images
UN
UN
မြစ်ဆုံစီမံကိန်းရွှေ့ဆိုင်းထားမှုနှင့် ပတ်သက်၍ တရုတ်နှင့်မြန်မာအစိုးရကြားတွင် ညှိနှိုင်းဖြေရှင်းရန်တရုတ်ကုမ္ပဏီမျှော်လင့်
NG Saturday, 23 April 2016
တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာဟု သတ်မှတ်ကြသောဂလိုဘယ်တိုင်းမ်သတင်း စာက ဧရာဝတီမြစ်ဆုံတွင် ဆည်တည်ဆောက်ကာရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းဖော်ဆောင် ရာတွင် ပူးပေါင်းပါဝင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သော Upstrean Ayeyawady Confluence Basin Hydropower Co.,Ltd (ACHC) ၏ ပြည်သူ့ဆက်ဆံရေး ဌာနခွဲ ဒါရိုက်တာ Jiang Lizhe က မြစ်ဆုံစီမံကိန်းရွှေ့ဆိုင်းထားမှု နှင့်ပတ်သက်၍ တရုတ်အစိုးရနှင့် မြန်မာအစိုးရကြားတွင် ညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်ရန် မျှော် လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြသည်။
Jiang Lizhe က''ကျွန်တော် တို့အနေနဲ့ ရွှေ့ဆိုင်းထားတဲ့မြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး တရုတ် အစိုးရနဲ့မြန်မာအစိုးရကြားမှာ ညှိနှိုင်းဖြေရှင်းမှုတွေပြုလုပ်ဖို့ မျှော် လင့်ပါတယ်။ ကျွန်တော်တို့အနေ နဲ့ မြန်မာအစိုးရသစ်အပေါ် အများကြီး မျှော်လင့်ထားပါတယ်။ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍတွေအပါအဝင် နှစ်နိုင်ငံလုံး အနေနဲ့ နှစ်ဖက်လုံးအကျိုးရှိစေ မယ့်ဆောင်ရွက်ချက်တွေ လုပ် ဆောင်နိုင်ဖို့ မျှော်လင့်ထားတာပါ'' ဟု ပြောသည်။
မြစ်ဆုံစီမံကိန်းကို၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ယခင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ¤င်း၏သမ္မတသက်တမ်း အတွင်း၌ စီမံကိန်းကိုဆက်လက် ဖော်ဆောင်ခြင်းမပြုလုပ်ဘဲ ရပ် ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ မြစ်ဆုံစီမံကိန်းသည် အပြီးသတ်ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဘဲ ရပ်ဆိုင်းထားခြင်းသာ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ဦးဇော်မြင့်မောင်က ''မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အလျင် စလိုချမှတ်မှာမဟုတ်ပါဘူး။ ဘယ်လို ဆက်လုပ်မယ်ဆိုတာကို ပြည်သူတွေရဲ့အသံကို နားထောင် ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့ဖူးသည်။