော်တိုဂီယာ၊ ကလစ်ဆိုင်ကယ်များ၊ှခသသစပ ဆိုင်ကယ်များ၊ Scoopy ဆိုင်ကယ် များ၊ အိန္ဒိယနိုင်ငံထုတ်အမျိုးသားစီး FZ ဆိုင်ကယ်များမှာ လူငယ် ကြိုက်အမျိုးအစားဖြစ်သောကြောင့် အရောင်းအဝယ်ကောင်းမွန်ကြောင်း မဟာအောင်မြေမြို့နယ် ၈၂ လမ်း နှင့် ၃၇ လမ်းထောင့်ဆိုင်ကယ်ဈေး ကွက်မှ သိရသည်။
မန္တလေးမြို့သို့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ ဆိုင်ကယ်များ ဝင်ရောက်လျက်ရှိရာ ထိုင်းနိုင်ငံထုတ်အော်တိုဂီယာ Click ဆိုင်ကယ်များမှာ ငွေကျပ် ၂၂သိန်းခန့်၊ ထိုင်းတစ်ပတ်ရစ် Click ဆိုင် ကယ်များမှာ ငွေကျပ် ၁၅သိန်းခန့်၊ Scoopy အမျိုးအစား ဆိုင်ကယ် များမှာ ၁၆ သိန်းခန့်၊ အိန္ဒိယနိုင်ငံ ထုတ် TVS အမျိုးအစား Click ဆိုင်ကယ်များမှာ ငွေကျပ် ၁၂သိန်း ခန့်၊ အိန္ဒိယဒလက် ၁၁ဝ စီစီ အကြမ်းခံ ဆိုင်ကယ်များမှာ ကျပ် ကိုးသိန်းခန့်၊ တရုတ်နိုင်ငံထုတ် Click ဆိုင်ကယ်များမှာ ကျပ်ရှစ် သိန်းခန့်၊ ၁၂၅ စီစီ ရုပ်ဆိုးဆိုင် ကယ်များမှာ ကျပ်ခြောက်သိန်းခန့်၊ စီဇက်အိုင်ဆိုင်ကယ်များမှာ ကျပ် လေးသိန်းခွဲခန့် ရှိသည်။တရုတ်နိုင်ငံ နာမည်ကြီးလော့ဂျားဆိုင်ကယ်များ လည်း ဈေးကွက်ဝင်ရောက်ပြီး ကျပ် ခြောက်သိန်းခန့် ရှိသည်။ ဂျာလင်း ဆိုင်ကယ်များလည်း ဈေးကွက် ဝင်ရောက်ပြီး ကုမ္ပဏီများနှင့် မဟာအောင်မြေမြို့နယ် ၃၅ လမ်း နှင့် လမ်း ၉ဝ ထောင့်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ထမ်း ပေါင်းစုံ သမဝါယမအသင်းတို့မှ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်များအား ၁၂ လ အရစ် ကျစနစ်ဖြင့် ဝန်ထမ်းများနှင့်ပြည်သူ များအား ရောင်းချပေးလျက်ရှိသည်။