images
UN
UN
အရက်ဆီ ဂါလန် ၄၇ဝဝ သိုလှောင်ထားရှိမှု ယစ်မျိုးပုဒ်မဖြင့် ထပ်မံအမှုဖွင့်
မောင်ပြည်သူ(မန္တလေး) Saturday, 23 April 2016
အမှတ်(၁၈) မူးယစ်နှိမ်နင်းရေးအထူးအဖွဲ့သည် မတ် ၅ ရက်က ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက် ၆၁ လမ်း၊ စံပြလမ်းနှင့် မင်္ဂလာလမ်းကြားရှိ ကျော်ကျော်(ခ)တာကော(ခ)အိုက်ပေါင်း ကွတ် ခိုင်မြို့နယ်နေသူ ငှားရမ်းနေထိုင်သည့် အမှတ်-နန၁ဝ/၉နှင့် နန ၁ဝ/၁၈ တွဲလျက်ရှိသည့်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ အဆောက် အအုံအတွင်းနှင့် ကွန်တိန်နာဘောက်အတွင်းမှ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများအပြင့်ြွ၂ွ။------ ငြအျကဘငျ့င င်္ကျသ ၁၂ ဘီးယာဉ်ပေါ်မှ အရက်ဆီပီပါတစ်လုံးလျှင် ဂါလန် ၅ဝ စီပါ ပီပါ ၉၄ လုံး စုစုပေါင်း ဂါလန် ၄၇ဝဝ တွေ့ရှိခဲ့သဖြင့် တရားဝင် လိုင်စင်မရှိဘဲ သိုလှောင်ထားရှိခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရာ ယခုလ ၂ဝ ရက်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းက ကျော် ကျော်(ခ)တာကော(ခ)အိုက်ပေါင်းအား (ပ)၁၇၈/၂ဝ၁၆ ယစ်မျိုး ပုဒ်မ ၃ဝ(က)အရ ထပ်မံအမှုဖွင့်အရေးယူထားပြီး တိမ်းရှောင် နေသူ ကျော်ကျော်(ခ)တာကော(ခ) အိုက်ပေါင်းအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။