images
UN
UN
ပြုံးနေတဲ့မျက်နှာ
သူရထိုက် Saturday, 23 April 2016
ကြာတော့ကြာခဲ့ပါပြီ။ တစ်ချိန်တုန်းကပေါ့။ ကျွန်တော်ခင်မင်လေးစားရတဲ့ အစ်ကိုကြီးတစ်ဦးက ကျွန်တော့်ကို အထင်တကြီးနဲ့ ကိစ္စတစ်ခုလုပ်ခိုင်းတယ်။ ကျွန်တော်က မလုပ်နိုင်တဲ့အတွက် ငြင်းဆန် လိုက်မိတယ်။ သူကကျွန်တော့်ကို ပြုံးကြည့်တယ်။ ကျွန်တော့်စိတ်ထဲ မလုံမလဲဖြစ်မိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကဗျာတစ်ပုဒ်ရေးလိုက်မိတယ်။

အပြုံးတစ်ချက်
လက်ခနဲပြုံး
ဆုံးစမရှိ၊ တွေးဆကြည့်လိုက်
သိလိုက်သလို၊ ရင်ဖိုသည်းလှိုက်
သူ...ပြုံးနေခိုက်မှာ။

ထင်ယောင်မှားနေ
သည်အခြေမှာ၊ တွေးလေတွေးလေ
ဝေးလေလေပဲ
ငေးနေမိတယ်။
နှစ်သိမ့်ပြုံးလား
ဝိုးဝါးအသိ၊ ဒွိဟစိတ်ထဲ
ထင်မရဲဘူး၊ မြင်ဆဲခဏ
ရှာမရလေ၊ အဖြေဘယ်မှာ
မသိပါနိုင်။

အပြုံး အပြုံး
လုံးဝမသိ၊ ဆုံးစမရှိ
အကြည့်မျက်ဝန်းထဲမှာလေ။
အထက်ပါကဗျာကို GEC မဂ္ဂဇင်း ၁၉၉၅ခုနှစ် ဇန်နဝါရီလထုတ်မှာ ပုံနှိပ် ဖော်ပြခြင်းခံခဲ့ရတယ်။

အပြုံးနဲ့ပတ်သက်ရင် ကမ္ဘာနဲ့ချီပြီး ထင်ရှားကျော်ကြားတာကတော့ ပန်းချီ ဆရာကြီး လီယိုနာဒိုရေးဆွဲခဲ့တဲ့ 'မိုနာလီ ဇာအပြုံး'က ထင်ရှားကျော်ကြားဆုံးပါ။ မိုနာလီဇာအပြုံးမှာ ဝေခွဲပိုင်းခြားနားလည် ဖို့ခက်ခဲနေလို့ ကမ္ဘာကျော်တာတဲ့။ လက် ခံတာ၊ လက်မခံတာအပထား သဘောတူ လား၊ မတူလား အပထား၊ မိုလာလီဇာရဲ့ အပြုံးကတော့ ကမ္ဘာကျော်တာ အမှန် ပါပဲ။
တချို့ကပြောကြတယ်။လူနဲ့တိရစ္ဆာန် ကွဲပြားခြားနားမှုဟာ ပြုံးရယ်ခြင်းဖြစ် တယ်တဲ့။ ဒီနေရာမှာ စောဒကတက်ချင် တဲ့သူတွေက 'မြင်းတွေလည်း ရယ်တတ် တာပဲ'ဆိုကြတယ်။ မြင်းကရယ်တာ မဟုတ်ပါဘူး။ ဟီတာပါ။ မြင်းကမပြုံး တတ်ပါဘူး။
ပြုံးတာကို အင်္ဂလိပ်လို Smile လို့ ခေါ်ဝေါ်သုံးစွဲတာ အားလုံးသိကြပါ တယ်။ Smile ကို ဘယ်လိုအဓိပ္ပာယ်ဖွင့် သလဲဆိုတာ လေ့လာကြည့်ရအောင်။

Smile (n) expression of the face with the cormers of the mouth turned up,showing amusement,pleasure,etc, အပြုံးဆိုတာ မျက်နှာပြင်ရဲ့ ဖော်ပြ ချက်တစ်ခုပါ။ ပါးစပ်ရဲ့ထောင့်စွန်း ကလေးကိုတွန့်ပြီး ပြတာဖြစ်သတဲ့။ သာ ယာရွှင်မြူး စိတ်ကြည်နူးတဲ့အခါမှာ ဖော်ပြတာမျိုးဖြစ်သတဲ့။
ဒါကတော့ အင်္ဂလိပ်အဘိဓာန်တစ်ခု မှာ ဖော်ပြပါရှိတာကို ဘာသာပြန်ပြီး အဓိပ္ပာယ်ဖွင့်ကြည့်မိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြုံးဆိုတာ သာယာရွှင်မြူး စိတ်ကြည်နူးတဲ့အခါမှာမှ ဖြစ်ပေါ်လာ တာမဟုတ်ပါဘူး။ ဒီ့ပြင် ဒီ့ပြင် စိတ်ခံ စားမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာလည်း ပြုံးတတ်ပါသေးတယ်။ ဆိုကြပါစို့။ မချည့်ပြုံးဆိုတာ မပြုံးချင်ဘဲပြုံးရတာမျိုး ဖြစ်မှာပါ။
တစ်နေ့က စာတစ်ပုဒ် ဖတ်လိုက်မိ တယ်။ အဲဒီစာကတော့ ပြုံးတတ်အောင် အသိ ပညာပေးတဲ့စာတစ်ပုဒ်ပါ။ 'အပြုံး ခုနစ်မျိုး'တဲ့၊ လေ့လာကြည့်ပါဦး။
(၁) မတရားသဖြင့် ခံရတဲ့အခါတည် တည်ငြိမ်ငြိမ်ပြုံးပါ၊ဒါဟာသဘော ထားကြီးခြင်းတစ်မျိုးပါတဲ့။
(၂) နစ်နာဆုံးရှုံးမှုနဲ့ကြုံရတဲ့အခါ ဆန္ဒ ရှိရှိပြုံးပါ၊ ဒါဟာ လူတွေကို ခွင့် လွှတ်နားလည်ခြင်းတစ်မျိုးပါတဲ့။
(၃) ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ ခပ်ယဲ့ယဲ့ လေးပြုံးပါ၊ ဒါဟာ ထက်မြက် ခြင်းတစ်မျိုးပါတဲ့။
(၄) အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့် လေးပြုံးပါ၊ ဒါဟာ စိတ်ကိုလှုံ့ ဆော်ခြင်းတစ်မျိုးပါတဲ့။
(၅) ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ် သက်သက်ပြုံးပါ၊ ဒါဟာ စိတ် တည်ငြိမ်ခြင်းတစ်မျိုးပါပဲတဲ့။
(၆) အပြစ်တင်ခံရတဲ့အခါ ငြိမ်ငြိမ် သက်သက်ပြုံးပါ၊ ဒါဟာ ကိုယ့် ကိုယ်ကိုယ်ယုံကြည်ခြင်းတစ်မျိုးပါ ပဲတဲ့။
(၇) အသည်းကွဲတဲ့အခါ ခပ်ပေါ့ပေါ့ လေးပြုံးပါ၊ ဒါဟာ တင်းမာမှု ကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုး ပါပဲတဲ့။