images
UN
UN
ရခိုင်ပြည်နယ်လွှတ်တော်ရဲ့အဆိုကို ရခိုင်ပြည်နယ်အစိုးရကမဆောင်ရွက်ဘူးဆိုရင် အစိုးရကို စွပ်စွဲပြစ်တင်တဲ့ အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်းညွန့်နှင့်တွေ့ဆုံခြင်း
နေထက်ဝေ Saturday, 17 September 2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများအနေဖြင့် ဘုံသဘောထား တူညီချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းကော်မရှင်နှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြပေးလိုက်ပါသည်။

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ကို အသိ အမှတ်မပြုကြောင်း ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တယ်။ဒါပေမဲ့ ပြည်သူ့လွှတ် တော်မှာတော့ ရှုံးနိမ့်ခဲ့တယ်။ပြည်သူ့လွှတ် တော်နဲ့ ပြည်နယ်လွှတ်တော်မှာ ကွဲလွဲမှု တွေရှိပြီဆိုတော့ ဒီကော်မရှင်အပေါ် သုံးသပ်ပေးစေလိုပါတယ်။ဥပဒေကြောင်း အရရော ဘယ်လိုရှိတယ်ဆိုတာကိုပေါ့။
ဥပဒေကြောင်းအရဆိုရင် ၂ဝဝ၈ဖွဲ့စည်း ပုံအခြေခံဥပဒေကို အခြေခံပြီးပြောရမှာ ကိုး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်မှာလည်း လွှတ် တော်လုပ်ပိုင်ခွင့်ထဲမှာ မေးခွန်းမေးခြင်း၊ အဆိုတင်ခြင်း၊ ဥပဒေကြမ်းတင်ပြခြင်း ဆိုတာ ပေးထားတယ်။အဲ့ဒီလိုပဲ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ လည်း အဆို၊ မေးခွန်း၊ဥပဒေကြမ်းတင် ခြင်းပေးထားတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း မေးခွန်း၊ အဆိုတင်သွင်း၊ ဥပဒေကြမ်းတင်ခြင်း ဆိုပြီး သူ့လွှတ်တော်နဲ့သူ့လုပ်ပိုင်ခွင့်ပဲ။ဒီနေရာမှာ ဥပဒေပုဒ်မ ၁၉၈ မှာ ဥပဒေ များရဲ့ အကျိုးသက်ရောက်မှုဆိုတာ ပြဋ္ဌာန်းထားတယ်။ အဆိုများရဲ့အကျိုး သက်ရောက်မှုကို မပြဋ္ဌာန်းထားဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့အဆိုကို ပြည် နယ်လွှတ်တော်က မကျော်လွှားရဆိုတာ မရှိဘူး။ ဥပဒေမှာပဲရှိတယ်။ ပြည်သူ့ လွှတ်တော်တို့ တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်တွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆန့်ကျင်ရင် ဖွဲ့စည်းပုံအတိုင်းပဲ လိုက်နာရမယ်။ အဲ့ဒီလိုပဲ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ရပ်နဲ့ဆန့်ကျင် ရင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း ထားတဲ့ဥပဒေအတိုင်း လိုက်နာရမယ်။ဒါက ၁၉၈(ခ)မှာပြဋ္ဌာန်းထားတာ။ အဆိုမှာ တော့အဲဒီသဘောမရှိဘူး။သူ့လွှတ်တော် နဲ့သူ့အဆိုပဲ။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က ပြည်ထောင်စုနယ်မြေမှာ သက်ရောက်သလို ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကလည်း သူ့ပြည်နယ်မှာ သက်ရောက်တယ်။ဒါကြောင့် ရခိုင်ပြည် နယ်လွှတ်တော်က ချမှတ်လိုက်တဲ့အဆို ဟာ ရခိုင်ပြည်နယ်အတွင်းမှာ သက် ရောက်တယ်။ အဲ့ဒါကို ရခိုင်ပြည်နယ် အစိုးရက အကြောင်းတွေပြတာတော့ သူ့အပိုင်းပေါ့။ ရခိုင်ပြည်နယ်လွှတ်တော် ရဲ့အဆိုကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် အစိုးရကို စွပ်စွဲပြစ်တင်တဲ့အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်လေ။ဒါလုပ်လို့ရတယ်။
ဒီကော်မရှင်ဟာ တရားမဝင်ဘူးဆိုတာ က ရောခင်ဗျ။
အခြေခံဥပဒေမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုပြီးတော့ ခွဲထားတယ်။ ဒီနေ့အချိန်ထိ အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ အစိုးရအဖွဲ့မှာ ဘယ်သူ တွေပါလဲဆိုတော့ သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စုဝန်ကြီးတွေရယ်၊ပြည်ထောင်စု ရှေ့နေချုပ်ရယ် ဒါပဲပါတယ်။ သမ္မတ ကတော့ နိုင်ငံတော်အကြီးအကဲနဲ့အုပ်ချုပ် ရေးအကြီးအကဲပေါ့။ လွှတ်တော်က ဘာအကြောင်းနဲ့ပဲ ပြည်ထောင်စုလွှတ် တော်အတည်ပြုပြု ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်းဆိုတဲ့နေရာမှာ အခြေခံဥပဒေ ပုဒ်မ ၂ဝဝအရ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတာမပါဘူး။အခု ကိုဖီအာနန် ကော်မရှင်က ဖွဲ့တယ်ဆိုတာ အစိုးရ အာဏာနဲ့ပဲ လုပ်ရမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ အကြောင်းကြောင်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရာထူးကို ယူထားပေမယ့် ဒီနေ့အချိန်ထိ ပုဒ်မ ၂ဝဝ ကို မပြင်ဆင်နိုင်တဲ့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးမပါဘူး။ ရာထူး မရှိတဲ့အတွက် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင် ချက်နဲ့လုပ်ရမယ့် အခြေခံဥပဒေအရ ကော်မရှင်ဖွဲ့တဲ့အလုပ်ကိုမလုပ်နိုင်ဘူး။ နောက်တစ်ခါ တပ်မတော်သားကိုယ်စား လှယ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အချို့ ကန့်ကွက်နေတဲ့ကြားက အတည် ပြုလိုက်တယ်။ တပ်မတော်သားတွေက ဒီမိုကရေစီအနိုင်ကျင့်မှုဆိုပြီးတော့ စွပ်စွဲ တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံဥပဒေမှာ လည်း နိုင်ငံတော်၏အတိုင်ပင်ခံက ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းပိုင်ခွင့်အာဏာ၊ လုပ်ပိုင်ခွင့် သူ့ကိုအပ်နှင်းထားခြင်းမရှိ ဘူး။ဥပဒေအရအပ်နှင်းထားခြင်းမရှိတဲ့ အာဏာနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ကော် မရှင်ကို ဖွဲ့စည်းခြင်းဟာ ဘာပဲပြောပြော ဥပဒေထောင့်ကကြည့်ရင် မေးခွန်းထုတ် စရာတွေ အများကြီးဖြစ်သွားပြီ။
ကော်မရှင်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီ တွေ စိုးရိမ်နေတာကို ကြားသိရပါတယ်။ ဒီကော်မရှင်ရဲ့ဆောင်ရွက်မှုက နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လိုသက်ရောက်မှု မျိုးရှိနိုင်လို့လဲခင်ဗျ။
သူ့ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့အားလုံး စိုးရိမ်တဲ့အချက်တွေက ကျွန်တော်တို့ရဲ့ လူမျိုး ၁၃၅ မျိုးမှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေမပါဘူး။ အဲ့ဒါကြောင့် ဘင်္ဂါလီတွေကို သာမန်နိုင်ငံသားတင် မဟုတ်ဘူး။ ဦးတည်ချက်က တိုင်းရင်း သားအဖြစ် ဦးတည်ပြီးတော့ နောင်ပေး ရတော့မယ့် နယ်မြေမျိုးထူထောင်လာရင် ကျွန်တော်တို့ တိုင်းပြည်က ကိုဆိုဗိုလို ဖြစ်သွားမယ့် အလားအလာရှိတယ်။ အခု လူဦးရေပေါက်ဖွားမှုနှုန်းနဲ့ ကြည့်ရင် လည်း သူ့တို့အသိုင်းအဝိုင်းရဲ့ လူဦးရေ ပေါက်ဖွားမှုနှုန်းက အင်မတန်ကြောက်လန့် စရာကောင်းတယ်။အဲဒီတော့ ကျွန်တော့် အမြင်ပြောရင် ဒီကော်မရှင်က သူတို့ကို လူမျိုးအဖြစ် သတ်မှတ်ပြီးမှ ကျွန်တော် တို့နိုင်ငံထဲမှာ ဒီနိုင်ငံသားသဖွယ်၊ တိုင်း ရင်းသားသဖွယ်လုပ်ခွင့်ပေးလိုက်ရင်နောင် ၂ဝ၃ဝ လောက်ကျရင် နောက် ၁၅ နှစ်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်တစ်ခုတင် မကဘူး။ မြန်မာနိုင်ငံရဲ့အောက်ပိုင်းတစ်ခု လုံးဟာ အင်မတန်မှဘေးအန္တရာယ်ကျ ရောက်လာမယ့် အနေအထားရှိတာပေါ့။အဲ့ဒီအပြင် နိုင်ငံခြားရောက်နေတဲ့ ဘင်္ဂါလီ တွေကို တိုင်းရင်းသားဆိုပြီးတော့ကျွန်တော် တို့နိုင်ငံထဲကို ခေါ်ထည့်လာမယ်ဆိုရင် လူမျိုးခြားတွေရဲ့ လွှမ်းမိုးမှုက ကြောက် ခမန်းလိလိ တိုင်းပြည်အတွက် အဆိုးဆုံး အခြေအနေရောက်သွားမယ်။
ဒါဆို နိုင်ငံရေးပါတီတွေအနေနဲ့ရော ပြည်သူတစ်ရပ်လုံးကပါ ဘယ်လိုဆောင် ရွက်သင့်ပါသလဲဗျ။ကော်မရှင်နဲ့ပတ်သက် ပြီးတော့ရောဘယ်သူ့မှာတာဝန်ရှိပါသလဲ။
ကျွန်တော့်အမြင်ပြောရရင် အခြေခံ ဥပဒေနဲ့ဆန့်ကျင်နေတယ်ဆိုပြီး လွှတ် တော်တွင်းမှာ တပ်မတော်သားကိုယ်စား လှယ်တွေအပါအဝင် လွှတ်တော်ကိုယ် စားလှယ်တွေက ထောက်ပြီးပြီ။အဲဒီလိုပဲ နိုင်ငံရေးပါတီအချို့က ထောက်ပြခဲ့ပြီ။ အဲ့ဒီတော့ အခုပြည်ခိုင်ဖြိုးပါတီနဲ့ ကျွန် တော်တို့ပါတီအပါအဝင်ပေါ့။ ပြည်ခိုင် ဖြိုးကလည်း အတိုက်အခံပါတီအဖြစ် ရပ်တည်လာတော့ ဘုံတူညီချက်တွေပေါ့။ အခုနိုင်ငံတော်၏အတိုင်ပင်ခံဥပဒေရော၊ အခြေခံဥပဒေနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်တာတွေရောအပေါ်မှာ နိုင်ငံရေး ပါတီတွေရဲ့ သဘောထားတွေကို ထုတ် ပြန်နိုင်အောင်ကြိုးစားဖို့လိုတယ်။ ထုတ် ပြန်တာတွေနဲ့ပတ်သက်ပြီး အခြေခံ ဥပဒေခံရုံးဘက်က ဆုံးဖြတ်တာက သူ့ ဘာသာသူတစ်ပိုင်းပေါ့။ နောင်လာမယ့် မြန်မာသမိုင်းမှာ ဒီနေ့ခေတ်မှာ တာဝန်ရှိ တဲ့ နိုင်ငံရေးပါတီတွေက ဒီကိစ္စတွေမှာ ထောက်ပြခဲ့တယ်ဆိုတဲ့ သမိုင်းမှတ် တမ်းပေါ်ပေါက်လာမှာရှိတယ်။ နောက် တစ်ခါ ကျွန်တော်မှတ်မိသလောက် အဲဒီ ဥပဒေကို ပြဋ္ဌာန်းစဉ်တုန်းက တပ်မတော် အရာရှိတစ်ဦးက ထောက်ပြခဲ့တာရှိတယ် လေ။ ဒါနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းတဲ့လွှတ် တော်မှာတာဝန်ရှိတာပဲ။လွှတ်တော်ဆိုတာ ဥပဒေပြုတာလေ။ ဥပဒေပြုတဲ့အခါမှာ ဘာဖြစ်ဖြစ် အခြေခံဥပဒေနဲ့မဆန့်ကျင် ရဘူး။ အခုကျွန်တော်ပြောတဲ့အချက်တွေ ကို ကြည့်လိုက်ရင် ပုဒ်မ ၂ဝဝကို ကြည့် လိုက်။ အစိုးရအဖွဲ့ထဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှမပါဘဲ။ အဲဒါမျိုးကို လုပ်ချင်ရင်အခြေခံဥပဒေကိုပြင်နိုင်အောင် ကြိုးပမ်းဖို့လိုတာပေါ့။ ပြင်ပြီးရင်တော့ ဥပဒေနဲ့အညီဖြစ်ပြီဆိုရင် အာဏာသက် ရောက်ပြီပေါ့။အဲဒီတော့ အခုလိုဖြစ်တာနဲ့ ပတ်သက်ပြီး ချုပ်ပြောရရင် ပြည်ခိုင်ဖြိုး အပါအဝင် တာဝန်သိတဲ့ နိုင်ငံရေးပါတီ တွေက ဒါတွေ၊ ဒါတွေဟာ အခြေခံဥပဒေ နဲ့မညီဘူး။ ခုလိုမေးခွန်းထုတ်ဖို့လိုတယ်။ သဘောထားထုတ်ပြန်ထားဖို့လိုတယ်။ အဲဒါနဲ့ပတ်သက်ပြီး နောင်သမိုင်းမှာ ရှင်းကြစတမ်းဟေ့ဆိုရင် ကိုယ့်ဘက်က တာဝန်ကိုယ်ကျေခဲ့တဲ့အတွက် မိမိတာဝန် မိမိထမ်းခဲ့တယ်ဆိုတဲ့အရာလေး၊ အခွင့် အရေးလေးရယူနိုင်မှာပေါ့။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် နဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများ စကားလက်ဆောင်ပေးချင်ပါလဲ။
ဒီမိုကရေစီလမ်းကြောင်းဆိုတာ ဥပဒေအုပ်စိုးမှုကိုသွားတာကိုး။ဥပဒေက အုပ်စိုးတာကိုး။ ဥပဒေထဲမှာ အခြေခံ ဥပဒေက မိခင်ဥပဒေလို့ခေါ်တာပေါ့။ မိခင်ဥပဒေနဲ့ ကွဲလွဲတာပဲဖြစ်ဖြစ်၊ မိခင် ဥပဒေကိုချိုးဖောက်ပြီးတော့ ဖြစ်ဖြစ် ဥပဒေများပြဋ္ဌာန်းပြီးတော့ အာဏာရယူ ရေး၊ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့၊ ပြည် ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စ တွေမှာ သက်ဆိုင်ရာပြည်နယ်တွေရဲ့ ဆန္ဒ သဘောထားမရယူဘဲနဲ့ ဆောင်ရွက်မှု ဟာ ကျွန်တော်တို့တိုင်းပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ ရောက် လာမှာကိုမြင်တဲ့အတွက် ပြည်သူတွေက အခြေအနေအချက်အလက်ပေါ်မှာ သုံးသပ် ပြီးတော့ ကိုယ့်တိုင်းရေးပြည်ရေးကိစ္စကို အဆုံးအဖြတ်ပေးကြပါ။သဘောထားပေး ကြပါလို့ ပြောချင်ပါတယ်။