images
UN
UN
ခြေစစ်ပွဲကိုရှောင်လွှဲလို၍ တတိယနေရာ တွင်ရပ်တည်နိုင်ရန် အာစင်ဝင်းဂါးဆန္ဒရှိ
Saturday, 23 April 2016
အာဆင်နယ်နည်းပြဝင်းဂါးက ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာဖြင့် ရာသီသိမ်းနိုင်ရန်အရေး ကြီးသည်ဟု ပြောကြားလိုက် သည်။ အာဆင်နယ်သည် စနေပွဲ များမတိုင်မီ အဆင့် ၃နေရာတွင် ရှိနေပြီး စတုတ္ထနေရာမှ မန်စီးတီး ကိုနှစ်မှတ်သာဖြတ်ထားနိုင်သည်။
ပရီးမီးယားလိဂ်တွင် အဆင့် ၄ ရရှိသောအသင်းမှာ လာမည့် နှစ်ချန်ပီယံလိဂ်တွင် နောက်ဆုံး အဆင့် ခြေစစ်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ဇွန်လနှင့် ဇူ လိုင်လအတွင်း ယူရို ၂ဝ၁၆ ပြိုင် ပွဲကို ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အာဆင်နယ်ကစားသမားအများစု ပါဝင်ကြရမည်ဖြစ်သည်။ ထို့ ကြောင့် အဆင့် ၄ နေရာဖြင့် ရာ သီသိမ်းခဲ့ပါက ကစားသမားများ အနားယူချိန် လုံလောက်စွာမရရှိ ဘဲ ချန်ပီယံလိဂ်ခြေစစ်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ရမည့်အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝင်းဂါးက ခက်ခဲနိုင်သော်လည်း အဆင့် ၃ ဖြင့် ရာသီသိမ်းနိုင်ရန် အရေးကြီးသည်ဟု ပြောကြား လိုက်ခြင်းဖြစ်သည်။
''အဆင့် ၄နေရာကို ကျွန် တော်တို့ရမယ်ဆိုရင် အခက်အခဲ ရှိနိုင်လို့ အဆင့် ၃နေရာရဖို့က အရေးကြီးပါတယ်။ လာမယ့်ရာသီ မတိုင်မီ ကစားမယ့်ရာသီကြိုပွဲစဉ် တွေနဲ့ ယူရိုပြိုင်ပွဲကြားမှာ ကစား သမားတွေရဲ့ အခြေအနေတည်ငြိမ် မှုရဖို့ အခက်အခဲရှိနိုင်ပါတယ်''ဟု ဝင်းဂါးက ပြောကြားခဲ့သည်။