images
UN
UN
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် KNU ငြိမ်းချမ်းရေးအဖွဲ့တွေ့ဆုံ
ကျော်ကျော်လတ် Saturday, 23 April 2016
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် KNU ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံကျင်းပရာ ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့် နှုတ်ဆက်စကားပြောကြားပြီး နှစ်ဖက်တက်ရောက်လာသူများက အပြန်အလှန် မိတ်ဆက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် KNU ငြိမ်းချမ်းရေးအဖွဲ့မှ ထားဝယ်၊ မြိတ်ခရိုင်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့အပါအဝင် ခုနစ်ဦး တက်ရောက်ခဲ့ကြပြီး နယ်မြေအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာ ကိစ္စရပ်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။