images
UN
UN
ပြည်သူလူထုပူးပေါင်းပါဝင်သည့်ပိုက်လော့စီမံချက်ရက်အကန့် အသတ်မထားဘဲ ဒေသတစ်ခုလုံးလွှမ်းခြုံအောင်လုပ်မည်
ဝင်းဦး Thursday, 30 June 2016
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုနဲ့ မြို့နယ်တစ်ခုစီမှာ ပိုက်လော့အမည်ပေးထားတဲ့ မှုခင်းကျဆင်းရေးစီမံချက်ကို ဇွန် ၁၄ ရက်ကစပြီး လုပ်ဆောင်နေတယ်လို့ ပြောကြား ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်တို့ကို ပြည်ထောင်စုနေ့စဉ်သတင်းစာမှ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြခြင်းဖြစ်ပါသည်။

အဲဒီစီမံချက်ဆောင်ရွက်နေတဲ့ မြို့နယ်လေးခုဟာဆိုရင် ရန်ကုန် တိုင်းဒေသကြီးရဲ့ မှုခင်းဖြစ်ပွား တတ်တဲ့နေရာမှာ ထိပ်ဆုံးက ရပ် တည်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလနဲ့ဇွန်လတတိယပတ် အတွင်းမှာဆိုရင် ဒေသခံပြည်သူ တွေဟာဖြစ်ပွားခဲ့တဲ့မှုခင်းတွေကို ကြည့်ပြီး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ကြတယ်လို့ သူတို့ရဲ့ ပြော ကြားမှုတွေအရ သိခဲ့ရပါတယ်။
ဇွန် ၁၄ရက်မှစပြီး ပိုက်လော့ စီမံချက်ရောက်ရှိလာချိန်မှာတော့ အဲဒီမြို့နယ်လေးခုမှာသာမန် ဖြစ် လေ့ဖြစ်ထရှိတဲ့(ဥပမာ-မိသားစု ဝင်ချင်း စကားများရန်ဖြစ်မှု) ကိစ္စရပ်လောက်ကလွဲပြီး အခြား ကြီးကြီးမားမား (ဥပမာ-လူသတ် မှု၊ လုယက်မှု)မရှိသလောက်ဖြစ် သွားတာကြောင့် ပြည်သူတွေရဲ့ စိုးရိမ်စိတ်ဟာ ဇွန်လတတိယပတ် ထဲမှာပြန်လည်လျော့ကျလာတယ် လို့ကြားသိရပါတယ်။
အခုလို မှုခင်းဖြစ်ပွားမှုလျော့ ကျလာတာက ပြည်သူတွေရဲ့ပူး ပေါင်းပါဝင်လာမှုဟာ အဓိကကျ တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ် တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ရဲမှူးချုပ်ဝင်းနိုင်နဲ့ ရဲမှူးကြီးဝင်းဗိုလ်တို့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ပိုက်လော့စီမံချက်ဟာ ချက် ချင်းထိရောက်မှုရှိတာကို တွေ့ရ တဲ့အတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းနေထိုင်ကြတဲ့ ၇ ဒသမ ၃ သန်းကျော်သောပြည်သူ တွေ (၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူမှုစာရင်းအရကျူးကျော် မပါ)အတွက်ဆက်လက်အကောင် အထည်ဖော်ပေးဖို့အစီအစဉ်ရှိ မရှိ သိရှိနိုင်ဖို့ ပြည်ထောင်စုနေ့စဉ် သတင်းစာက ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင် နှင့်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်တို့ကို တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။
• အမှုအခင်းတွေဖြစ်ပေါ်ကြ တယ်။ ဒုစရိုက်မှုတွေကျူးလွန် ကြတယ်ဆိုတာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာနဲ့ ဒုစရိုက်မှုကျူးလွန် မယ့်သူတွေကိုဘယ်လိုသတိပေး စကားပြောကြားပေးချင်တယ်ဆို တာကိုပထမဆုံးပြောပေးပါလား။
ပြစ်မှုပြုလုပ်မယ့်သူနဲ့ ပြစ်မှု ပြုလုပ်ခံရမယ့်သူတို့ဆုံတဲ့ အချိန် ပြစ်မှုကျူးလွန်ဖို့အခြေအနေ ဖန် တီးလာမယ်၊ တွန်းအားပေးလာ မယ်ဆိုရင်အမှုအခင်းဖြစ်ပေါ်လာ တတ်တယ်။ ဥပမာ-လှိုင်သာယာ မြို့နယ်ဆိုရင် စက်မှုဇုန်တွေများ တယ်။ စက်ရုံဆင်းချိန်က ညနေ ပိုင်း၊ ညပိုင်းမှောင်တဲ့ အချိန် ဖြစ်တယ်။ အများအားဖြင့် ကြိုပို့ ကားတွေ၊ အုပ်စုအဖွဲ့တွေနဲ့ ပြန် တတ်ပေမဲ့ ငယ်ရွယ်သူသမီးရည်း စားတွေချိန်းတွေ့တဲ့အခါ အလင်း ရောင်ရှိတဲ့နေရာ၊ လူအများ ရှိ တတ်တဲ့နေရာရဲ့ဆန့်ကျင်ဘက်မှာ တွေ့တတ်ကြတယ်။ အဲဒီအချိန် ပြစ်မှုကျူးလွန်မယ့်သူနဲ့တွေ့တဲ့ အခါအခြေအနေကဖန်တီးလာ တယ်။ နောက်တစ်ချက်က စား ဝတ်နေရေးအဆင်မပြေဖြစ်နေတဲ့ သူဟာဒီလိုအခြေအနေမျိုးကြုံလာ ရင်လည်း ပြစ်မှုကျူးလွန်ဖို့ လှုံ့ ဆော်တာခံရတတ်တယ်။ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့မှုခင်းကြိုတင် ကာကွယ်တားဆီးရေးလုပ်ဆောင် ရာမှာပညာပေးမှုအပိုင်းကိုလည်း အဓိကလုပ်ဆောင်နေတာဖြစ်လို့ ပြည်သူတွေပူးပေါင်းပါဝင်မယ် ဆိုရင်မှုခင်းဖြစ်စဉ်တွေ လျော့ နည်းကျဆင်းသွားမှာဖြစ်တယ်။ ဒုစရိုက်မှု ကျူးလွန်မယ့်သူပဲဖြစ် ဖြစ်၊ အခြားအမှုအခင်းပဲဖြစ်ဖြစ် မပြုလုပ်၊ မကျူးလွန်ဘဲ ဥပဒေ ဘောင်ထဲက နေထိုင်ကြဖို့နဲ့ကျူး လွန်မိပြီဆိုရင်တရားဥပဒေနဲ့အညီ အရေးယူခံရမယ်ဆိုတာသတိပေး ပြောချင်ပါတယ်။

• ပိုက်လော့စီမံချက်ရဲ့လတ်တ လောအနေအထားအပေါ်အားရ ကျေနပ်မှုရှိပါသလား။ဘယ်လောက် ကာလအထိ ဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတာသိချင်ပါတယ်။
ရှေ့ပြေးစီမံချက်အနေနဲ့ အမှု အခင်းအဓိကဖြစ်ပေါ်တတ်တဲ့ မြို့ နယ်လေးခုမှာ ဇွန် ၁၄ရက်က ပိုက်လော့စီမံချက် စခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ထံတင်ပြပြီး ခွင့်ပြုချက်တောင်းခံ တယ်။ ခွင့်ပြုချက်ရတာနဲ့ချက် ချင်းလုပ်ခဲ့တယ်။ ခရိုင်တစ်ခုချင်း စီက အဓိကအမှုအခင်းဖြစ်တတ် တဲ့ မြို့နယ်တစ်ခုစီမှာ စပြီးလုပ် ဆောင်တယ်။ အရှေ့ပိုင်းခရိုင်က တောင်ဒဂုံမြို့နယ်၊ အနောက်ပိုင်း ခရိုင်က ကမာရွတ်မြို့နယ်၊တောင် ပိုင်းခရိုင်က သန်လျင်မြို့နယ်နဲ့ မြောက်ပိုင်းခရိုင်က လှိုင်သာယာ မြို့နယ်တွေဖြစ်တယ်။