images
UN
UN
ဆုံးဖြတ်ချက်တစ်ခု
သူရထိုက် Saturday, 24 September 2016
ငယ်ငယ်တုန်းက ဖတ်ခဲ့၊ ကျက်ခဲ့ တယ်။
'ကစားမလား၊ နားမလား'တဲ့။ ပြီးတော့ ကိုယ့်ဘာသာကိုယ် စဉ်းစား ဆုံးဖြတ်ခဲ့ရတာလည်း ရှိသေးရဲ့။ 'အပြင် သွားမလား၊ အိမ်မှာနေမလား'လို့။ ဒီ့ပြင် ဒီ့ပြင် ဘဝတစ်လျှောက်လုံးမှာ စဉ်းစား ဆုံးဖြတ်ခဲ့ရတာတွေ အများကြီးရှိတယ်။ နားထဲမှာစွဲနေတဲ့ ကွယ်လွန်သွားရှာပြီဖြစ် တဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သီချင်း တစ်ပုဒ်လည်း ရှိသေးရဲ့။ ဘာတဲ့...
'ရင်နာစရာရဲ့ အခြေခံဟာ သူကိုယ် တိုင်ရဲ့ အဆုံးအဖြတ်ပါ။ အဆုံးအဖြတ်ပါ ...'
သီချင်းခေါင်းစဉ်က 'အဆုံးအဖြတ်' ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဟုတ်တယ် 'Yes' ၊ မဟုတ်ဘူး 'No' လို့ပြောဖို့ ဆိုတာကလေးကိုတောင် ဆုံးဖြတ်ပြီး ပြောရတာပါပဲ။ တချို့ကိစ္စတွေမှာ လွယ် လွယ်နဲ့ ဆုံးဖြတ်ချက်ချလို့ မရတာတွေ ရှိတယ်။ချီတုံချတုံဖြစ်နေတာတွေရှိတယ်။ ဝေခွဲမရဖြစ်နေတာတွေလည်း ရှိတယ်။ အဲဒီလိုအခြေအနေမျိုးလည်းကြုံဖူးကြမှာ ပါ။ ဆုံးဖြတ်ချက်တစ်ခု ဘယ်လိုဖြစ်လာ သလဲဆိုတာကို လေ့လာကြည့်မိတယ်။
ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေါ်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။ အဲဒီအချက်အလက်တွေ ဟာ ကိန်းဂဏန်းနဲ့ဖော်ပြညွှန်းဆိုထား တာတွေလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဈေးကွက်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချရ မှာမျိုးဆိုရင်တော့ သေသေချာချာ ကွင်း ဆင်းလေ့လာတာမျိုးလည်း လုပ်သင့်ရင် လုပ်ရမှာဖြစ်တယ်။ အရေးကြီးတဲ့ဆုံးဖြတ် ချက်တွေအတွက်အဲဒီလို လိုအပ်ပါတယ်။
အချက်အလက်၊ ကိန်းဂဏန်းတွေ ကို ရှေ့နောက်ချိတ်ဆက်စဉ်းစားလိုက် တဲ့အခါ သတင်းဖြစ်လာပါတယ်။ အဲဒီ သတင်းဟာကိုယ့်အတွက် အကြောင်း ကြားချက်ပါပဲ။အဲဒီသတင်းကိုအကြောင်း ကြားချက်အဆင့်မှာပဲ ထားရှိလို့မဖြစ်ပါ ဘူး။ ရှေ့ဆက်ပြီးလုပ်ကိုင်ရမယ့်အပိုင်း ရှိလာတယ်။
သတင်းအကြောင်းကြားချက်ကို အဓိပ္ပာယ်ပြန်ဆိုပြီး အသုံးချမှုပြုလုပ်ရ ပါတယ်။ အဲဒီလိုအဓိပ္ပာယ်ပြန်ဆိုပြီး အသုံးချမှုပြုလုပ်လိုက်တဲ့အခါနောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်ရှိလာတယ်။ အဲဒါကတော့ ဗဟုသုတပဲဖြစ်တယ်။
ဗဟုသုတကိုလည်း ဒီအတိုင်းပစ် ထားလို့မရပြန်ဘူး။ ထိုးဖောက်သိမြင်မှု တစ်နည်းအားဖြင့်ဆိုရရင် ထိုးထွင်းသိမြင် မှုဖြစ်လာအောင် အသုံးချမှု ပြုလုပ်ရပါ တယ်။ ထိုးထွင်းသိမြင်အောင် အသုံးချမှု ပြုလုပ်မှပဲ ကိုယ့်မှာရရှိလာတဲ့ ဗဟုသုတ က တန်ဖိုးရှိလာမှာ ဖြစ်တယ်။
ကိုယ်ရရှိထားတဲ့ ဗဟုသုတကို ထိုး ထွင်းသိမြင်အောင် အသုံးချလိုက်တဲ့အခါ ဖြစ်ပေါ်လာတာကတော့အသိဥာဏ်ပညာ ပါ။ အသိဥာဏ်ပညာအဆင့် ရောက်လာ ပြီဆိုရင်တော့ မှန်ကန်တဲ့ဆုံးဖြတ်ချက် အတွက် အများကြီးအထောက်အကူပြု လာပါပြီ။
အသိဥာဏ်ပညာကိုလည်း ဒီအတိုင်း ပစ်ထားလို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့ရည်ရွယ် ချက်အတွက် အသုံးချမှုပြုလုပ်ရပါမယ်။ အသိဥာဏ်ပညာကို ရည်ရွယ်ချက်၊ မျှော် မှန်းချက်အတွက် အသုံးချပြီး ဆုံးဖြတ် ချက်တွေ ချရပါမယ်။
လုပ်ငန်းကြီးတွေ လုပ်ကိုင်ဆောင် ရွက်တဲ့အခါ ကိုယ့်ဘဝရဲ့ရည်မှန်းချက် ပန်းတိုင်အတွက် ရုန်းကန်ကြိုးစားတဲ့အခါ ဆုံးဖြတ်ချက်မှန်ကန်ဖို့ လိုအပ်တယ်။ ဆုံး ဖြတ်ချက်မှန်ကန်ဖို့အတွက် အထက်က ဖော်ပြချက်အတိုင်း လုပ်ကိုင်ဆောင်ရွက် သင့်တယ်။
အောင်မြင်လိုတဲ့ သူတစ်ဦးအတွက် ပထမဦးဆုံးအနေနဲ့ ဆန္ဒရှိဖို့လိုအပ်ပါ တယ်။ အဲဒီဆန္ဒကို လုံ့လ ဝီရိယ ထပ် ဆောင်းရမယ်။လုံ့လ ဝီရိယ ထပ်ဆောင်း ထားတဲ့ဆန္ဒအတွက် စိတ်ဓာတ်ခိုင်မာဖို့ လည်းလိုအပ်သေးတယ်။အဲဒါတွေ ပြည့်စုံ ပေမယ့် မပြီးမြောက်သေးပါဘူး။
အသိ ဥာဏ်ပညာလိုအပ်ပါတယ်။ အဲဒီအသိ ဥာဏ်ပညာဟာ နည်းပညာ၊ ဗဟုသုတ၊ ပိုင်းခြားဝေဖန်နိုင်မှုစတာတွေ ပြည့်စုံ နေတဲ့အသိဥာဏ်ပညာဖြစ်ရပါမယ်။အဲဒါ မှပဲ ပိုင်နိုင်တဲ့ဆုံးဖြတ်ချက်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာဖြစ်တယ်။
DECIDE While others are delaying. သူများတွေ တွန့်ဆုတ်နေစဉ်မှာ ဆုံးဖြတ်ပါတဲ့။ မှန်ပါတယ်။ သူများ တကာထက် မှန်ကန်တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်ဆိုရင် ကိုယ့် အတွက် ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိ မှာဖြစ်တယ်။
ဆုံးဖြတ်ချက်ကောင်းတစ်ခုမှာ လက္ခဏာ ငါးရပ်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့-
(၁) ပုဂ္ဂိုလ်စွဲ
(၂) ဘက်လိုက်မှု
(၃) မှတ်ချက်ပြုစောခြင်း
(၄) ကန့်သတ်တွေးတောခြင်း
(၅) ထုံးထမ်းစဉ်လာ၏ ချုပ်ချယ်ခြင်း
စတဲ့ချေးညှော်ငါးမျိုးနဲ့ကင်းစင်ရမယ် လို့ ဆိုပါတယ်။
ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက သူအလုပ်လုပ်တဲ့အခါမှာ စည်းကမ်းသုံးခုထားပြီး အလုပ်လုပ် တယ်လို့ဆိုပါတယ်။ အဲဒါက အောက်ပါ အတိုင်းပါ။
Einstein's Three Rules of Work;
(1) Out of Clutter Find Simpli-cty.
(2) From discard find harmony.
(3) In the middle of difficulty Lies
Opportunite
-Albert Einstein
အိုင်းစတိုင်း၏ အလုပ်ခွင်စည်းကမ်း သုံးခု-
(၁) ဗြုတ်စ ဗျင်းတောင်းထဲက ရိုးစင်း တာကိုရှာ။
(၂) ကွဲလွဲမှုကနေ ညီညွတ်မှုကိုရှာ။
(၃) အခက်အခဲတွေရဲ့ အလယ်မှာ အခွင့်အလမ်းများရှိသတဲ့။
အဲလ်ဘတ်အိုင်းစတိုင်း
ဟုတ်ကဲ့၊ မှန်ကန်တဲ့အသိဥာဏ်နဲ့ ကောင်းဆိုး နှစ်တန်ကို ဝေဖန်ပိုင်းခြား ပြီး လမ်းမှားကိုတွေ့ကာ လမ်းမှန်ကို လျှောက်လှမ်းနိုင်မယ့် ဆုံးဖြတ်ချက် ကောင်းများချနိုင်ကြပါစေ။