images
UN
UN
ရန်ကုန်မြို့ကို သမိုင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးမည်
မိလဲ့ Tuesday, 24 May 2016
ရန်ကုန်မြို့တွင် ပြောင်းလဲမှုများစတင်တော့မည်ဖြစ်သည့်အတွက် ရှေးဟောင်းအမွေအနှစ်ဗိသုကာလက်ရာ အဆောက်အအုံများ၊ လူနေမှုဘဝ အမျိုးမျိုးတို့ကို သမိုင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးမည့်အစီအစဉ်တစ်ခုအား “We Live in Yangon” Photography Project အမည်ဖြင့်ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ ''ဓာတ်ပုံပညာစိတ်ဝင်စားတဲ့သူတွေကို လျှောက်လွှာခေါ်ပြီး Project အနေနဲ့လုပ်လိုက်တာပါ။ အရင်နှစ်ကတော့ Yagon Gallery က Sponsor အနေနဲ့အဓိကပေးတယ်။ ဒီနှစ်ကတော့ AMT (Academy of Management&Technology)က Main Sponsor အနေနဲ့ပေးမှာပါ။ အခြားကတော့ ရှာနေတုန်းပဲ။ မရရင် တော့ AMT က ပဲအစစအရာရာပေးမှာပါ''ဟု Project Leader ဓာတ်ပုံဆရာကိုကျော်ကျော်ဝင်း ကပြောသည်။
ယင်းအစီအစဉ်တွင် စိတ်ပါဝင်စားသူများအနေဖြင့် Digital Camera လက်ဝယ်ရှိပြီး ဓာတ်ပုံပညာကိုစိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
''မြန်မာနိုင်ငံက သူများနိုင်ငံတွေနဲ့ယှဉ်ရင် အရင်တုန်းက နိမ့်ကျတယ်။ အခုက သူများနိုင်ငံတွေနဲ့ ယှဉ်ပြီးပြောင်းလဲနေလို့ ဒါကိုမှတ်တမ်းအနေနဲ့ထားသင့်တယ်ထင်လို့ အခုလိုလုပ်တာပါ။ မြန်မာနိုင်ငံသားဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ နောင်တစ်ချိန်မှာ ဒါတွေက အကျိုးရှိမယ်ထင်လို့လုပ်တာပါ''ဟု ကိုကျော်ကျော်ဝင်း ကပြောသည်။
လက်ရှိရန်ကုန်မြို့တွင်ရှိသော အဆောက်အအုံများ၊ ရှေးဟောင်း အဆောက်အအုံများ၊ လူနေမှုစနစ်မျိုးစုံ၊ လူမျိုးပေါင်းစုံ၏ယဉ်ကျေး မှုမျိုးစုံ၊ ပို့ဆောင်ဆက်သွယ်ရေးစသည်များကို ခေါင်းစဉ်များခွဲ၍ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ယင်းအစီအစဉ်တွင် ပါဝင်ရိုက်ကူးခွင့်ရရှိသူများအနေဖြင့် မိမိတို့ရိုက်ကူးထားသောဓာတ်ပုံများကို “ We Live in Yangon” ဓာတ်ပုံပြပွဲ၊ ဓာတ်ပုံပြိုင်ပွဲနှင့် ထုတ်ဝေမည့်ဓာတ်ပုံစာအုပ်များမှာ ပါဝင်ဖော်ပြခွင့်ရရှိကြမ ည်ဖြစ်ကြောင်း သိရသည်။
''ရိုက်ထားတဲ့ဓာတ်ပုံတွေထဲကမှ အကောင်းဆုံးပုံရွေးပြီး သြဂုတ်လမှာဓာတ်ပုံပြပွဲလုပ်မှာပါ''ဟု ကိုကျော်ကျော်ဝင်းကပြော သည်။
ယင်းအစီအစဉ်ကို စိတ်ဝင်စားသူများအနေဖြင့် ယခုလ ၂၈ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအတွင်း AMT(Academy of Management & Technology) သို့ လာရောက်လျှောက်လွှာ တင်ရမည်ဖြစ်ပြီး လာရောက်လျှောက်ထားသူများထဲမှ ယခုအစီ အစဉ်တွင် အမှန်တကယ်အချိန်ပေးနိုင်သူ ၂၅ ဦးအား လက်ခံသွား မည်ဖြစ်သည်။

Project အကြိုဆွေးနွေးပွဲကို ယခုလ ၂၉၊ ၃ဝ၊ ၃၁ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်မည်ဖြစ်ကာ ဇွန် ၁ မှ ၄ ရက်အထိ၊ ဇွန် ၁၃ မှ ၁၈ ရက်အထိ၊ ဇွန် ၂၇ မှ ၃ဝ ရက်အထိသုံးကြိမ်ရိုက်ကူးမည်ဖြစ်သောကြောင့် အနည်းဆုံးခုနစ် ရက်လိုက်ပါရိုက်ကူးနိုင်ရမည်ဖြစ်သည်။ စုပေါင်းရိုက်ကူးရေးမရှိ သောနေ့များတွင် အိမ်စာပေးပြီး မိမိဘာသာရိုက်ကူးခြင်း၊ ရိုက်ပြီး ပုံများကို အဖွဲ့လိုက်စုစည်းရွေးချယ်အကဲဖြတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ Project လုပ်ဆောင်စဉ်အတွင်း ဓာတ်ပုံပညာဆွေးနွေးပွဲနှင့် စကားဝိုင်းများကိုလည်း ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။