images
UN
UN
ရွေးကောက်ပွဲရလဒ်တစ်ဖက်စောင်းနင်းနိုင်မှုနှင့် မြန်မာ့ငြိမ်းချမ်းရေး၏ဒိုင်းနမစ်များ
ပြည့်ဖြိုးနိုင် Saturday, 23 April 2016
မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းပေါ်တွင် ဖြစ်ပွား နေသော ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များမှာ ထင်သာ မြင်သာရှိသော တူညီချက်များရှိသကဲ့သို့ အဓိကကျသည့်ခြားနားချက်များလည်း ရှိနေသည်ဟု တွေ့ရှိရသည်။ နှစ်နိုင်ငံလုံးတွင် လူနည်းစု တိုင်းရင်းသားများသည် ပိုမိုကောင်းမွန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး သို့မဟုတ် အလုံးစုံလွတ်လပ်ခွင့် ရရှိရေးများအတွက် ဆယ်စုနှစ်နှင့်ချီ၍ အစိုးရများကို လက်နက်ကိုင်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြသည်။ နှစ်နိုင်ငံလုံးတွင် လူများစုဖြစ်သော တိုင်းရင်းသားအုပ်စု များက ကြီးစိုးသည့်အစိုးရများသာ စဉ် ဆက်မပြတ်ပေါ်ထွက်ခဲ့သည်။ နှစ်နိုင်ငံ လုံးရှိ တိုင်းရင်းသားလူမျိုးစုများကြားတွင် ကွဲပြားခြားနားသည့် ဘာသာစကား၊ ယဉ်ကျေးမှုအစဉ်အလာများနှင့် ကိုးကွယ် ယုံကြည်မှုများ ရှိနေကြသည်။
ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများထဲတွင် အမျိုးသားရေးနှင့် ဘာသာရေးကိုအခြေခံ သည့်ဖြစ်စဉ်များ၊ ကိုယ်ကျိုးစီးပွား၊ အစု အဖွဲ့အကျိုးစီးပွားများနှင့် မက်လုံးများမှာ နက်နက်ရှိုင်းရှိုင်း ချည်နှောင်လျက်ရှိ သည်ဟု ဆိုရမည်ဖြစ်သည်။ နှစ်နိုင်ငံလုံး တွင် ပြီးခဲ့သည့်ကာလများ၌ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြားတွင် အပစ် အခတ် ရပ်စဲရေးသဘောတူညီမှု ရယူနိုင် ခဲ့ကြသော်လည်း အဓိကဦးတည်ချက်ဖြစ် သည့် ငြိမ်းချမ်းရေးရ ယူရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ခက်ခဲသော အကြောင်းအရာများစွာ ကျန်ရှိနေသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင် နိုင်ငံတို့တွင် ရယူထားနိုင်သော ငြိမ်းချမ်း ရေးနှင့်ပတ်သက်သည့် သဘောတူညီမှု များမှာ အောင်မြင်သည့်ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု လက်ခံရမည်ဖြစ်သည်။
ဖိလစ်ပိုင်အစိုးရသည် အစ္စလာမ် ဘာသာဝင်အများစုနေထိုင်သော မိုရို ကျွန်းစုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်သတ်မှတ်မည့် ဥပဒေတစ်ရပ်ပြ ဋ္ဌာန်းရန် ကြိုးပမ်းခဲ့ရာတွင် အောင်မြင်မှု မရရှိခဲ့ခြင်းမှာ မင်ဒါနာအို ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များကို အကျပ် အတည်းတစ်ရပ်ဆီသို့ တွန်းပို့သကဲ့သို့ ဖြစ်ခဲ့သည်။ မိုရိုခေါင်းဆောင်အချို့က ဖိလစ်ပိုင်သမ္မတအကွီနိုအပေါ် ယုံကြည် မှုအပြည့်ရှိကြောင်း ပြသခဲ့သော်လည်း ကျင်းပတော့မည့် ဖိလစ်ပိုင်ရွေးကောက် ပွဲမတိုင်မီ ကာလရှည်ဖြစ်ပွားခဲ့သော ပဋိ ပက္ခများကို အဆုံးသတ်စေ မည့် ဥပဒေ ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ အလျင် အမြန်လုပ်ဆောင်ရန် အားနည်းနေခြင်း ကို မေးခွန်းထုတ်ခဲ့ကြသည်။ ထို့ကြောင့် မင်ဒါနာအို ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များသည် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်အတူ ပေါ်ထွက်လာမည့် သမ္မတသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ် စဉ်များအပေါ် မည်ကဲ့သို့ရှုမြင်သဘော ထားမည်နည်းဆိုသည့် အခြေအနေပေါ် တွင် မူတည်တော့မည်ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတသစ်အနေဖြင့် ငြိမ်း ချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များကို ထောက်ခံအားပေးကာ မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦးနှင့် ရယူထား သော နိုင်ငံရေးသဘောတူညီချက်များနှင့် ကိုက်ညီသည့် ဥပဒေပိုင်းဆိုင်ရာလိုအပ် ချက်များကို လုပ်ဆောင်မည်လား၊ သို့ မဟုတ် ဖိလစ်ပိုင်နိုင်ငံခေါင်းဆောင်သစ် အနေဖြင့် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ပိုင်ဆိုင်ခဲ့သည့် ထင်သာမြင်သာရှိသော တိုးတက်မှုများကို မျက်ကွယ်ပြုကာ သဘောထားတင်းမာသည့် လုပ်ဆောင် ချက်များကို ဆောင်ရွက်မည်လား ဆို သည့် ဖြစ်နိုင်ခြေနှစ်ခုရှိနေမည်ဖြစ်သည်။
မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ် ဦးအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် စိတ်ရှည်သည်းခံမှုနှင့် သဘောထားကြီး မှုများကို ပြသခဲ့သည်။ သို့သော် မိုရို လူမျိုးစုများအတွင်း၌ ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်များသည်ကျယ်ပြန့်သည့် အကျပ်အတည်းတစ်ရပ်နှင့် ခြိမ်းခြောက် မှုများအတွင်းသို့ ကျရောက်နေသည်ဟု ယူဆလာကာ မကျေနပ်မှုများတိုးပွားလာ ခြင်းကြောင့် ကောင်းမွန်သောအလား အလာမဟုတ်ဟု ဆိုရမည်ဖြစ်သည်။ှု အဖွဲ့နှင့် ဆက်သွယ်မှုများရှိနေသည့် မိုရို လူငယ်များ၏ အစွန်းရောက်လှုပ်ရှားမှု များ ကြီးထွားလာမှုမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များ အပေါ်ကြီးမား သည့် အကျိုးသက်ရောက်မှုများ စတင် ဖြစ်ပေါ်စေလျက်ရှိသည်။ ဖိလစ်ပိုင် တောင်ပိုင်းတွင် ဖော်ဆောင်နေသော ငြိမ်း ချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များမှာ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုမြင်သာ စေသည့်အပြင် မွတ်စလင်လက်နက်ကိုင် အုပ်စုများအနေဖြင့် အစီအစဉ်တကျ ရေး ဆွဲထားသော နိုင်ငံရေးဆွေးနွေးမှုများဖြင့် နစ်နာမှုများကိုဖြေရှင်းရန် ကြိုးပမ်းမှု၏ နမူနာကောင်းတစ်ရပ်လည်းဖြစ်သည်။ မင်ဒါနာအိုငြိမ်းချမ်းရေးဖြစ်စဉ်များ ကျ ဆုံးသွားမည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ဖြေရှင်းရခက်သော အရှုပ် အထွေးများကို ဆက်လက်ထမ်းပိုးထား သကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးကိုပစ်မှတ်ထားခြင်း
၂ဝ၁၅ခုနှစ် နိုဝင်ဘာလက ကျင်းပ ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်သည့် မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးဖြစ် သည်။ အစိုးရသစ်အနေဖြင့် တပ်မတော် က ကျောထောက်နောက်ခံပေးထားသည် ဟု သတ်မှတ်ကြသော ပြီးခဲ့သည့်အစိုးရ လက်ထက်၌ ဖော်ဆောင်ခဲ့သည့် ငြိမ်း ချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များကို ဆက်ခံကာ ဆက်လက်ဆောင်ရွက်မည် လား အသစ်ပြန်စမည်လား ဆိုသည့် အချက်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ၂ဝ၁၅ခုနှစ် အောက်တိုဘာလက တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွင် တပ်မတော်နှင့် အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ အဓိကကျသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ ပါဝင်လက်မှတ်ရေးထိုး ခဲ့ခြင်းမရှိသော်လည်း မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များအတွက် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ် ရေးထိုးခဲ့ခြင်းမှာ စောင့်ကြည့်သူများ မျှော် လင့်ခဲ့သော အခြေအနေထက် ပိုကောင်း သည့်အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီများကို ဆက်လက်ဖွဲ့စည်းခဲ့ သည့်အပြင် ဇန်နဝါရီလအတွင်းက နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကျင်းပကာလက်မှတ်ရေးထိုး ထားသောအဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေး ပွဲများ စတင်ပြုလုပ်ခဲ့သည်။
(Ref; The Tyranny Of Elections and Dynamics Of Peace By Ashley South)