images
UN
UN
ကျောက်ဆည်တွင် လေပြင်းတိုက် မိုးသီးကြွေ ချောင်းရေကြီး လူနှင့်တိရစ္ဆာန်များသေဆုံး အဆောက်အအုံများပျက်စီး
ကျော်မြ(ကျောက်ဆည်) Saturday, 23 April 2016
မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ်၌ ယမန်နေ့ညနေ ၄နာရီက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများ ကျရောက်ခြင်းကြောင့် အိမ်အမိုးများ လန်ထွက်ခြင်း၊ ပေါက်ပြဲခြင်း၊ဘုန်းတော်ကြီးကျောင်း များ၊ ဌာနဆိုင်ရာ အဆောက်အအုံ များ၊ လမ်းတံတားများ၊ အိမ်မွေး တိရစ္ဆာန်များ၊ လူများ သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင်လေ ပြင်းဒဏ်အများဆုံးခံရသော ရေ သယောက်ကျေးရွာ၊ ဖျောက်ဆိပ် ပင်ကျေးရွာ၊ သင်္ဂတုံကျေးရွာ၊ ပတ္တာကျေးရွာ၊ ကင်းကျေးရွာ၊ ရွာ သစ်ကျေးရွာများတွင် အများဆုံး လေပြင်းဒဏ်ခံရပြီး ရေသယောက် ကျေးရွာတွင် နွားကျောင်းသွားစဉ် လူခြောက်ဦး ပျောက်ဆုံး၊ ငါးဦးမှာ တောင်ကျချောင်းရေတွင် မျောပါ သေဆုံးနေကြောင်း တွေ့ရှိရသည်။ ကျောက်ဆည်မြို့နယ်တွင် ဌာနဆိုင် ရာအဆောက်အအုံငါးခု၊ဘုန်းတော် ကြီးကျောင်း ၁၄ကျောင်း၊ လူနေ အိမ် ၈၂၄လုံး၊ တိရစ္ဆာန်များစွာ သေဆုံးပြီး စေတီပုထိုးများ ပျက် စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု ရေသ ယောက်ကျေးရွာတစ်ရွာတည်းတွင် ငါးဦးသေဆုံးကြောင်းကနဦးသတင်း အရ သိရသည်။ ကျောက်ဆည်မြို့ နှင့် ချောင်းဆုံကျေးရွာသွားရာ ကားလမ်းပေါ်တွင် သစ်ပင်များ လဲကျနေသဖြင့် သုံးနာရီကျော်ကြာ ယာဉ်သွားလာမှုရပ်တန့်ခဲ့ပြီးဆင်မင်း စက်ရုံ၏အရှေ့ဘက် တံတားနှင့် အနောက်ဘက်တံတား နှစ်စင်း ချောင်းရေတွင် မျောပါပျက်စီးသွား သဖြင့် ၄င်းချောင်းရေကြောင့် ဝန် ထမ်းများကြိုပို့ယာဉ် ဖြတ်ကျော် နိုင်ခြင်းမရှိ၍ ငါးနာရီကျော်ကြာမှ ချောင်းရေအား ဖြတ်ကူးနိုင်ကာ ရုံး ဆင်းနိုင်ကြောင်းသိရသည်။ဖျောက် ဆိပ်ပင်ကျေးရွာတွင် တစ်လက်မ ခန့်မှငါးလက်မခန့်ထိမိုးသီးများကျ ရောက်၍အိမ်အမိုးသွပ်များပေါက် ပြဲလျက်ရှိကြောင်း သိရသည်။