images
UN
UN
မျက်နှာသစ်နေချိန် အမှတ်မထင်ပြုမိတဲ့ အမှားကြီး ခုနစ်ရပ်
ပေါက်ပေါက် Monday, 29 August 2016
မျက်နှာ မသစ်ခင်မှာ ပထမဦးဆုံး ဒူးခေါင်းနှစ်ဖက် အထက်ကနေပြီး ရေ သုံးခွက်စီလောက်လောင်းပေးပါ။
ဒါက တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတဲ့ အပူခိုးတွေကို အောက်ဘက်သို့ ရွေ့သွား အောင် ဆွဲချလိုက်တာပါ။ အိပ်ရာက ထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံး မှာ ပျံ့နှံ့လေ့ရှိပါတယ်။ ဒီအချိန်မှာ မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင် လုံးဆီသို့ တစ်ကိုယ်လုံးမှ အပူတွေက ပြေးကပ်လာကြပါလိမ့်မယ်၊ အဲဒီအခါ မျက်စိကို အပူခိုး၊ အပူငွေ့တွေလာရိုက် တာကြောင့် မျက်စိနီရဲပြီး အမြင်အာရုံ မကြည်လင်တော့ပါဘူး။ အပူတွေ အထက်ဘက်သို့ဆန်တက်ပြီး ဝက်ခြံများ လည်း ထွက်လာစေပါတယ်။ နောက် ထပ် သတိပြုရန်အချက်တစ်ချက် ကျန်ပါ သေးတယ်။ အဲဒါကတော့ မျက်နှာသစ် ပြီးမှ သွားတိုက်ပေးရမှာပါ။ မျက်နှာသစ် နေစဉ် ပါးစပ်ထဲကို ရေလုံးဝမဝင်အောင် တင်းတင်းစေ့ထားဖို့ လိုပါတယ်။ ပြီးမှ သွားတိုက်၊ ပလုတ်(အာလုတ်) ကျင်းပေး ရမှာပါ။
ဆရာတော် ရဝေနွယ်(အင်းမ)က မျက်နှာသစ်တဲ့အခါ ကုသိုလ်ငါးမျိုးကို ရအောင်ယူဖို့ ယခုလို တိုက်တွန်းထား ပါတယ်။
၎င်းတို့မှာ-
(၁) ရေဖလားထဲကို ရေထည့်လိုက်ပါ၊ လက်ကကိုင်ထားတဲ့ ရေဖလားကို အပေါ်သို့ အတန်ငယ်ပင့်မြှောက်၍ 'မြတ်စွာဘုရား မျက်နှာသစ်တော် ရေ ကပ်လှူပါ၏ဘုရား။ ဘုရား တပည့်တော်ကို သနားချီးမြှောက် သောအားဖြင့် မျက်နှာသစ်တော် မူပါဘုရား'လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို'ဒါနကုသိုလ်'ဖြစ်သွားပါပြီ။
(၂) မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက် သုံးခုနဲ့ ပွားများရွတ်ဆို လိုက်ပါ၊
- (အရဟံ) ပူဇော်အထူးကို အထူး ခံယူတော်မူထိုက်သော မြတ်စွာ ဘုရား။
- (အရ-ဟံ) ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာ ဘုရား။
- (အ-ရဟံ) ဆိတ်ကွယ်ရာ အရပ် မှာပင် မကောင်းမှုကို မပြုတော် မူသော မြတ်စွာဘုရား။
ဒါဆို 'ဗုဒ္ဓါနုဿတိကုသိုလ်' ဖြစ် သွားပါပြီ။
(၃) ကြည်လင်နေတဲ့ ရေကို ကြည့်ပြီး ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ၊ ဤရေ အေးမြသလို ငါ့ရဲ့အထက် လူကြီး သို့မဟုတ် အလုပ်ရှင် စိတ် ကော ရုပ်ကော အေးမြပါစေ၊ ဤရေ အေးမြသလို ငါ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ စိတ်ကော ရုပ်ကော အေးမြကြပါစေ၊ ဤရေ အေးမြ သလို သတ္တဝါအားလုံး စိတ်ကော ရုပ်ကော အေးမြကြပါစေ...လို့ မေတ္တာပို့လိုက်ပါ၊ ဒါဆို 'မေတ္တာ ကုသိုလ်' ဖြစ်သွားပါပြီ။

(၄) ပြီးရင် ငါဒီတစ်ညတော့ အသက် ရှင်ခဲ့ပြီ။ ဝင်လေမဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊နေ့၊ည အချိန်မရွေး သေသွားနိုင်သည်လို့ မရဏာ နုဿ တိ ပွားလိုက်ပါ၊ ဒါဆို 'မရဏာ နုဿတိကုသိုလ်' ဖြစ်သွားပါပြီ။
(၅) မျက်စိအတွင်းမှာရှိနေတဲ့ အညစ် အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေ တဲ့ အညစ်အကြေးတွေကို အာရုံ ပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ် ရွံရှာဖွယ်ပါတကား...လို့ အသုဘ ဘာဝနာပွားလိုက်ပါ၊ဒါဆို'အသုဘ ဘာဝနာ ကုသိုလ်' ဖြစ်သွားပါပြီ၊ အားလုံးပြီးမှ မြတ်စွာဘုရားမျက်နှာ တော်သစ်ပြီးပြီဖြစ်တဲ့အတွက် ဆေး အဖြစ် ပြန်စွန့်တော်မူပါဘုရား... လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ၊ ဒါဆို မျက်နှာသစ်ရင် ကုသိုလ် ငါးမျိုး ရသွားပါပြီ။
နည်းစနစ်မကျတဲ့ မျက်နှာသစ်ခြင်း က မျက်နှာအသားအရေကို ထိခိုက် ဒဏ်ရာရပြီး ခြောက်သွေ့ တွဲကျသွားစေ သလို၊ အရွယ်မတိုင်မီ အရေးကြောင်း များလည်း ပေါ်လာစေနိုင်တာကြောင့် အဲဒီလို ပြဿနာတွေမဖြစ်ရအောင် အမေ ရိကန်နိုင်ငံ The Mount Sinai Medical Center မှ အရေပြားဆိုင်ရာ လက် ထောက်ပါရဂူဖြစ်သူ Dr.Jeannette Graf က အောက်ပါနည်းလမ်း ခုနစ်ရပ် ဖြင့် ပြင်ဆင်သင့်ပါကြောင်း အကြံပြု ထားပါတယ်။
(၁) မျက်နှာသစ်ဆပ်ပြာ ရွေးချယ်မှု မှန်ကန်ပါစေ။ မိမိအသားအရေ အတွက် သင့်တော်မှန်ကန်တဲ့ မျက်နှာသစ်ဆပ်ပြာရွေးချယ်တတ်မှု က အင်မတန် အရေးကြီးပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက် Foaming သို့မဟုတ် ဂျယ်လ် အမျိုးအစား မျက်နှာသစ်ဆပ်ပြာ တွေ သုံးသင့်ပြီး ခြောက်သွေ့တဲ့ အသားအရေအတွက် ကရင်မ်အမျိုး အစားကို သုံးသင့်ပါတယ်။
(၂) လက်ကို ဦးစွာစင်ကြယ်အောင် ဆေးကြောပါ။ လူ ၁ဝ ဦးမှာ ခုနစ် ဦးလောက်က မျက်နှာမဆေးကြော ခင် လက်ကိုဦးစွာဆေးကြောဖို့ မေ့ နေတတ်ကြပါတယ်။ မျက်နှာသစ် နည်းအမှန်က ဦးစွာလက်ကို ကိုယ်တိုက်ဆပ်ပြာတစ်ခုခုနဲ့ စင် ကြယ်စွာဆေးကြော၍ ရေစင် အောင် လောင်းရပါမယ်။ ဒုတိယ အဆင့်အနေဖြင့် မျက်နှာကိုရေနဲ့ အရင်သစ်ပါ။ ပြီးမှ လက်ထဲကို မျက်နှာသစ်ဆပ်ပြာလိုသလောက် ထည့်၍ အမြှုပ်ထအောင် လက် ထဲမှာပွတ်ပြီးမှသာ မျက်နှာကို အသာအယာပွတ်ဆေးပေးရပါမယ်။

(၃) ရေစိုမျက်နှာသစ်ပဝါကို လျှော် ဖွပ်ဖို့ မမေ့ပါနဲ့။ တချို့သူတွေက မျက်နှာသစ်ပဝါ ခပ်သေးသေးလေး မှာ ရေ၊ ဆပ်ပြာ ပွတ်၍ မျက်နှာ သစ်လေ့ရှိပါတယ်။ မျက်နှာသစ်ပြီး တဲ့အခါတိုင်း အဲဒီမျက်နှာသစ် ပဝါလေးကို ဆပ်ပြာနဲ့ စင်အောင် လျှော်ဖွတ်ရမှာဖြစ်ပြီး နောက်ထပ် တစ်ကြိမ် ထပ်မသုံးခင်မှာ အဲဒီပဝါ လေး ခြောက်သွေ့နေရပါမယ်။ မျက်နှာသစ်ပဝါ စိုထိုင်းထိုင်းတွေ မှာ မျက်စိဖြင့်မမြင်နိုင်တဲ့ မှိုပိုးတွေ ရှိစေသလို၊ ပဝါက အလွန် ခြောက် သွေ့နေခဲ့ရင်လည်း မျက်နှာကို ခပ် ကြမ်းကြမ်းပွတ်မိတဲ့အခါ အသား အရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လက်ဖြင့်သာ မျက်နှာသစ်ကြရန် Dr. Graf က အကြံပြုထားပါတယ်။
(၄) ပူလွန်း အေးလွန်းတဲ့ ရေတွေဖြင့် မျက်နှာ မသစ်ပါနဲ့။ အကယ်၍ ဆောင်းကာလလိုမျိုး အလွန်အေးတဲ့ ရာသီဥတုမှာတောင် ပုံမှန်ရေအေး ဖြင့်သာ မျက်နှာသစ်ပေးသင့်ပါ တယ်။ မဖြစ်မနေ ရေနွေးသုံးဖို့ လိုအပ်လာတဲ့အခါ မျက်နှာ အသား အရေ အစိုဓာတ်မပျက်စီးရလေ အောင် မိမိခံနိုင်ရုံလောက်သာ ရေ ခပ်နွေးနွေးကိုသုံးပေးပါ။ နွေခေါင် ခေါင် ဘယ်လိုဘဲ ရာသီဥတုပူပြင်း ပါစေ၊ ရေခဲရည်ဖြင့် မျက်နှာ (လုံးဝ) မသစ်ပါနဲ့။
(၅) Scrubs နည်းတွေ လွန်ကဲစွာ မသုံး ပါနဲ့။ မျက်နှာသန့်စင်နည်း တစ်မျိုး ဖြစ်တဲ့ Scrubs (ခေါ်)ညစ်နေတဲ့ အသားအရေကို အလွှာလိုက် ကွာ ကျစေတဲ့နည်းက မျက်နှာအသား အရေကို နူးညံ့ချောမွေ့သွားစေတာ မှန်သော်လည်း မကြာခဏ လွန်ကဲ စွာပြုခြင်းက အသားအရေကို ပျက်စီးစေပါတယ်။
(၆) မျက်နှာပေါ်က ဆပ်ပြာတွေကို ကုန်စင်အောင် ဆေးကြောပါ။ ဘယ်ဆပ်ပြာမျိုးနဲ့မဆို မျက်နှာကို သန့်စင်တဲ့အခါ၊ အဲဒီဆပ်ပြာတွေ (လုံးဝ)ကုန်စင်သန့်စင်သွားတဲ့အထိ ရေနိုင်နိုင်လောင်းပေးဖို့ မမေ့ပါနဲ့။ ထိုဆပ်ပြာအကြွင်းအကျန်တွေက မျက်နှာအသားအရေကိုခြောက်သွေ့ ပျက်စီးစေပါတယ်။
(၇) တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ။ တစ်ညလုံး အိပ်စက်ထားချိန်မှာ သာမန်မျက်စိဖြင့် မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ မျက်နှာ ပေါ်ကအဆီတွေ ပေါင်းစပ်ပြီး ညစ်ပေလေ့ရှိတာမို့ နံနက်အိပ်ရာထ မျက်နှာသစ်ရပါမယ်။ တစ်နေကုန် ဖီးလိမ်းပြင်ဆင်ထားတဲ့ မိတ်ကပ် တွေနဲ့ ပြင်ပမှ ဖုန်မှုန့်တွေအတွက် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် မျက်နှာ သစ်ပါ။ (မိတ်ကပ်လိမ်းခြယ်ပြီး ချိန်မှစ၍ အလွန်ဆုံး နောက်ထပ် ဆယ်နာရီလောက် ကြာအောင် အဲဒီမိတ်ကပ်တွေကို မျက်နှာပေါ်မှာ မထားသင့်တော့ပါ ဘူးလို့ Dr. Graf က ထပ်လောင်းအကြံပြုထား ပါတယ်။)

(ကိုးကား- Dr.Jeannette Graf by The Mount Sinai Mrdical Center)