images
UN
UN
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းချုပ်ရုံး၏ သဘောထားထုတ်ပြန်ကြေညာချက်အတုနှင့်ပတ်သက်၍ အသင်းချုပ်ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးတင်ဝင်းနှင့်တွေ့ဆုံခြင်း
နေထက်ဝေ Saturday, 09 July 2016
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းချုပ်ရုံး၏သဘောထားထုတ်ပြန်ကြေညာ ချက်အတု ထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ အသင်းချုပ်ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးတင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့မှု များကို ဖော်ပြပေးလိုက်ပါသည်။

မေး။ ။ YMBA အသင်းချုပ်က ၆/၂ဝ၁၆ နဲ့ မဘသဖျက်သိမ်းဖို့လိုတယ် ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား မှုတွေအပေါ် ရှုတ်ချကြောင်း ထုတ်ပြန် တယ်ဆိုပြီးတော့ ထုတ်ပြန်ချက်အတုတစ် စောင်ထွက်ပေါ်လာတဲ့အပေါ်မှာ အသင်း ချုပ်ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘာများပြောကြား လိုပါသလဲခင်ဗျ။
ဖြေ။ ။ YMBA အသင်းရုံးချုပ်ကနေ ပြီးတော့ အသင်းထုတ်ပြန်ထုတ်ချက် ၆/ ၂ဝ၁၆ဆိုပြီး တင်ထားတာကို အန်ကယ် တို့က သိလည်းမသိဘူး။ အန်ကယ်မှာ လည်း င်္ခေနဘသသု အကောင့်မရှိဘူး။ နောက်ပြီးတော့ အသင်းမှာလည်းမရှိဘူး။ တင်မထားဘူး။ ဒီသတင်းဘယ်ကရသလဲ ဆိုတော့ အန်ကယ်တို့စာပေဌာနခွဲတစ်ခုဖြစ် တဲ့ မြင်းမူမြို့ စာပေဌာနက ဆရာတော် ကြီးက ဖွင့်ကြည့်လိုက်တဲ့အခါမှာ ဒီ သတင်းတွေ့တော့ လှမ်းပြီး အကြောင်း ကြားတယ်။ လှမ်းအကြောင်းကြားတော့ တပည့်တော်လည်းမသိဘူးဘုရား။ တပည့် တော်ရှာဖွေကြည့်ပါမယ်ဆိုပြီး အရှင် ခေမာစာရကိုပြန်ပြောတော့။ ဒကာကြီး ဒီမှာအတုကြီး တင်ထားတယ်။ ဥက္ကဋ္ဌ ကလည်း ဦးတင်ဝင်းနေရာမှ ဆုကြွယ်ဖြစ် နေတယ်။ Logo တွေလည်း မတူဘူး။ ဒီသတင်းကြီးကလည်း အမှားကြီးပဲ။ အမြန်ဆုံးရှာဖွေပြီး အမှန်ကို ထုတ်ပြန်ဖို့ သင့်တယ်ဆိုတော့။ တင့်ပါဘုရား တပည့် တော်ရှာလိုက်ပါမယ်ဆိုပြီးရှာတော့ ဘာ သွားတွေ့လည်းဆိုတော့ ဒေါက်တာဒီမို ဆိတ်ဖွားဆိုပြီးတော့တွေ့တယ်။ဒီပုဂ္ဂိုလ်က ဘယ်ကပုဂ္ဂိုလ်လည်း၊ အရင်တုန်းကရော ဒီလိုလုပ်တတ်တဲ့အကျင့်ရှိလားဆိုတော့ ရုပ်ပြောင်ပုံနဲ့ ဒီမိုဆိတ်ဖွားပဲ။ ဒီပုဂ္ဂိုလ်ပဲ ဖြစ်ဖို့များတယ်ဆိုပြီးတော့၊ သို့သော် သူရယ်လို့တော့ မစွပ်စွဲဘူးနော်။Facebook အကောင့်ဆိုတာ ကိုယ့်အကောင့်ကိုလည်း သူများက အသုံးချသွားလို့ရတာကိုး။ သူ လား၊ အခြားသူလားမသိဘူး။ ဒါပေမဲ့ အန် ကယ်တို့က ဒါကိုထုတ်ထားလိုက်တယ်။ ကိုယ်တို့ဆီကိုလည်း သတင်းတွေဝင်လာ တယ်။ မေးလာတာတွေကိုဖြေတယ်။ ကိုယ်တို့မတင်ဘူး။ သတင်းက အတုကြီး ပါ။ အသင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်ညှိုး နွမ်းတဲ့အတွက် တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှာဖြစ်တယ်။ တရားစွဲ မှာဖြစ်ပါတယ်။

မေး။ ။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့အနေနဲ့ ဘယ်လိုထင်မြင်မိပါ သလဲခင်ဗျ။
ဖြေ။ ။ဒါနဲ့ပတ်သက်ပြီး အန်ကယ် တို့ကို နိုင်ငံရေးခုတုံးလုပ်ပြီးတော့ သိက္ခာ ချတာပဲ။ တို့က ဖြိုးမင်းသိန်းနဲ့လည်း ပြဿနာဖြစ်စရာအကြောင်းမရှိဘူး။မဘသ နဲ့လည်းဖြစ်စရာ အကြောင်းမရှိဘူး။ နိုင်ငံ တော်သြဝါဒါစရိယနဲ့လည်း ဖြစ်စရာ အကြောင်းမရှိဘူး။ သီတဂူနဲ့လည်း ဖြစ် စရာအကြောင်း မရှိဘူး။ အန်ကယ်တို့က ပါတီနိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။အမျိုးသားနိုင်ငံရေးလုပ်နေတာ။လွတ်လပ် ရေးကြိုးစားခဲ့တဲ့အသင်း၊ လွတ်လပ်ရေး အစ YMBA က၊ အမျိုးသားရေးအစ YMBA က၊ နှစ်ပေါင်း ၁၁ဝ ရှိပြီ။ အမျိုး သားရေးဆောင်ရွက်လာတာ ကလေးတွေ ရဲ့ ၃၈ ဖြာမင်္ဂလာယဉ်ကျေးလိမ္မာကို စာမေးပွဲတွေဖြေ တစ်ပြည်လုံးလုပ်ခဲ့တာဆို စာပေဌာနပေါင်း ၁၅၃ဝ ကျော်ရှိသွားပြီ။ YMBA အသင်းခွဲပေါင်း ၄၈ သင်းရှိသွား ပြီ။ မင်္ဂလာတရားတော်ပြန့်ပွားရေးသည် တစ်အချက်၊ နှစ်အချက်က လူကြီးများ မသိမဖြစ်တဲ့ အဘိဓမ္မာသင်တန်း အဲ့ဒီ နှစ်ခုကိုပဲ တစိုက်မတ်မတ်လုပ်တယ်။ မင်္ဂလာတရားတော်ဆိုရင် (၆၈)ကြိမ်ဆို တော့ ၆၈ နှစ်ရှိသွားပြီ။ အဘိဓမ္မာဆိုရင် ၄၈နှစ်ရှိသွားပြီ။ ဒါကြောင့် အန်ကယ်တို့ YMBA အသင်းသည် မည်သည့်ပါတီ နိုင်ငံရေးကိုမျှ မလုပ်ပါ။ မည်သည့်ပါတီ နိုင်ငံရေးရဲ့ သြဇာခံမှလည်းမဟုတ်ပါ။ မည်သည့်ပါတီအဖွဲ့အစည်းမျိုးကိုလည်း မပတ်သက်ပါ။ YMBA ရဲ့ ဦးတည်ချက် က အမျိုးသားရေးပဲ။ တိုင်းပြည်နဲ့ လူမျိုး အပေါ် YMBA ဘယ်တော့မှ သစ္စာ မဖောက်ဘူး။ ပြည်သူ၊ ပြည်သားဘက်က နိုင်ငံတော်ဘက်က အမြဲတမ်းရပ်တည်တဲ့ အမျိုးသားရေးအသင်း။ မြန်မာနိုင်ငံအတွင်း မှာ မှီတင်းနေထိုင်ကြတဲ့မည်သူမဆို မြန်မာ နိုင်ငံသားဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား များရဲ့ အကျိုးစီးပွားဖြစ်ဖို့၊ လိမ္မာရေးခြား ရှိဖို့ အန်ကယ်တို့က ပညာပေးတဲ့အလုပ်ပဲ လုပ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် အကြိုပညာပေးတဲ့လုပ်ငန်းတွေ သင်ကြား ပေးမယ်။ ဟောကြားပေးမယ်။ ပြောဆို ပေးမယ်။ ဒါအန်ကယ်တို့လုပ်ရတာ။ အန်ကယ်တို့က ခုနကလို စောင့်ရှောက် ရေးတွေ၊ ကြည့်ရှုရေးတွေ၊ ကယ်ဆယ်ရေး တွေ၊ ကုသရေးတွေ၊ ပြန်လည်ထူထောင် ရေးတွေ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဝန်ကြီးဌာနလုပ်သွားလိမ့်မယ်။ ပညာပေး လုပ်ငန်းတွေ လုပ်ခဲ့တာများပြီ။ ဘဝ အတွက် သိမှတ်စရာသင်တန်းတွေ HIV,AIDS ပညာပေးသင်တန်းတွေ၊ ရှောင်လေ ဝေးဝေးမူးယစ်ဆေးကာကွယ်တားဆီးရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်၊
စာရင်းကိုင်သင်တန်းနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံ စာရင်းကိုင်သင်တန်းကျောင်းနဲ့ ပူး တွဲပြီးတော့ သုံးနှစ်တိုင်တိုင်လုပ်ခဲ့တော့ ဘွဲ့ရကျောင်းသားတွေတစ်နှစ်ကို ရာကျော် အောင်တယ်။ ရှေ့မှာလည်း ကွန်ပျူတာ သင်တန်းတွေ၊ဘာသာရပ်ဆိုင်ရာသင်တန်း တွေ ပြန်လည်ပြီးတော့ အပြင်ရော၊ အတွင်းမှာပါ လုပ်နိုင်အောင်ကြိုးစားနေ ပြီ။တိုင်းပြည်မှာရှိနေတဲ့လူငယ်၊ လူရွယ် တွေ အနာဂတ်မှာလူကောင်း၊ သူကောင်း တွေဖြစ်ဖို့ လူရည်ချွန်လေးတွေဖြစ်ဖို့၊ တိုင်း ပြည်ရဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့၊ ပြန့်ကျဲနေတဲ့လူသားအရင်းအမြစ်ကို မြှင့် တင်ပေးရမယ်ဆိုတဲ့ ခံစားချက် အန်ကယ် တို့ ဦးဆောင်ပြီးလုပ်နေတယ်။ဒါကြောင့်မို့ နှစ်ပေါင်း ၁၁ဝ ရှိနေတဲ့ အသင်းကြီးက မယိမ်းမယိုင်ဘဲ တည်ရှိနေတာပေါ့။ ရှေ့ ကိုလည်း အန်ကယ်တို့ လုပ်သွားမယ်။ ဒါကနိုင်ငံတော်အပေါ်ထားရှိတဲ့ အန်ကယ် တို့ရဲ့ သဘောထား၊ အန်ကယ်တို့ရဲ့ သစ္စာ တရား။ အန်ကယ်တို့ အမျိုးဘာသာစောင့် ရှောက်တယ်ဆိုတာ လွန်ခဲ့တဲ့ ၁၉ဝ၆ က စပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဆိုတော့ လေးချက်ပေါ့။ ရှေ့ကိုလည်း ဒီ အတိုင်းပဲသွားမယ်။ အန်ကယ်တို့က သူတို့ အပေါ် ချစ်တယ်၊ မုန်းတယ်ဆိုတာလည်း မရှိပါဘူး။ ဒီကနေ့ ဖွဘုတ်လို့ပြောနေ ကြတာပဲ။ မှန်တယ်လည်း ပြောလို့မရဘူး။ မှားတယ်လည်း ပြောလို့မရဘူး။ တစ်ဦး တစ်ယောက်နဲ့ အဖွဲ့အစည်းသိက္ခာကို ထိခိုက်လာရင်တော့ ရှင်းရစမြဲပဲ။ အပြု သဘောဆောင်ဖို့တော့ လိုတာပေါ့။ အမြင် ဆိုးနဲ့ဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါ တွေဟာနောက်ပိုင်း မလုပ်သင့်ဘူး။ မှန် သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အန်ကယ် တို့အသင်းကြီး သိက္ခာကျတယ်။ YMBA က နိုင်ငံရေးနဲ့လည်းမပတ်သက်ဘူး။ မည် သူ့သြဇာခံမှလည်းမဟုတ်ဘူး။ မည်သည့် အထောက်အပံ့နဲ့မှလည်း မဟုတ်ဘူး။ မိမိ ရန်ပုံငွေနဲ့မိမိရပ်တည်တဲ့အဖွဲ့အစည်းမို့ အန်ကယ်တို့က သီးခြားရပ်တည်တဲ့အဖွဲ့ အစည်းပါ။ အန်ကယ်တို့မှာရန်သူလည်း မရှိဘူး။ မိတ်ဆွေလည်းမရှိဘူး။ ဘာသာ ကြီးလေးရပ်မှာအန်ကယ်တို့ကဗုဒ္ဓဘာသာ။ အစ္စလာမ်နဲ့လည်းမဖြစ်ဘူး။ ခရစ်ယာန်နဲ့ လည်းမဖြစ်ဘူး။ ဟိန္ဒူနဲ့လည်းမဖြစ်ဘူး။ အန်ကယ်တို့က ပြည်သူချစ်တဲ့အသင်း ကြီးပါ။

မေး။ ။ အမှုဖွင့်မယ်။ အရေးယူမယ် ဆိုတော့ ဘယ်တော့လောက်များ ဆောင် ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဒီနေ့ YMBA အသင်းရဲ့ လပတ်အစည်းအဝေးမှာ ဒါနဲ့ပတ်သက်ပြီး ဆုံးဖြတ်တယ်။ ဒါနဲ့ပတ်သက်ပြီး YMBA ကို ဒီအရာကို အကြောင်းပြုပြီး နောင်ကို သိက္ခာကျဖို့၊ စော်ကားတဲ့အပိုင်းတွေ တွေ့ လာရင် ကျွန်တော်တို့က တရားဥပဒေ အကြောင်းအရ အရေးယူဆောင်ရွက်သွား မယ်ဆိုတာထုတ်ပြန်မယ်။ ဒါက ဒုတိယ ပိုင်း၊ ဒီသတင်းထုတ်ပြန်ချက်သည် ယာယီ အားဖြင့်တော့ ဒေါက်တာဒီမိုဆိတ်ဖွားလို့ သိလိုက်ရတယ်။ အဲ့ပုဂ္ဂိုလ်က ဘယ်သူ လဲမသိဘူး။ ခန့်မှန်းတာပဲရှိတယ်။ သူရဲ့ ခြေရာ လက်ရာ ဖြစ်ဖို့များတယ်။ အဲ့လိုပဲ စုံစမ်းသိရှိရတယ်။ ဒါကို ကျွန်တော်တို့ လုံးဝမထုတ်ပြန်ပါ။ သိလည်းမသိရှိပါ။ဒီလိုအလားတူမျိုးလုပ်လာရင်တရားဥပဒေ အရ အရေးယူဆောင်ရွက်မယ်။ အခုလည်း တရားရုံးမှာ အမှုဖွင့်ထားမယ်။ သူ့ဟာသူ တရားဥပဒေအရ ဆက်လက်ဆောင်ရွက် သွားလိမ့်မယ်။ ဆုံးဖြတ်ချက်ရမှလုပ်လို့ ရမှာ ဒီကနေ့ဆုံးဖြတ်ပြီးပြီ။ အစည်းအဝေး ထိုင်လိုက်တယ်။ အစ်ကိုတို့က တစ်ဦး ကောင်းတစ်ယောက်ကောင်း လုပ်လို့မရ ဘူး။ အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်နဲ့မှ လုပ်လို့ရတာ။ ဒီဆုံးဖြတ်ချက်နဲ့တကွ မီဒီ ယာတွေကိုပေးမယ်။ သက်ဆိုင်ရာဌာန တွေကိုလည်းပေးမယ်။ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာတိုင်းဒေသ ဝန်ကြီးချုပ်တွေကို ပေးရမယ်။