images
UN
UN
အစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ပြည်သူများမေးမြန်းတိုင်ကြားရန် FDA ညွှန်ချုပ်ကြေညာ
နေဇာမျိုးဆွေ Saturday, 23 April 2016
ပြည်သူများဘေးကင်းလုံခြုံ စိတ်ချရသော အစားအသောက်များ၊ ဆေးဝါးများနှင့်အလှကုန် ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပတ်ဝန်းကျင်၌သံသယရှိသော ကျန်းမာရေးကိုထိခိုက်စေနိုင် သောအစားအသောက်၊ ဆေးဝါး နှင့်အလှကုန်ပစ္စည်းများထုတ်လုပ် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပြည်သူများအကြားတွင် ဝယ်ယူ သုံးစွဲရန်နည်းမျိုးစုံဖြင့် လိုက်လံ စည်းရုံးခြင်း၊ ကြေညာခြင်းစသည့် သတင်းအချက်အလက်များကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA )ညွှန်ကြား ရေးမှူးချုပ်(နေပြည်တော်)မှ တာဝန်ရှိသူများထံ ဖုန်းနံပါတ်များ နှင့်အီးမေးလ်လိပ်စာသို့ ဆက်သွယ်၍ သတင်းပေးတိုင်ကြားနိုင်ပြီဖြစ် ကြောင်း(FDA )က ယနေ့အသိပေး ကြေညာလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်) သည် ယခုအခါ မိဘပြည်သူများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ဖြင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ် ငန်းများကို အရှိန်အဟုန်မြှင့်လျက် ဆောင်ရွက်နေပြီဖြစ်သော ကြောင့် အစားအသောက်မှ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများဆိုင်ရာ ကိစ္စရပ်များအတွက် မေးမြန်း စုံစမ်းလိုသည့်အခါတွင်လည်းကောင်း၊ သတင်းပေးပို့လို သည့်အခါတွင်လည်းကောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် (နေပြည်တော်)ရုံးမှ ဒေါက်တာထွန်းဇော် (ညွှန်ကြားရေးမှူး/ အစားအ သောက်ဌာနခွဲ)ဝ၆၇-၄ဝ၃ ၁၆၇၊ ဒေါက်တာ သိင်္ဂီဇင် (ညွှန်ကြားရေးမှူး/ဆေးဝါး ဌာနခွဲ) ဝ၆၇-၄ဝ၃ဝ၇၃၊ ဒေါက်တာဒေါ်ခင်ချစ်(ညွှန် ကြားရေးမှူး/ဓာတ်ခွဲဌာနခွဲ) ဝ၆၇-၄ဝ၃၁၆၉၊ဒေါက်တာ သဇင်ရီလှိုင်(ညွှန်ကြားရေးမှူး/ အလှကုန်၊ဆေးပစ္စည်းဌာနခွဲ) ဝ၆၇-၄ဝ၃၂၄၂၊ ဒေါက်တာ ဇင်ဇင်နွယ်(ညွှန်ကြားရေးမှူး/ ရန်ကုန်တိုင်းဒေသကြီး)ဝ၁-၃၇၇ဝ၂၉၊ဒေါက်တာ ဒေါ်ခင် စောလှ (ညွှန်ကြားရေးမှူး/ မန္တလေးတိုင်းဒေသကြီး) ဝ၂-၆၂၁၁၈၊ဝ၉-၆၅ဝဝ၂၈၅၊စီမံရေး ဌာနခွဲနေပြည်တော် ဒေါက်တာ ထွန်းလင်းအောင်(လက်ထောက် ညွှန်ကြားရေးမှူး/စီမံ) ဝ၆၇-၄ဝ၃၆ဝ၉၊ိညေစအ၁ဏ္ဍါာငေူ.ခသာ တို့သို့ ပြည်သူ များအနေဖြင့် တိုင်ကြားဆောင်ရွက်နိုင်မည်ဖြစ်သည်။