images
UN
UN
ပြည်ထောင်စုရှေ့နေချုပ်က ဗြိတိန်နိုင်ငံ တရားလွှတ်တော်ဥက္ကဋ္ဌအားလက်ခံတွေ့ဆုံ
Tuesday, 23 August 2016
ပြည်ထောင်စုရှေ့နေချုပ် ဦး ထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံ တရားလွှတ်တော် ဥက္ကဋ္ဌ Lord Neuberger ဦးဆောင်သောအဖွဲ့ ကို ယမန်နေ့ နံနက် ၁၁နာရီခွဲ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။
ထိုသို့လက်ခံတွေ့ဆုံစဉ် မြန်မာ နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးကဏ္ဍများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရား စီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးတို့တွင် ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများ၊ ဥပဒေပညာ သင်ကြားရေးနှင့် ပညာသင်ဆုများ အတွက် ဗြိတိန်နိုင်ငံမှ ကူညီပံ့ ပိုးပေးနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားဥပဒေရေးရာ အတွေ့အကြုံများ ဆွေးနွေးဖလှယ် နိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဗြိတိန် နိုင်ငံသံအမတ်ကြီး H.E.Mr.Andrew Parrick ၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဦးအောင်နိုင်တို့ တက်ရောက်သည်။