images
UN
UN
နေလောင်ခြင်းနှင့်အရေပြားကင်ဆာလျော့ကျစေရေး နေရောင်ကာခရင်မ် ရွေးချယ်အသုံးပြုပေး
K.K (IK) Tuesday, 07 June 2016
နေရောင်ကာခရင်မ်များလိမ်း ခြင်းသည် အရေပြားကင်ဆာဖြစ် ပွားမှုအား ကာကွယ်ပေးသည်ဟူ သည့် လေ့လာတွေ့ရှိချက် ထွက် ပေါ်လာခဲ့ပြီးနောက် နေလောင်မှု နှင့်အရေပြားကင်ဆာကို ကိုယ် တိုင်ကာကွယ်မှုပြုနိုင်ရန်ကျွမ်းကျင် သူများက နေရောင်ကာခရင်မ်များ အား အသုံးပြုပုံနှင့်မှန်ကန်သည့် ကုန်ပစ္စည်းများရွေးချယ်ပုံများကို နမူနာအားဖြင့်ဖော်ပြထားသည်။ အရေပြားကင်ဆာဖြစ်ပွားမှုသည် အမေရိကန်နိုင်ငံတွင် ငါးဦး၌ တစ်ဦးဖြစ်ပွားလေ့ရှိသည်။
အချို့သောသူများသည် အရေ ပြားကင်ဆာခံစားရနေရစဉ်တွင်ပင် နေရောင်ကာခရင်မ် သုံးစွဲခြင်းဟူ သည့်အခြေခံသတိပေးမှုများကို ပင်ဥပေက္ခာပြုထားနေဆဲဖြစ်သည်။ ထိုသို့ပြုလုပ်မှုများ၏ရိုက်ခတ်မှု အဖြစ်အရေပြားကင်ဆာဖြင့် သေ ဆုံးနေမှုများရှိနေရခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိမှုအသစ်တစ်ခုက ပြောကြားခဲ့သည်။
သုတေသီများသည်အရေပြား ကင်ဆာခံစားနေရသော အရွယ် ရောက်နေသူ ၇၆ဝနှင့် ထိုကဲ့သို့ အနာရောဂါမရှိသူ၃၄ဝဝဝတို့အား လေ့လာဆန်းစစ်မှုအရ အရေပြား ကင်ဆာ၏နောက်ကြောင်းရာဇဝင် ကိုဆန်းစစ်ကြည့်လျှင် အနည်း ငယ်သော နေလောင်မှုများကြောင့် အရေပြားကင်ဆာမဖြစ်ပေါ်နိုင် ကြောင်း သိရသည်။ သို့သော် အံ့သြစရာ ကောင်းလောက်အောင် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်နေသည်ကို တွေ့ရှိနေရ ကြောင်းလည်းသိရသည်။ ယခု ခေတ်အခါသည် အပူလွန်ကဲလာ ကာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ လာမှုများကြောင့် လူသားတို့သည် နေရောင်ခြည်ကိုထိတွေ့မှုကြောင့် အသားအရေပျက်စီးမှုများဖြစ်ပေါ် နေခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ငါးဦး လျှင်တစ်ဦးနှုန်းသည် အရေပြား နှင့်ပတ်သက်သည့်ရောဂါများ ခံ စားနေရပြီး ထိုထဲမှတစ်ဦးနှုန်း သည်အရေပြားပေါ်တွင်အစက် အပြောက်များဖြစ်ပွားသည့်ကင်ဆာ ရောဂါဖြင့် နာရီတိုင်းတွင်သေဆုံး နေကြောင်း American Academy of Dermatology ၏ ဖော်ပြချက်အရသိရသည်။ ထို့ ကြောင့်နေရောင်ကာခရင်မ်များကို ဂရုတစိုက်လိမ်းပေးရန် အလွန် အရေးကြီးကြောင်း ဖော်ပြထား ပါသည်။
ထိုသို့ အချိန်မတိုင်မီ အိုမင်း ခြင်းနှင့် အရေပြားကင်ဆာမဖြစ် ပွားရန်အတွက် အရေပြားကိုနေ မလောင်စေရန် လိမ်းခြယ်မည့် နေရောင်ကာခရင်မ်များကိုရွေးချယ် ရာတွင် ကျယ်ပြန့်လွန်းသည့် နေ ရောင်ခြည်များ (သို့) UVA နှင့် UVB ရောင်ခြည်များကို အထူး ကာကွယ်ပေးသည့်နေရောင်ကာ ခရင်မ်များ ရွေးချယ်အသုံးပြုသင့် သည်။ထိုနေရောင်ကာခရင်မ်တွင် SPF 30 နှင့်အထက် ပါဝင်ပြီး ရေစိုခံနိုင်သည့်ခရင်မ်များကို ရွေး ချယ်အသုံးရမည်ဖြစ်သည်။
နေရောင်ကာခရင်မ်ကို လိမ်း ခြယ်ရာတွင်လည်း သင့်တော်သ လိုထပ်မံပြီးလိမ်းခြယ်ရမည်ဖြစ် ပြီးကျောဘက်မမြင်အပ်သည့်နေရာ များတွင်ဖြစ်ပွားနေသည့်အစက် အပြောက်များကိုလည်း အလေး ထားလိမ်းခြယ်ရမည်ဖြစ်သည်။

Source : Techtimes.com