images
UN
UN
တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း အရောင်းအဝယ်အေးနေ
မေလွင် Saturday, 23 April 2016
ရန်ကုန်အိမ်ခြံမြေဈေးကွက် အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက်ရှိသော်လည်း တိုက် ခန်းအရောင်းအဝယ်မှာမူ အေး လျက်ရှိကြောင်း အိမ်ခြံမြေဈေး ကွက်အတွင်းမှ စုံစမ်းသိရသည်။
တိုက်ခန်းဈေးကွက်မှာ ဝယ် ယူမှုများထက် ငှားရမ်းနေထိုင်မှု မြင့်တက်လျက်ရှိနေဆဲဖြစ်ကြောင်း၊ ဈေးကွက်အတွင်း တိုက်ခန်းဈေး နှုန်းများအနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် တိုက်ခန်းဈေးနှုန်းများထက် ကျပ်သိန်း ၃ဝ မှစတင်၍ ဈေးနှုန်း ကျဆင်းလျက်ရှိနေသော်လည်း တိုက်ခန်းဝယ်ယူမှုများမှာ အနည်း ငယ်သာရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။
''တိုက်ခန်းတွေက အခုအချိန် မှာ အငှားက ပိုသွက်တယ်။ တိုက် ခန်းဈေးတွေက သိသိသာသာကျ နေပြီ။ ကျတယ်ဆိုပေမယ့်လည်း အရောင်းအဝယ်မှာ အဝယ်မလိုက် ဘူး၊ အဝယ်အေးတယ်။ ပြန်ရောင်း ထုတ်ချင်တာတွေ များနေတယ်။ ဈေးတွေက ဆက်ကျလာဖို့ပဲရှိတော့ အမြတ်သိပ်မရမှာစိုးလို့ ပြန်ရောင်း ချင်ကြတာမျိုးပေါ့''ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စမ်းစမ်းက ပြောသည်။
ရန်ကုန်မြို့အတွင်း ငှားရမ်း နေထိုင်မှု များပြားလျက်ရှိသည့် မြို့နယ်များမှာ ယုဇနဥယျာဉ်မြို့ တော်၊ ရှုခင်းသာအိမ်ရာ၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပ၊ မြောက် ဒဂုံ၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊လသာ၊ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်များဖြစ်သည်။ ငှားရမ်းခကျပ် ၈ဝဝဝဝ မှ ကျပ် ၂ဝဝဝဝဝ ကြားဈေးနှုန်းရှိ တိုက် ခန်းများမှာ ငှားရမ်းမှု ပိုမိုမြင့်တက် လျက်ရှိကြောင်း ဈေးကွက်အတွင်း မှ သိရသည်။
ရန်ကုန်မြို့အတွင်း အငှားဈေး ကွက် ပိုမိုတွင်ကျယ်လာရခြင်းမှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူ များပြားလာခြင်းနှင့် အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်းနှင့် ခြံမြေဈေးနှုန်းများ ကျဆင်းသည် ဟုဆိုသော်လည်း ဝန်ထမ်းများနှင့် သာမန်လူတန်းစားများအနေဖြင့် တိုက်ခန်းဝယ်ယူရန်အတွက် လက် လှမ်းမမီနိုင်သောကြောင့် အငှား ဈေးကွက်အနေဖြင့် တစ်နှစ်ထက် တစ်နှစ် ပိုမိုတွင်ကျယ်လာခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ထို့ပြင် အရောင်းအဝယ်ကျ ဆင်းလျက်ရှိသည့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပြန် လည်ဦးမော့လာစေရန်နှင့်တိုက်ခန်း ဝယ်ယူထားသူများ၏ ပိုင်ဆိုင်မှု ခိုင်မာသေချာစေရန် တိုက်ခန်း အိမ်ရာဥပဒေသစ်ကို ယခုအစိုးရ သစ်လက်ထက်တွင် အမြန်ဆုံးပေါ် ထွက်လာစေရန် လိုအပ်နေပြီဖြစ် သည်ဟု အိမ်ခြံမြေနှင့်ဆောက်လုပ် ရေးလုပ်ငန်းရှင်များကပြောသည်။
လတ်တလောတွင် ကွန်ဒို ဥပဒေ ပေါ်ထွက်လာပြီဖြစ်သော် လည်း တိုက်ခန်းအိမ်ရာဥပဒေ ထွက်ပေါ်လာခြင်းမရှိသဖြင့် မိမိတို့ ပိုင် တိုက်ခန်းများပင်ဖြစ်သော် လည်း အရောင်းအဝယ်ပြုလုပ်ရာ ၌ အရပ်စာချုပ်များဖြင့် မြေပိုင်ရှင် အသိအမှတ်ပြု လက်မှတ်ရေးထိုး စေသည့်စနစ်ဖြင့်သာ ရောင်းဝယ် နေကြရဆဲဖြစ်သည်ဟု သိရသည်။