images
UN
UN
မြစ်ကြီးနားတွင် ယခုပညာသင်နှစ်၌ ကျောင်းပြင်ပအလယ်တန်းပညာသင်ကြားရေးစနစ် (NFESE) တိုးမြှင့်ဖွင့်လှစ်မည်
မင်းရာဇာ(မြစ်ကြီးနား) Friday, 22 April 2016
ဆင်းရဲနွမ်းပါးပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတစ်ဝက်တစ်ပျက်ဖြင့်ထွက် ခဲ့ရသော ကျောင်းပြင်ပတွင် ရောက်ရှိနေသည့် ကလေးငယ်များကို ယခင်ပညာသင်နှစ်၌ ကျောင်းပြင်ပ မူလတန်းအဆင့် ပညာသင်ကြားရေးစီမံချက်ကိုစတင်အကောင်အထည် ဖော်သင်ကြားပေးခဲ့ပြီးဖြစ်ရာ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျောင်းပြင်ပအလယ် တန်းပညာသင်ကြားရေးစနစ်(င်္နြှန) ကို တစ်ဆင့်တိုးမြှင့် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။
ကျောင်းပြင်ပကလေးများ ဒုတိယအကြိမ် ပညာသင်ကြားခွင့်ရရှိရေးစီမံချက် ကို ၂ဝ၁၅-၂ဝ၁၆ပညာသင်နှစ်မှ မူလတန်း အဆင့်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်မှ မြန်မာနိုင်ငံတစ်ဝန်းလုံးအနေဖြင့် ကျောင်း ပြင်ပအလယ်တန်း ပညာသင်ကြားရေး စနစ်(င်္နြှန) မြစ်ကြီးနား အပါအဝင် ရန်ကုန်မြို့၊ ဒလ၊ လှိုင်သာယာ၊ စစ်တွေ၊ လွိုင်ကော်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် များတွင် အခြေခံပညာဦးစီးဌာန၊ ပညာရေး သုတေသနဌာန၊UNESCO ၊ UNICEF နှင့် အလှူရှင်များစုပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်ညိုက ပြောသည်။
''ဒီ NFMSE (Non Formal Middle School Education) ပညာရေးစနစ်တွင် ပဉ္စမတန်းအဆင့်မှ အဋ္ဌမတန်း အဆင့်ထိ စာသင်တန်း လေးခုကို ကလေးတွေရဲ့အား လပ်ချိန်ကိုယူပြီး တစ်နေ့နှစ်နာရီခွဲ သုံးနှစ် တာကာလသင်ကြားပေးသွားမှာပါ။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေဗဟုသုတများ အပြင် အသက်မွေးဝမ်းကျောင်းပညာ၊ နည်း ပညာဘာသာရပ်၊ လက်မှုပညာဘာသာရပ်တွေကို ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ကြောင်း။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်နေတဲ့ကလေးတွေမှာ ဆက်လက်ပြီး ပညာသင်ကြားခွင့်တွေရှိပါ တယ်။ ဒါကြောင့်မို့ ကျောင်းပြင်ပရောက် နေတဲ့ကလေးတွေ ဒုတိယအကြိမ်ပညာ သင်ကြားခွင့်ရရှိရေးအတွက်ရည်ရွယ်ပြီး ဒီ စီမံချက်ကို အကောင်အထည်ဖော်ဆောင် ရွက်တာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ယမန်နှစ်က မြစ်ကြီးနား၌ ကျောင်း ပြင်ပမူလတန်းအဆင့် NFMSE အနေဖြင့် သင်ကြားပေးထားသည့် ကျောင်းသားများ အနက်မှ တက်ရောက်အောင်မြင်သူများကို လည်း အလယ်တန်းအဆင့်သို့ တက်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ အလယ်တန်း အဆင့်ပြီးဆုံးပြီး စာမေးပွဲအောင်မြင်ပါက အထက်တန်းအဆင့်ကို ထပ်မံတက်ခွင့်ရကာ အောင်လက်မှတ်ပေးအပ်သွားမည်ဖြစ် ပြီး အောင်လက်မှတ်ဖြင့် နိုင်ငံခြားအကူ အညီနှင့် ပြင်ပကျောင်းတစ်ခုခုမှာ ဆက်တက်လို့ရတဲ့အခွင့်အရေးရှိပါကြောင်း၊ ယခု ပညာသင်နှစ်တွင် ကျောင်းပြင်ပအလယ် တန်းအဆင့်ဖွင့်လှစ်နိုင်ဖို့အတွက် ပညာရေး ဌာနနဲ့ အခြားသောလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလယ်တန်းအဆင့်အောင်မြင် ထားသူများကို ရှာဖွေလျက်ရှိကြောင်းသိရ သည်။
ကျောင်းသားကျောင်းသူများကိုဘာသာ ရပ်အလိုက်သင်ကြားပေးရန် လိုအပ်သော ဆရာဆရာမများကို သင်တန်းများပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။