images
UN
UN
ဗိသုကာပညာရှင်ဖြစ်အောင် ကြိုးစားမည့် ဘာသာစုံဂုဏ်ထူးရှင် မကြည်ဖြူမြတ်နိုး
ကျော်ဇင် Saturday, 11 June 2016
၂ဝ၁၅-၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ခုံအမှတ် ဆကရ-၂၈၈ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ ဘာသာစုံ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မကြည်ဖြူမြတ်နိုးကို မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ မကြည်ဖြူမြတ်နိုး၏ မိဘများမှာ ဖခင်-ဦးမောင်မောင်နှစ်(ခ) ဦးမော်ကြီး၊ မိခင်-ဒေါ်အေးသက်မွန်(ခ)အဆိုတော် သီရိ ကိုကိုဖြစ်ပါသည်။
• သမီးကြည်ဖြူမြတ်နိုးဟာ ငယ်ငယ် လေးကတည်းက ဆုတံဆိပ်တွေအများ ကြီး ရရှိခဲ့တယ်။ ဆုရရှိခဲ့ပုံတွေကိုပြော ပါဦး။
သူငယ်တန်းကနေတက္ကသိုလ်ဝင်တန်း အထိ ကျောင်းဆု၊ မြို့နယ်ထူးချွန်ဆုတွေရ ရှိခဲ့ပါတယ်။ ဘက်စုံထူးချွန်၊ စာပေ ထူးချွန်၊ ဘာသာရပ်ထူးချွန်ဆုတွေလည်း ရရှိခဲ့ပါတယ်။ ထူးချွန်ဆုတွေကတော့ သုံး တန်းက စပေးတာပေါ့။ ကျန်တဲ့ဆုတွေက တော့ နှစ်စဉ်ရရှိခဲ့တာပါ။

• အခုလိုဘာသာစုံဂုဏ်ထူးထွက်အောင် ဘာသာရပ်တွေကို ဘယ်လိုများလေ့လာခဲ့ ပါသလဲ။ အချိန်ဇယားတွေနဲ့ လေ့လာပါ သလား။
အချိန်ဇယားတွေတော့ မထားပါဘူး။ တစ်နေ့စာတစ်နေ့ အကြွေးမထားဘဲကျက် တယ်။ ဆရာဆရာမတွေ လုပ်ခိုင်းတဲ့ လေ့ကျင့်ခန်းတွေ၊ အိမ်စာတွေ မပျက် မကွက် မှန်မှန်လုပ်တယ်။ စာမေးပွဲတွေ မှန်မှန်ဖြေတယ်။ အိပ်ရေးအပျက်မခံဘူး ပေါ့။ အိပ်ချိန်ကို တစ်နေ့ခုနစ်နာရီ ပုံမှန် အိပ်တယ်။ တစ်ခါတလေ စာမေးပွဲရှိရင် တောင် ခြောက်နာရီတော့ အနည်းဆုံးအိပ် တယ်။

• ဟုတ်ပါပြီသမီး၊ မြန်မာစာဂုဏ်ထူး ထွက်ဖို့ ဘယ်လိုလေ့လာကြိုးစားခဲ့ရသလဲ ဆိုတာ ပြောပြပါဦး။
ဆရာဆရာမတွေသင်ကြားတဲ့ အချိန်၊ ရှင်းပြတဲ့အချိန်တွေမှာ မပျက်မကွက် သေ ချာဂရုစိုက်သင်ယူတယ်။ စာကိုအကြွေး မထားဘဲကျက်တယ်။ စာစီစာကုံးတွေ အမြဲလေ့လာတယ်။

• စာစီစာကုံးကောင်းရေးနိုင်ဖို့အတွက် ဗဟုသုတရရှိအောင် ဘယ်လိုစာအုပ်တွေ ကိုလေ့လာလဲ။
စာစီစာကုံးစာအုပ်တွေ အများကြီး ဖတ်တယ်။ ငယ်ငယ်ကတည်းက ငါးတန်း လောက်ကတည်းက နွေရာသီကျောင်းပိတ် ရက်ဆို စာစီစာကုံးသီးသန့်အမြဲသင်တယ်။

• ပညာရေးအပြင် တခြားဘာစိတ်ဝင် စားသေးလဲ။
သမီးက K Pop ကြိုက်တယ်။ ကိုရီး ယားလိုကိုယ်တိုင်သီချင်းစပ်ပြီးလဲဆိုတယ်။ သမီးကြိုက်တဲ့ 2NE1 ထဲက BOM ရဲ့ မွေးနေ့အတွက် ရေးတာဆိုတာဖြစ်တယ်။

• ကိုရီးယားလို သီချင်းစပ်တယ်ဆိုတော့ ကိုရီးယားစကားတတ်လို့ပေါ့။
နည်းနည်းပါးပါး ရေးတတ်ပြောတတ် တယ်။ ခုနစ်တန်းလောက်ကတည်းက ကိုရီးယားစကားကို အင်တာနက်ကနေ လေ့လာတယ်။ အခုတော့ ဆရာမတစ်ဦး နဲ့ ဂျပန်စာသင်နေပါတယ်။

• သမီးရည်ရွယ်ချက်ကဘာလဲ။
Architect ၊ ငယ်ငယ်ကတည်းက ပန်းချီဝါသနာပါတာ။ ဖေဖေက ဆရာဝန် လုပ်စေချင်ပေမဲ့ သမီးကဗိသုကာပညာ ရှင်(Architect) ပဲလုပ်မယ်။ အမှတ်မီရင် ဗမခ့ငအနခအ ပဲလျှောက်မှာပါ။ အမှတ်မီ မယ်လို့လည်းထင်ပါတယ်။

• အမှတ်ဘယ်လောက်ရမယ်ထင်လဲ။
၅၄ဝအထက်မှာရှိမယ်လို့ထင်ပါတယ်။