images
UN
UN
ထိုင်းနိုင်ငံသို့ လူကုန်ကူးခြင်းခံရသူ ၂၁ ဦး မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိ
နိုင်နိုင်(မွန်) Sunday, 10 July 2016
ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက် ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန ဂေဟာများတွင်လက်ခံစောင့်ရှောက် ထားသော မြန်မာနိုင်ငံမှလူကုန်ကူး ခြင်းခံရသူ အမျိုးသား ၁၁ဦး၊အမျိုး သမီးကိုးဦးနှင့်ကလေးလေးလသား တစ်ဦးစုစုပေါင်း ၂၁ဦးကို ယခုလ ၇ ရက် နံနက် ၉ နာရီခွဲတွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားတွင် ထိုင်းအဖွဲ့မှတာဝန်ရှိ သူများကလွှဲပြောင်းပေးအပ်သည်။ မြန်မာနိုင်ငံသား ၂၁ဦးကို မွန်ပြည် နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည် နယ်ဦးစီးမှူးဦးကိုကိုနိုင် ဦးဆောင် သောအဖွဲ့မှ တရားဝင်လက်ခံရယူ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးခံရသူများ မှာ မွန်ပြည်နယ်မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦး၊ ရှမ်း/တောင်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦး၊တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ နေပြည်တော်မှ အမျိုးသမီးတစ်ဦး၊ ပဲခူးတိုင်းဒေသ ကြီးအနောက်မှ အမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုး သားတစ်ဦး၊ရန်ကုန်တိုင်းဒေသကြီး မှ အမျိုးသမီးတစ်ဦး၊ ကလေး တစ်ဦး နေရပ်လိပ်စာ မမှတ်မိသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး ၄င်းတို့အား မြဝတီမြို့မှ ယခုလ ၇ ရက်တွင် မော်တော်ယာဉ်ဖြင့် ခေါ်ဆောင် လာပြီး အမျိုးသားများအား မော်လမြိုင်မြို့ စမ်းကြီးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ် သင်တန်းကျောင်းတွင် လည်း ကောင်း၊ အမျိုးသမီးများအား မော်လမြိုင်မြို့ ရွှေတောင်ရပ်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းတွင်လည်းကောင်း ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ထားပြီး ယနေ့နံနက်ပိုင်းမှစတင်၍ ၄င်းတို့၏မိသားစုများထံ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် နေရပ်လိပ်စာမမှတ်မိသူ ရှစ်နှစ် အရွယ် မိန်းကလေးအား ရန်ကုန် အမျိုးသမီးသင်တန်းကျောင်း(မလိခ) နှင့်(၁၄နှစ်)အရွယ်ယောက်ျားလေး ကို ရန်ကုန်မြို့ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ထားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးခြင်း ခံရပြီး ပြန်လည်ရောက်ရှိလာသော ကိုထွန်းငယ်နှင့် ကိုရဲလင်းအောင် တို့အား ပြည်ထောင်စုနေ့စဉ်က မေးမြန်းခဲ့ရာ-

မေး။ ။ အမည်နဲ့နေရပ်လေး ပြောပေးပါဦး။
ဖြေ။ ။ကိုထွန်းငယ်(၃၆နှစ်) ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့ကပါ။

မေး။ ။ ဘယ်လိုနည်းနဲ့ လူ ကုန်ကူးခံလိုက်ရလဲ။
ဖြေ။ ။ကျွန်တော် (၁ဝနှစ်) အရွယ်ကတည်းက သူငယ်ချင်းရဲ့ အမေကခေါ်သွားတယ်။ သူငယ် ချင်းရဲ့အမေက ပွဲစားမ၊ ခေါ်သွား ပြီးကျွန်တော့်ကိုလှေလုပ်ငန်းထဲမှာ ရောင်းစားသွားတယ်။ ငါးဖမ်းတဲ့ လှေပါ။အဲဒီလှေမှာ ကျွန်တော်သုံး နှစ်လောက်ရှိမယ်ထင်တယ်။အလုပ် လုပ်ပြီး အဲဒီကနေတစ်ဆင့် ဘုမ သိဘမသိဘဲနဲ့ ပွဲစားတစ်ယောက် က ကတန်ဘက်လှေမှာကျွန်တော့် ကိုသွားရောင်းစားပြန်တယ်။ မအူ ပင်ပြန်သွားရင်လည်း ကျွန်တော် ဘာမှမမှတ်မိတော့ဘူး။ထွက်သွား တာပဲ (၂၆နှစ်)ကျော်သွားပြီလေ။

မေး။ ။နောက်ထပ်သွားဖို့ အစီအစဉ် ရှိသေးလား။
ဖြေ။ ။တော်ပြီ၊နောက်ဘယ် တော့မှ မသွားတော့ဘူးဟု ကိုထွေး ငယ်က ပြောသည်။

မေး။ ။ အမည်နဲ့ နေရပ်လိပ် စာလေးပြောပါဦး။
ဖြေ။ ။ရဲလင်းအောင်(၂၃နှစ်) မွန်ပြည်နယ် ချောင်းဆုံမြို့မှာနေ ပါတယ်။

မေး။ ။ ဘယ်လိုနည်းနဲ့ လူ ကုန်ကူးခံလိုက်ရတာလဲ။
ဖြေ။ ။မော်လမြိုင်မြို့ကနေပြီး တော့ ပွဲစားကနေတစ်ဆင့် ပန်းရန် အလုပ်ရမယ်ဆိုပြီး လိုက်သွား ခဲ့တယ်။ ချောင်းဆုံမှာတုန်းက ကျွန်တော်ပန်းရန်လုပ်ပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ ပွဲစားက ငါးဖမ်းလှေမှာ ဘတ် ၁၈ဝဝဝ နဲ့ ရောင်းစားသွားတာ ခံလိုက်ရပါ တယ်။ ငါးဖမ်းလှေမှာ နှစ်နှစ် လောက်လုပ်ပြီး ကျွန်တော့်ကို လွှတ်သေးတယ်။ လုပ်နေတုန်း လစာလည်းပေးတယ်။ သူတို့ပေး သလောက်ပါပဲ။ အဲဒီကနေ တစ်ဆင့် မဟာချိုင်ကိုရောက်သွား တော့ ပန်းရန်အလုပ် ၁၅ ရက် လောက်ပဲလုပ်လိုက်ရတယ်။ ထိုင်း မှာရှိတဲ့ပွဲစားအုပ်စုကဖမ်းပြီး အခန်း ထဲမှာ သုံးရက်လောက်လှောင်ထား တယ်။ အားလုံး ငါးဦးလောက် ရှိတယ်။ ပြီးတော့ ငါးဖမ်းလှေ ထဲကို ရောက်သွားတယ်။

မေး။ ။ဘယ်လိုလွတ်မြောက်လာတာလဲ။
ဖြေ။ ။နှစ်နှစ်လောက်ကြာမှ ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ ဆိုတဲ့(DSI)အဖွဲ့ရဲ့ ဖုန်းနံပါတ် ကောက်ရတော့ အလစ်မှာ ဖုန်း ဆက်အကူအညီတောင်းတဲ့အတွက် ပင်လယ်ထဲမှာ စစ်သဘောင်္ာနဲ့ လာကယ်ထုတ်သွားပြီး အမျိုးသား စောင့်ရှောက်ရေးအဖွဲ့မှာ ရှစ်လ လောက်စောင့်ရှောက်ထားပြီးအခုမှ မြန်မာနိုင်ငံကိုပြန်ရောက်ပါတယ်'' ဟုကိုရဲလင်းအောင်ကပြောသည်။