images
UN
UN
ဂုဏ်ထူးနှစ်ခုက မျှော်မှန်းထားတာထက် နည်းသွားတယ်ဆိုတဲ့ အကယ်ဒမီ ယွန်းယွန်း အထက(၃) ဗိုလ်တထောင်မြို့နယ်တွင်ဖြေဆိုပြီး မြန်မာစာ၊ ဇီဝဗေဒ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
မေစုဟန် Saturday, 11 June 2016
• တက္ကသိုလ်ဝင်တန်းအောင်ချက်နည်းတဲ့ နှစ်မှာ ဂုဏ်ထူးနှစ်ခုပါတယ်ဆိုတော့ ဝမ်း သာမှုလေးပြောပြပါဦး။
ဒီလိုမျိုးနှစ်မှာ အခုလိုမျိုးထူးထူးချွန် ချွန်အောင်ရတဲ့အတွက် ဝမ်းသာပါတယ်။ သမီးကတော့ ဒီထက်ပိုမှန်းပြီး ကြိုးစား ထားတာပေါ့။ ဒီလောက်နဲ့လည်း ကျေနပ် ပါတယ်။ သမီးနဲ့အတူ တခြားအောင်တဲ့ သူငယ်ချင်းတွေ အကုန်လုံးကိုလည်းကွန် ကရက်ကျူလေးရှင်းပါလို့ပြောချင်ပါတယ်။

• ကိုယ်မျှော်မှန်းထားတာထက် ဂုဏ်ထူး နည်းသွားတာပေါ့။
အဲ့ဒီလိုဖြစ်သွားတာပေါ့။

• တက္ကသိုလ်ဝင်တန်းတက်ရောက်မယ့် ကျောင်းသား ကျောင်းသူတွေကို ညီမလေး အတွေ့အကြုံတွေမျှဝေပေးပါဦး။
အခုခေတ်က ငယ်လေပိုတော်လေပဲ လေ။ အဲဒီအတွက် သူတို့လည်း ဆရာ ကောင်း သမားကောင်းတွေနဲ့တွေ့ရင်အဆင် ပြေမှာပါလို့၊ သမီးအတွေ့အကြုံကတော့ ဒူးလောက်တင်မှ ရင်လောက်ကျမှာပါ။ တော်တော်များများ အဲဒီလိုမျိုးမှန်းထားမှ၊ ပြီးရင် ဖြေနိုင်တယ်ဆိုရင်လည်း ဖြေနိုင် သလောက်ကိုမတွက်ထားဘဲနဲ့ ၁ဝ မှတ် လျှော့တွက်ထားမှတော်ကာကျမယ်ဆိုတာ သင်ခန်းစာရသွားတာပေါ့။

• ရှေ့ဆက်မယ့် ပညာရေးလမ်းကြောင်း ကို ပြောပြပေးပါဦး။
ပညာရေးကတော့ နွေရာသီကျောင်း ပိတ်ရက်ကတည်းကသင်တန်းတစ်ခုတက် နေတယ်။ MHR မှာ စီးပွားရေးနဲ့ဆိုင်တဲ့ သင်တန်းပါ။သမီးအနေနဲ့ အဓိကမိဘတွေ စိတ်ချမ်းသာစေချင်တာပေါ့။ ဂုဏ်ထူး နှစ်ခုဆိုပေမဲ့ မိဘတွေ စိတ်ချမ်းသာတာ တွေ့လို့ ဝမ်းသာပါတယ်။ အခုရှေ့ဆက် လျှောက်မယ့်ပညာရေးကလည်းတက္ကသိုလ် ဝင်တန်းအမှတ်မသိရသေးတော့ တက္ကသိုလ် က ရွေးချယ်လို့ မရသေးဘူးပေါ့။ လော လောဆယ်သမီးအခုတက်နေတဲ့ MHR မှာ စီးပွားရေးသင်တန်းကို ဆုံးခန်းတိုင်အောင် ကြိုးစားတက်ဖို့ စီစဉ်ထားပါတယ်။