images
UN
UN
သြဂုတ်၂၄ရက်က မြန်မာနိုင်ငံမှာလှုပ်သွားတဲ့ငလျင်က အီတလီ ငလျင်နဲ့မဆိုင်ပါဘူးမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနှင့် တွေ့ဆုံခြင်း
စိုးစိုးစံ Thursday, 01 September 2016
သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ်ခန့်က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ချောက်မြို့အနီးကို ဗဟို ပြုပြီးလှုပ်ရှားခဲ့သည့် ရစ်ခ်ျတာစကေး ၆ဒသမ၈ အဆင့်ရှိ အင်အားပြင်းထန်သည့် မြေငလျင်တစ်ခုလှုပ်ရှားခဲ့မှုအပြီး နောက်ဆက်တွဲ မြေငလျင် ဖြစ်လာနိုင်ခြေများနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

• သြဂုတ် ၂၄ ရက်က ချောက်မြို့ အနီးကို ဗဟိုပြုပြီးလှုပ်သွားတဲ့ ငလျင်နဲ့ ပတ်သက်ပြီး ဆရာ့ရဲ့အမြင်လေး သိချင် ပါတယ်။
သူကတော့ ဇောက်လတ် ငလျင် အမျိုးအစားမျိုးထဲမှာဖြစ်တဲ့အတွက် သူ့ရဲ့ နောက်ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေ နည်းပါးတာကို တွေ့ရပါတယ်။ ဇောက် လတ် ငလျင်အမျိုးအစားက ပုံမှန်ဆိုရင် တော့ အပျက်အစီးကနည်းတယ်ပေါ့နော်။ အခုဟာက ပုဂံမှာရှေးဟောင်းစေတီပုထိုး တွေ နှစ်ကြာနေတဲ့အတွက်ကြောင့်မို့လို့ အပျက်အစီးများတာကိုလည်း တွေ့ရပါ တယ်။

• နောက်ဆက်တွဲငလျင်တွေ ဖြစ်လာ နိုင်တယ်လို့ ပညာရှင်တချို့ရဲ့ ပြောကြား မှုနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့သုံးသပ်ချက် လေး ပြောပြပေးပါဆရာ။
ငလျင်ကတော့ ကြိုတင်ခန့်မှန်းနိုင် ခြင်းမရှိတော့ နောက်ဆက်တွဲငလျင်လှုပ် မယ်၊ မလှုပ်ဘူးဆိုတာကတော့ပြောလို့မရ သေးဘူး။ ဒါပေမဲ့ ပုံမှန်အနေအထားတွေ ကတော့ အင်အားပြင်းငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်ကတော့ လာပါ တယ်။ အခု ဒါက ၆ ဒသမ ၈ အဆင့် ရှိတဲ့အင်အားပြင်းငလျင်မျိုးဖြစ်တဲ့အတွက် ကြောင့်မို့လို့ နောက်ဆက်တွဲငလျင်က တော့ လာမယ်။ ဒါပေမဲ့ အခုငလျင်ရဲ့ မြေပြင်ဗဟိုချက်အနက်က ၈၄ကီလိုမီတာ ဒေါင်လိုက် ငလျင်အမျိုးအစား ဖြစ်တဲ့ အတွက်ကြောင့် နောက်ဆက်တွဲငလျင် လှုပ်ရှားမှုကတော့ ဇောက်တိမ် ငလျင် လောက်တော့မလှုပ်ပါဘူး။၂ဝ၁၂တုန်းက လှုပ်တဲ့ သပိတ်ကျင်းငလျင်ဆိုရင် သူ့ရဲ့ မြေပြင်ဗဟိုချက်ကတိမ်တဲ့အတွက်ကြောင့် မို့လို့ နောက်ဆက်တွဲငလျင်တွေများတာ ဖြစ်တယ်။ အခုကတော့ ၈၄ ကီလိုမီတာ နက်တဲ့ဒေါင်လိုက်ငလျင်မျိုးဖြစ်တဲ့အတွက် နောက်ဆက်တွဲငလျင်ကတော့နည်းပါမယ်။

• မြန်မာနိုင်ငံမှာရှိတဲ့ လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်မှု ရှိ မရှိကိုလည်း သိချင်ပါတယ်။
ငလျင်လှုပ်လို့ရှိရင် အဆောက်အအုံ တွေကြောင့်သေတာများတဲ့အတွက်မြန်မာ နိုင်ငံမှာဆိုရင် ငလျင်ရပ်ဝန်းပေါ့။ ငလျင် မကြာခဏလှုပ်တဲ့ဒေသတွေကအဆောက် အအုံတွေအနေနဲ့ ကြံ့ခိုင်မှုရှိအောင်ဆောက် လုပ်ရန်လိုအပ်ပြီး ဖြစ်နိုင်မယ်ဆိုလို့ရှိရင် တော့ ငလျင်ဒဏ်ခံနိုင်မယ့် အဆောက် အအုံတွေဖြစ်ဖို့လိုပါတယ်။

• မြို့ကြီးတွေမှာရှိတဲ့ အထပ်မြင့် အဆောက်အအုံတွေအနေနဲ့ရော ငလျင် ဒဏ်ခံနိုင်ရည်ရှိအောင် ဘယ်လိုပြင်ဆင် ထားသင့်ပါသလဲဆရာ။
မြို့ကြီးတွေမှာ အထပ်မြင့်အဆောက် အအုံတွေဆောက်မယ်ဆိုလို့ရှိရင် ဆောက် လုပ်မယ့်နေရာရဲ့ မြေပြင်အနေအထား သေချာတွက်ချက်ပြီးတော့မြေငလျင်ဒဏ် ခံနိုင်မှုအနေအထားတွေရော အတိတ်က ငလျင်ဖြစ်ပေါ်ခဲ့မှု အနေအထား ရှိမရှိ သေချာဆန်းစစ်တွက်ချက်ပြီးတော့မှ ဆောက်လုပ်သင့်ပါတယ်။ ၂ဝ၁၂ခုနှစ်မှာ တော့ Myanmar National Building Code ဆိုတဲ့ မူကြမ်းကိုလည်း ဆောက် လုပ်ရေးဝန်ကြီးဌာနကနေ ကွပ်ကဲမှုနဲ့ သက်ဆိုင်ရာဘာသာရပ်နဲ့ပတ်သက်ပြီး တော့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနရဲ့ကိုယ်စား ကျွန်တော် တို့ဆိုရင် အဲ့ဒီအဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ပါဝင် ထားတာလည်း ရှိပါတယ်။ စည်းကမ်း ချက်တွေကို သေချာလိုက်နာပြီး ဆောင် ရွက်မယ်ဆိုရင်တော့အထပ်မြင့်အဆောက် အအုံတွေပိုမိုပြီးတော့ ကောင်းမွန်နိုင်ပါ တယ်။

• ၁၉၇၅ခုနှစ်တုန်းက ပုဂံမှာလှုပ်သွား ခဲ့တဲ့ငလျင်နဲ့ အခုငလျင် ဘယ်ငလျင်က ပိုပြီးပြင်းအားများသလဲဆိုတာ သိချင်ပါ တယ်။
ပြင်းအားချင်းကတော့အတူတူပါပဲ။ ဒါပေမဲ့မြေပြင်ဗဟိုအနက်အပေါ်မူတည်ပြီး အပျက်အစီးအနည်းငယ်ကွာသွားတာပါ။

• သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာလည်း ငလျင်လှုပ်သွားပါတယ်။ အဲဒီငလျင်တွေ အားလုံး ဆက်စပ်မှုရှိ မရှိ ပြောပြပေး ပါဦးဆရာ။
တစ်နေရာနဲ့တစ်နေရာကတော့ သိပ် ပြီးတော့ မဆိုင်ပါဘူး။ ကျွန်တော်တို့နေ ထိုင်တဲ့ ကမ္ဘာမြေကြီးက နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ Plate လို့ခေါ်တဲ့ ကျောက် ဖျာကြီးက ရွေ့လျားနေတာပါ။ ရွေ့လျား နေတော့ အချိန်နဲ့အမျှ နေရာတိုင်းမှာ ဖြစ် နေတာပါပဲ။ ဧပြီလတုန်းကလှုပ်တဲ့ငလျင် ဆိုရင်လည်း အဲဒီ့အချိန် ဂျပန်တို့ ဘာတို့ မှာ လေးခုလောက် လှုပ်တာရှိပါတယ်။ အီတလီက လှုပ်တာနဲ့မဆိုင်ပါဘူး။

• အီတလီနိုင်ငံမှာ လှုပ်ခဲ့တဲ့ငလျင်က အင်အား ၆ ဒသမ ၂ လို့ သိရပါတယ်။ မြန်မာနိုင်ငံ ပုဂံဘက်မှာလှုပ်ခဲ့တဲ့ငလျင် က အင်အား ၆ဒသမ၈။ ဒါပေမဲ့ ဆုံးရှုံး မှုနဲ့ လူသေဆုံးမှုမှာ မြန်မာနိုင်ငံက အပျက် အစီးအသေအပျောက်နည်းခဲ့တယ်။ အဲဒါ ကလူဦးရေထူထပ်မှုအနည်းအများနဲ့ဆိုင် လား။ ဗဟိုပြုတဲ့နေရာ အတိမ်အနက်နဲ့ ဆိုင်တာပါလား ဆရာ။
အဲဒါက ဖြစ်သွားတဲ့နေရာနဲ့ လှုပ် သွားတဲ့မြေငလျင်ရဲ့ မြေပြင် ဗဟိုချက် အတိမ်အနက်ပေါ်မူတည်ပါတယ်။ ဒီမှာ လှုပ်သွားတာက ဇောက်လတ်ငလျင် ဖြစ် သွားတာက တစ်ကြောင်း၊ ဇောက်လတ် ငလျင်က ပုံမှန်မှာ အပျက်အစီးနည်းတဲ့ ငလျင်မျိုးပါ။ ဟိုဘက်ကတော့ ဇောက် တိမ်ငလျင်ဖြစ်တာရယ်၊ လူဦးရေထူထပ် တာတွေရယ်ကြောင့်အပျက်အစီးများသွား တာပါ။

• ငလျင်ဒဏ်နဲ့ ပတ်သက်ပြီး တခြား သိသင့်သိထိုက်တာလေးရှိရင်လည်းပြော ပြပေးပါဦးဆရာ။
စောစောက ပြောသွားသလိုပဲ ပေါ့ နော်။ ကိုယ်နေထိုင်ရာဒေသတွေမှာ ငလျင် လှုပ်ရှားဖူးတဲ့အခြေအနေမျိုးတွေရှိတယ်။ ငလျင်ဒဏ်ကိုခံစားခဲ့ဖူးတယ်ဆိုရင်၊ ဖြစ်နိုင် မယ်ဆိုရင်ငလျင်ဒဏ်ခံနိုင်မယ့်အဆောက် အအုံတွေ ဆောက်လုပ်ဖို့လိုအပ်တယ်။ ပြီးတော့ ဒီလို ငလျင်ကြီးလှုပ်ရှားပြီးတဲ့ အခါမှာလည်း ကိုယ်နေတဲ့အဆောက် အအုံဟာ ဒီငလျင်ဒဏ်ကြောင့် ပျက်စီး သွားတာမျိုးရှိလား။ ရှိတယ်ဆိုလို့ရှိရင် ကြံ့ခိုင်မှုအရည်အသွေးစစ်ဆေးသင့်တယ်။ ကြံ့ခိုင်မှုမရှိဘူးဆိုရင်တော့ အချိန်မီပြုပြင် ရန် လိုအပ်ပါတယ်။ ငလျင်ဆိုတာက တော့ ဘယ်အချိန်မှာလှုပ်မယ်ဆိုတာမျိုး ကြိုတင်ပြီးတော့ အတိအကျမခန့်မှန်းနိုင် ဘူးပေါ့။ အဲဒီ့အတွက်ကြောင့်မို့လို့ လှုပ် မယ့်ငလျင်ကို တွေးကြောက်မနေဘဲနဲ့ ငလျင်မလှုပ်ခင်မှာ ဘာတွေ လုပ်ဆောင် သင့်သလဲ။ လှုပ်နေစဉ်အတွင်းမှာရော ဘာတွေပြုမူဆောင်ရွက်သင့်သလဲ။ လှုပ် ပြီးတဲ့နောက်မှာရော နောက်ဆက်တွဲ ဘာ တွေဖြစ်လာနိုင်သလဲဆိုတာတွေကို သိရှိ နားလည်ပြီးတော့လိုက်နာဆောင်ရွက်ကြ မယ်ဆိုရင် ဒီငလျင်ဘေးကနေကင်းဝေး နိုင်မှာဖြစ်ပါတယ်။