images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း
နေထက်ဝေ Monday, 22 August 2016
ဦးညွန့်ဝင်း မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• ဆရာလက်ရှိပါတီမှာတာဝန် ယူထားတဲ့ကဏ္ဍကိုသိလိုပါတယ်။ အရင်ကရောဘယ်တာဝန်တွေကို ယူခဲ့ပါသလဲ။
ပြီးခဲ့တဲ့ မြို့နယ်ပြန်လည်ရွေး ချယ်တင်မြှောက်ပွဲမှာမြို့နယ်ဥက္ကဋ္ဌ အနေနဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါတီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပေး ခဲ့အတွက် ဒီတာဝန်ကိုထမ်းဆောင် မှာဖြစ်ပါတယ်။၂ဝ၁၂ခုနှစ်ကနေ ၂ဝ၁၆ပြုပြင်ပြောင်းလဲမှုမလုပ်ခင် အထိပြည်နယ်ကော်မတီဝင်အနေ နဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

• ပြည်နယ်ကော်မတီဝင်ကနေ မြို့နယ်မှာ ဘာကြောင့်ဝင်ရောက် အရွေးချယ်ခံတာလဲခင်ဗျ။
ပြီးခဲ့တဲ့ ၂ဝ၁၅ခုနှစ် ရွေး ကောက်ပွဲမှာလည်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအနေ နဲ့ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံ ခဲ့ပါတယ်။ ကျွန်တော်ရှုံးနိမ့်ခဲ့ပါ တယ်။ ဒီရှုံးကြွေးကိုလည်း အား ထပ်ဖြည့်ပြီးတော့မှ ကြိုးစားထမ်း ဆောင်ချင်တဲ့ဆန္ဒပေါ့။ လူကြီး တွေ တာဝန်ပေးအပ်ခဲ့ရင်ဘယ်လို ဖြစ်ဖြစ် ရှုံးကြွေးတော့ဆပ်မယ်။ ကြိုးစားမယ်။ မိဘပြည်သူတွေရဲ့ အကျိုးကို တတ်စွမ်းသရွေ့တာဝန် ထမ်းဆောင်မယ်။ဒါကြောင့်လည်း အထက်အကြီးအကဲတွေကို ခွင့်ပန် ပြီး ပြည်နယ်အဆင့်ကနေ မြို့နယ် အဆင့်ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

• ပါတီအနေနဲ့ကပြည်သူတွေနဲ့ တစ်သားတည်းဖြစ်အောင် ပြည် သူ့ပါတီအဖြစ်ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ အဲဒီအပေါ်မှာ ရှင်းပြပေးစေလိုပါတယ်။
ကျွန်တော်တို့ အဓိကဆောင် ရွက်နေတာက မိဘပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားကို အဓိက မျှော်မှန်းတယ်။ ကျွန်တော်တို့ပါတီ ရဲ့ရည်မှန်းချက်ကိုက အေးချမ်း သာယာပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတော်ကို တည်ထောင်ရေး၊ အဓွန့်ရှည်တည် တံ့ခိုင်မြဲရေးဆိုတာကို မျှော်မှန်း တယ်။ ဒီမျှော်မှန်းချက်ကို ရောက် ဖို့ဆိုရင်တော့ အခုလက်ရှိ ကျင်းပ နေတဲ့ဒုတိယအကြိမ်ပါတီညီလာခံ ကချမှတ်မယ့် ရှေ့လုပ်ငန်းစဉ်တွေ ကိုကျွန်တော်တို့တစ်တွေ အောင် အောင်မြင်မြင်နဲ့ အကောင်အထည် ဖော်မယ်ဆိုရင်မိဘပြည်သူတွေက ကျွန်တော်တို့ကိုပြန်ပြီးတော့တာဝန် ပေးလာလိမ့်မယ်။ ကျွန်တော်တို့ ကလည်း ကြိုးစားဆောင်ရွက်မယ် ဆိုပြီးမျှော်မှန်းထားတာရှိပါတယ်။

• ဒီကနေ့အကြိုညှိနှိုင်းအစည်း အဝေးပွဲနေ့မှာ ပြည်နယ်အတွက် ဗဟိုကော်မတီဝင်တွေ၊အရန်ကော် မတီဝင်တွေကို ရွေးချယ်ခဲ့တယ် လို့သိရပါတယ်။ ဘယ်လိုဆောင် ရွက်ခဲ့တယ်ဆိုတာသိလိုပါတယ်။
ကျွန်တော်တို့ပါတီမှာ ကျွန် တော်တို့ပါတီကို ဦးဆောင်ဦးရွက် ပြုပေးတဲ့ကျွန်တော်တို့ရဲ့ ပြည်နယ် တာဝန်ခံဦးသိန်းဇော်ရဲ့ ဦးဆောင်မှု အောက်မှာ လမ်းညွှန်ချက်တွေကို တစ်သဝေမတိမ်းထမ်းရွက်ခဲ့တာ ဖြစ်လို့ ဗဟိုကော်မတီတွေ၊ အရန် ကော်မတီတွေကို တညီတညွတ် တည်းကန့်ကွက်မှုမရှိဘဲ ရွေးချယ် ခဲ့တာဖြစ်ပါတယ်။

• စာတမ်းခေါင်းစဉ်ငါးခုကိုအစု အဖွဲ့အနေနဲ့ဆွေးနွေးခဲ့တာတွေရှိ ပါတယ်။ဆရာအနေနဲ့ရော ဘယ် အပိုင်းမှာဆွေးနွေးခဲ့ရပါသလဲ။
ကျွန်တော်တို့က အစုအဖွဲ့(၄) မှာပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဖက် ဒရယ်နိုင်ငံထူထောင်ရေးနဲ့ပတ် သက်ပြီး ကျွန်တော်ဝင်ရောက် ဆွေးနွေးတယ်။ အစုအဖွဲ့ဆွေးနွေး ချက်တွေကို စုံညီအစည်းအဝေးပွဲ ကြီးမှာတင်ပြမယ်။ ပြီးတော့ပါတီ ဗဟိုရဲ့ အစီအမံပေါ်မူတည်ပြီး ရှေ့လုပ်ငန်းစဉ်တွေကိုပါတီအဆင့် ဆင့်က အကောင်အထည်ဖော်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ သန္ဓေဖြစ် တဲ့ အသင်းရဲ့ရည်ရွယ်ချက်ထဲမှာ ပါတဲ့တို့တာဝန်အရေးသုံးပါးပေါ့။ ပြည်ထောင်စုမပြိုကွဲဖို့၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲဖို့၊ အချုပ်အခြာအာဏာ တည်တံ့ခိုင် မြဲဖို့ ဒီတို့တာဝန်သုံးပါးအပေါ်မှာ အခြေခံပြီးတော့ ဒီအစုအဖွဲ့ငါးခု ခေါင်းစဉ်တွေကလည်း တို့တာဝန် အရေးသုံးပါးအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာ။ တိုင်းရင်း သားတွေစည်းလုံးမှနိုင်ငံတော်တည် ငြိမ်မယ်။ နိုင်ငံတော်တည်ငြိမ်မှ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမယ်။ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲတာနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့် မယ်။ ဒီအပေါ်အခြေခံပြီးအစုအဖွဲ့ တွေက ဆွေးနွေးကြတယ်လို့မြင် မိပါတယ်။

• ဖက်ဒရယ်ဆိုတာကို ဆရာ အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
ဖက်ဒရယ်ဆိုတာကို တောင်း ဆိုနေတဲ့သူတွေက ဖက်ဒရယ် အကြောင်းသိဖို့လိုပါတယ်။ အဓိ ကတော့လူမျိုးစုနည်းနည်းနဲ့ဒေသ မှာရှိတဲ့မိဘပြည်သူတွေရဲ့အကျိုးကို အကောင်အထည်ဖော်ဖို့ ကိစ္စက အဓိကဖြစ်တယ်လို့ ကျွန်တော်တို့ မြင်တာပေါ့။

• ဆရာအနေနဲ့ဘာများဖြည့်စွက် ပြောချင်ပါသလဲခင်ဗျ။
ကျွန်တော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြောင်းလဲခဲ့ပြီ၊သူများတွေကပြောင်း လဲချိန်တန်တာပဲရှိသေးတယ်။ကျွန် တော်တို့က ပြောင်းလဲခဲ့ပြီ။ ကျွန် တော်တို့ပါတီအစိုးရတာဝန်ထမ်း ဆောင်ခဲ့စဉ်ကလည်းနိုင်ငံရေးအရ၊ စီးပွားရေးအရပါတီရဲ့ရွေးကောက်ပွဲ ဆိုင်ရာကြေညာစာတမ်းပါအစီအမံ တွေအတိုင်းပြောင်းလဲခဲ့ပြီ။ ဒါကို ပြည်သူတွေကို သိစေချင်ပါတယ်။