images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း
နေထက်ဝေ Sunday, 21 August 2016
ဦးစိုင်းကျော်မိုး မိုင်းပန်မြို့နယ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက

• ညီလာခံတက်ရောက်ဖြစ် ပုံနဲ့ ပါတီမှာတာဝန်ယူထားတဲ့ အပိုင်းကို သိချင်ပါတယ်။
ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၅ကျမှ ပါတီထဲဝင်ရောက်ခဲ့ တာဖြစ်ပါတယ်။ အရင်ကတော့ တပ်မတော်မှာတာဝန်ထမ်းဆောင် ပြီးတော့ အငြိမ်းစားယူပြီးမှ ရွေး ချယ်ခံခဲ့ရပြီး ရောက်ရှိခဲ့တာဖြစ်ပါ တယ်။ ပါတီရဲ့လုပ်ဆောင်ချက်က တော့ သီးခြားကာလတွေမှာလုပ် ခဲ့တာမရှိသေးပါဘူ။ လက်ရှိကာ လတွေမှာပဲ ပါတီရဲ့တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်ပါတယ်။

• ပါတီမူဝါဒနဲ့ ပတ်သက်ပြီး တော့သော်လည်းကောင်း၊ အခု ပြည်ခိုင်ဖြိုးပါတီရဲ့ သွားနေတဲ့ အပေါ်မှာ ပါတီရဲ့ သဘောထား ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက် တဲ့ ပါတီရဲ့ သဘောထားအပြင် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ကျွန်တော်တို့ပါတီရဲ့ဦးတည် ချက်တွေရှိသလို ညီလာခံမှာ လည်း ဦးတည်ချက်တွေချမှတ် ထားတာရှိပါတယ်။ အဲ့ဒီဦးတည် ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ပါတီတွင်း စည်းလုံးညီညွတ်မှုခိုင် မာရေး၊ ပါတီနဲ့ပြည်သူလူထု အတွင်းမှာ ပိုမိုထက်မြက်လာစေ ရေးဆိုတာကို နံပါတ်တစ်မှာထည့် ထားပါတယ်။ နံပါတ်နှစ်အချက် အနေနဲ့ကတော့ ဒီမိုကရေစီရှင်သန် ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုပြီး ပါပါတယ် ခင်ဗျ။ နံပါတ် သုံးအချက်ကတော့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်လာစေ ရေးဆိုပြီး ပါပါတယ်ခင်ဗျ။ ပြည် သူတွေနဲ့ပူးပေါင်းဆောင်ရွက်သွား မယ်ဆိုတာလည်းပါပါတယ်။နံပါတ်လေးအချက်ကတော့ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊တည်ငြိမ်အေးချမ်းရေးကို ပါတီဝင်များက ဝိုင်းဝန်းဆောင် ရွက်ရေးဆိုတာပါပါတယ်။ စော စောကပြောတဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာလည်း နံပါတ်ငါးအချက်မှာ ပါပါတယ်။တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုအခြေပြုတဲ့ ပြည် ထောင်စုနိုင်ငံတော် အဓွန့်ရှည် အောင်တည်တံ့ခိုင်မြဲရေးအတွက် ဆိုပြီးတော့ ဦးတည်ချက်ငါးရပ်ထဲ မှာအားလုံးပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန်လက် ထက်မှာလည်း ပြည်တွင်းငြိမ်း ချမ်းရေးတည်ဆောက်နိုင်မှလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်ပိုပြီးတည်ဆောက်နိုင်မယ် ဆိုပြီးပါပါတယ်။ နောက်တစ်ခု ကတော့ကျွန်တော်ပြောချင်တာက တော့ကျွန်တော်တို့ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် ကိုသွားနေတဲ့အခြေအနေဖြစ်ပါ တယ်။ အဲ့ဒီတော့ ဖက်ဒရယ် စနစ်ကို အခြေခံတယ်ဆိုတာ လည်း ၂ဝဝ၈
ဖွဲ့စည်းပုံမှာလည်း ဒီဖက်ဒရယ်စနစ်ကိုအခြေခံထား ပြီးတော့ ဖွဲ့စည်းပုံမှာထည့်ပြီး ဆွဲထားပြီးဖြစ်ပါတယ်။ သိပ်ပြီး တော့မကွာပါဘူး။ ဖက်ဒရယ်စနစ် ဆိုတာလည်း ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်အစိုးရတွေနဲ့ အာဏာ ခွဲဝေတာတွေလုပ်တဲ့ကိစ္စပါတဲ့ အတွက်ကြောင့်မို့လို့ ဒါနဲ့ပတ်သက် ပြီးတော့ ထွေထွေထူးထူး သီးခြား ထပ်ပြီးလုပ်စရာ မလိုပါဘူး။ အရင်အစိုးရလက်ထက်ကမူတွေ အတိုင်းသွားလို့ရှိရင်တော့ လက်ရှိ အခြေအနေမှသွားလို့ရမယ်။ ငြိမ်း ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆို တဲ့နေရာမှာလည်း ငြိမ်းချမ်းရေးမူ ခြောက်ချက်နဲ့ချမှတ်ထားပါတယ်။ အဲ့ဒီငြိမ်းချမ်းရေးမူအတိုင်းပဲ ကျွန် တော်တို့ပါတီအနေနဲ့လည်းပဲ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက် သွားဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီရှင် သန်ရေးဆိုတာ နံပါတ်နှစ်အချက် ဖြစ်ပါတယ်။ အဲ့ဒီထဲမှာလည်း ကျွန်တော်တို့ပါတီအနေနဲ့ မြို့နယ် ရော၊ရပ်/ကျေးတွေရောပြန်ပြီးတော့ မျက်နှာစုံညီအစည်းအဝေးတွေ လုပ်ပါတယ်။ ပါတီတွင်းပြန်လည် ဖွဲ့စည်းရေးတွေလည်း ကောင်းမွန် စွာလုပ်ခဲ့ပါတယ်။ နဂိုကတည်းက ကောင်းတာရှိပြီးဖြစ်တဲ့အတွက် ကြောင့် မူကတော့ပြင်စရာမလို ဘဲနဲ့ ဒီထက်ပိုပြီးကောင်းတဲ့ ပြည်သူလူထုက ယုံကြည်အားကိုး ပြီး ပြည်သူ့အကျိုးတာဝန်ထမ်း ဆောင်မယ့်သူတွေကို ပါတီတွင်း မှာထဲထဲဝင်ဝင်ရောက်ရှိလာအောင်၊ ပြည်သူအားကိုးလို့ရတဲ့သူတွေဖြစ် အောင်ဆိုပြီးတော့ ရွေးချယ်ခဲ့ပါ တယ်။ ခရိုင်အဆင့်မှာ သေသေ ချာချာရွေးခဲ့ပါတယ်။ နောက်ပြီး တော့ မြို့နယ်အဆင့်မှာလည်း မဲ စနစ်နဲ့ပဲ ပြည်သူလူထုအားကိုးတဲ့ သူတွေဖြစ်အောင် ရွေးချယ်ခဲ့ပါ တယ်။ အခုလည်းပဲ ခရိုင်အဆင့် တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်တွေ မျက်နှာစုံညီအစည်း အဝေးတွေ ပြီးခဲ့ပါပြီ။ ၂ဝ၁၆ခုနှစ် မှာ ကျွန်တော်တို့ပါတီရဲ့ ဒုတိယ အကြိမ်ပြန်လုပ်တဲ့ညီလာခံဖြစ်ပြီး တော့ ညီလာခံမှာလည်းပွင့်လင်း မြင်သာမှုရှိစွာနဲ့ ပြည်သူလူထု ထောက်ခံတဲ့၊ ယုံကြည်အားကိုးမှု ရှိတဲ့၊ ခေါင်းဆောင်နိုင်တဲ့သူတွေကို ပြန်ပြီးတော့ ရွေးချယ်တင်မြှောက် ဖို့အတွက်လည်းလုပ်သွားမယ်လို့ လည်း ယုံကြည်ပါတယ်။