images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းပုသိမ်ခရိုင်အတွင်းရှိ ခရိုင် မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ
ပုသိမ်ကိုကိုလတ် Monday, 09 May 2016
ဧရာဝတီတိုင်းဒေသကြီးပုသိမ် မြို့မဟာဗန္ဓုလလမ်းနှင့်ထောင်ကုန်း လမ်းထောင့်ရှိတိုင်းဒေသကြီးပါတီ ရုံးခန်းမ၌ ယနေ့ နံနက် ၉နာရီက ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပုသိမ်ခရိုင်အတွင်း ရှိ ပုသိမ်၊ကန်ကြီးထောင့်၊ကျောင်း ကုန်း၊ရေကြည်၊ ကျုံပျော်၊ငပုတော၊ သာပေါင်းခုနစ်မြို့နယ်မှ ပါတီ အတွင်းရေးမှူးများနှင့် ကော်မတီ ဝင်များ တွေ့ဆုံပွဲကျင်းပခဲ့သည်။ ဦးစွာဗဟိုအတွင်းရေးမှူးက''၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် ယခုပြန် လည်တွေ့ဆုံမှုဖြစ်ကြောင်း၊ မိမိတို့ ပါတီသည်ရှုံးနိမ့်ပြီးနောက် မည်ကဲ့ သို့ရှေ့ဆက်မည်၊၂ဝ၂ဝရွေးကောက် ပွဲတွင်ပြန်လည်အနိုင်ရရှိရန် ဆောင် ရွက်ရမည့်ကိစ္စများ၊ မည်သူ့ကိုမှ အားမကိုးဘဲယုံကြည်ချက်၊ခံယူချက် ခိုင်မာစွာဖြင့်ပြန်လည်တည်ဆောက် ကြရန်၊ဘောလုံးပွဲကဲ့သို့ အနိုင်အရှုံး ရှိမည်ဖြစ်ပြီး ထွက်ပေါ်လာသည့် ရလဒ်အပေါ် ခံနိုင်ရည်ရှိကြရန်၊ အစိုးရ၊ပါတီ၊ လွှတ်တော်ပူးပေါင်း ဆောင်ရွက်နိုင်မှု လွန်စွာအားနည်း ကြောင်းKnow Yourself ဖြစ်ရန် လိုကြောင်း၊ပါတီဝင်တိုင်းသည်ပါတီ စည်းမျဉ်း/စည်းကမ်းများကို လိုက် နာကြရန်လိုကြောင်း၊ ပါတီတစ်ခု တွင် ပါတီညီလာခံသည်အမြင့်ဆုံး ဖြစ်ကြောင်း၊ရှုံးနိမ့်မှုအပေါ်စိတ်ဓာတ် ကျနေ၍မဖြစ်ကြောင်း၊ စည်းမှူး များက ရွေးကောက်ပွဲကာလတွင် ဇာတ်နာအောင်မပြောနိုင်ခဲ့ကြောင်း၊ ကြီးမားသည့် အောင်မြင်မှုရရှိရန် ကြီးမားသည့် အခက်အခဲများကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။
ဆက်လက်၍ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်က ပါတီရှုံးနိမ့်မှု၊ ECလျှော့ချမှု၊စရိတ်ဖြတ်တောက်မှု ကြောင့် ပါတီတွင်းအခြေအနေဆိုး ရွားခဲ့ကြောင်း၊ ထိုသို့သောအခြေ အနေမျိုးတွင် ပါတီဗဟိုမှ သုတေ သနပြုလုပ်ပြီး အဖြေဆန်းစစ်သွား ရန် လူငယ်သည်အနာဂတ်ဖြစ်၍ ငါးနှစ်တာသင်ခန်းစာယူပြီး ခဝါချ ကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထို့ နောက် တက်ရောက်လာသည့် မြို့ နယ်များက လက်တွေ့ဆောင်ရွက် မှုအပေါ် ကြုံတွေ့ရသည့်အခက် အခဲများကိုတင်ပြရာ ဗဟိုအတွင်း ရေးမှူးကနိဂုံးချုပ်အမှာစကားပြော ကြားကာ မွန်းလွဲ ၁နာရီခွဲတွင် အခမ်းအနားပြီးဆုံးခဲ့သည်။ ယနေ့ အခမ်းအနားသို့ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူဗဟိုကော်မတီ ဝင်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်တင်မြင့်၊တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ပုသိမ်ခရိုင်အတွင်း ရေးမှူးဦးကျော်ကျော်နှင့်ခရိုင်ကော်မတီ ဝင်များ၊ခုနစ်မြို့နယ်မှအတွင်းရေး မှူးများနှင့်မြို့နယ်ကော်မတီဝင်များ စုစုပေါင်း၉ဝတက်ရောက်ခဲ့သည်။