images
UN
UN
စွက်ဖက်မှုနှင့် ပဋိညာဉ်
Monday, 26 September 2016
ကမ္ဘာတွင်ဖြစ်ပွားခဲ့သော ကမ္ဘာစစ်ကြီးများမှ ကမ္ဘာ့လူသားများအတွက် သင်ခန်းစာအမြောက် အမြား ရရှိခဲ့ပါသည်။ ထိုအထဲတွင် နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ စစ်မက်ဖြစ်ရသည်မှာ အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအပေါ်တွင် အခြား နိုင်ငံကဖြစ်စေ၊ လူပုဂ္ဂိုလ်ကဖြစ်စေ ထိုနိုင်ငံ၏ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စ များ၌ ပါဝင်စွက်ဖက်ခြင်းကြောင့်ဟု ပြတ်သားစွာ သုံးသပ်ခဲ့ကြပါသည်။ သို့အတွက် ဝင်ရောက် စွက်ဖက်ခွင့်အားလုံးကို ရပ်တန့်ခြင်းဖြင့် စစ်ပွဲများ၊ အငြင်းပွားမှုများ ရပ်တန့်မည်ဟု ယုံကြည်ခဲ့ကြ သည်။
သို့ဖြစ်ရာ နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာ ပိုင်ခွင့်ကို နယ်ချဲ့သမားများက လုယူခြင်းမရှိ အောင် ကာကွယ်ခွင့်၊ နိုင်ငံအားလုံး တန်းတူ ရည်တူ ရှိခွင့်၊ နိုင်ငံတိုင်း ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်များကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ချုပ်ဆိုကြကာ အာမခံထားရှိခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၈၆ နိုင်ငံသည် ထိုကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးထားကြသည်။ အပြည်ပြည် ဆိုင်ရာဥပဒေအရလည်း မကြာခဏ ထုတ်ဖော်လေ့ ရှိသော နိုင်ငံများ၏ အခွင့်အရေးများမှာ လွတ် လပ်ခွင့်(Independence)၊ နိုင်ငံများ တန်းတူ ရည်တူရှိရေး (Equality of States)၊ နယ်ပယ် စီရင်ခွင့် အာဏာရှိရေး (Territorial Jurisdiction)၊ မိမိနိုင်ငံ ခုခံကာကွယ်ခွင့်ရှိရေး (Self Defence)၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး (Self Determination)တို့ ဖြစ်ခဲ့သည်။
နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခွင့်အရေးနှင့် တာဝန်ရှိသော နိုင်ငံ၏ခွဲခွာမရသော သွင်ပြင် လက္ခဏာတစ်ရပ်ဖြစ်သည်။ နိုင်ငံအချုပ်အခြာ အာဏာဆိုသည်ကို''အခြားနိုင်ငံများ၏ အခွင့် အရေးများကိုဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေ၏ သဘောတရားများနှင့် စည်းကမ်းချက်များကို ဖြစ်စေ ချိုးဖောက်ခြင်းမရှိဘဲ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပြည်တွင်းရေးနှင့်ပြည်ပရေးရာများတွင် မိမိသဘောအရ လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင် သည့်လွတ်လပ်မှု''ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားရာ နိုင်ငံတစ်နိုင်ငံသည် မိမိနိုင်ငံ ပြည်တွင်းပြည်ပ အရေးများကို ဆောင်ရွက်ရာတွင် မည်သည့် စွက်ဖက်မှုမှမပါဘဲ မိမိသဘောအရ လွတ်လပ် စွာ ဆုံးဖြတ်ဆောင်ရွက်ခြင်းကို အားပေးသည့် အဓိပ္ပာယ်ဖြစ်သည်။
အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ တန်းတူ ရည်တူရှိရေး သဘောတရားကို အခြားအရေး ကြီးသော သဘောတရားများနှင့်အတူ ကုလ သမဂ္ဂပဋိညာဉ်စာချုပ်ကြီး၏ အပိုဒ်(၂) အပိုဒ်ခွဲ(၁) တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
''ကုလသမဂ္ဂသည် အဖွဲ့ဝင် အားလုံး၏ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှုအပေါ် တွင် အခြေခံသည်''နိုင်ငံအချင်းချင်း လွတ်လပ် စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဟူသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို တန်းတူရည်တူ အသိအမှတ်ပြုရေး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေ၏ အရပ်ရပ် လက်ခံအသိအမှတ်ပြုပြီးဖြစ်သော အချုပ်အခြာ အာဏာကို နိုင်ငံတစ်ခုအပေါ် လိုလားသည် ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ လက်ခံအသိ အမှတ်ပြုရမည်သာဖြစ်သည်။ ထိုနိုင်ငံအချုပ် အခြာ အာဏာပိုင်နိုင်ငံဖြစ်ခြင်းသည် ထိုသို့ အသိအမှတ်ပြုခြင်း မပြုခြင်းနှင့် မသက်ဆိုင်ပေ။
ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ရည်ရွယ်ချက် များ ထမြောက်စေရန် လိုက်နာဆောင်ရွက် ရမည့်အခြေခံ သဘောတရားများချမှတ်ထားရာ ယင်းသဘောတရားများတွင် ''ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံတို့၏အချုပ်အခြာအာဏာ ညီမျှခြင်း သဘောအပေါ်တွင် အခြေတည်သည်'' ဟူ၍ လည်းကောင်း၊ ''အဖွဲ့ဝင်အားလုံးတို့သည် စာချုပ်ပါ ဝတ္တရားများကို ယုံကြည်မြတ်နိုးစွာ လိုက်နာဆောင် ရွက်ရမည်''ဟူ၍လည်းကောင်း၊ ''အဖွဲ့ဝင်တို့သည် မိမိတို့၏ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးများတွင် ခြိမ်းခြောက်ခြင်းသော် လည်းကောင်း၊ အင်အားဖက်၍အခြားနိုင်ငံများကို ကျူးကျော်ခြင်းမှလည်းကောင်း ရှောင်ကြဉ်ကြရ မည်''ဟူ၍ လည်းကောင်း၊''မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးစီရင်ပိုင်ခွင့်အာဏာအတွင်း လုံးဝ ကျရောက်နေသော အရေးကိစ္စတွင်မှ ကုလ သမဂ္ဂက ကြားဝင်ဆောင်ရွက်ခြင်းကို ကုလ သမဂ္ဂစာချုပ်တွင် ခွင့်ပြုထားခြင်းမရှိ''ဟူ၍ လည်းကောင်း အခိုင်အမာ ဖော်ပြထားသည်။
နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်စိုးမှု နယ်ပယ်တွင် မိမိနိုင်ငံ၏ကောင်းကျိုးကို မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် ကိုယ့် ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသည်။ နိုင်ငံတစ်ခုက အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို အခြား မည်သည့်နိုင်ငံကမျှ ဝင်ရောက် စွက်ဖက် နှောင့်ယှက်ခွင့်မရှိပေ။ ယင်းသို့ဝင်ရောက် နှောင့် ယှက်မှုဟူသမျှသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို ချိုးဖောက် ခြင်းသာဖြစ်သည်။
နိုင်ငံတစ်နိုင်ငံက မိမိပိုင်နက် အပေါ်တွင် အာဏာပိုင်စိုးခြင်းကို နယ်ပယ်ဆိုင်ရာအမြင့်ဆုံး အာဏာ(Torritorial Superemacy) ဟု
အချုပ်အခြာအာဏာ၏
မူရင်းပိုင်ရှင်များဖြစ်သည့် ပြည်သူလူထု သို့မဟုတ် ထိုပြည်သူတို့၏ ပြဋ္ဌာန်းချက်များကို
လည်းကောင်း၊
ယင်းနိုင်ငံ၏အစိုးရအဖွဲ့ကို
လည်းကောင်း
မည်သည့်နိုင်ငံကမှ
ထိပါးခြင်း၊ စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ရန်လိုကျူးကျော်ခြင်းမပြုရဟု သတ်မှတ်ထားခြင်းဖြစ်ပေသည်။
ခေါ်သည်။ ထိုနယ်ပယ်ဆိုင်ရာ အမြင့်ဆုံးအာဏာ ဆုံးရှုံးခြင်းသည် လွတ်လပ်ရေး ဆုံးရှုံးခြင်းသာ ဖြစ်သည်။ သို့အတွက် မိမိတို့၏Torritorial Superemacy ကို မိမိတို့ကာကွယ်ရေးသည် အစိုးရတိုင်းတွင် တာဝန်ရှိသည်။
ကုလသမဂ္ဂပဋိညာဉ်စာချုပ် အပိုဒ်(၂) အပိုဒ် ခွဲ(၄)တွင် ''ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး သည် မိမိတို့ ပြည်ထောင်စုအချင်းချင်း ဆက်ဆံ ရာတွင် တစ်နိုင်ငံ၏နယ်ပယ်တည်တံ့ခိုင်မြဲမှုကို သို့မဟုတ် နိုင်ငံရေးလွတ်လပ်မှုကို ထိပါးအောင် သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ် ချက်များနှင့် အခြားတစ်နည်းနည်း ဆန့်ကျင် အောင်သော်လည်းကောင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် လက်နက် အင်အားကိုအသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်''ဟု အတိအလင်း ဖော်ပြထား သည်။ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို လည်းကောင်း၊ အချုပ်အခြာအာဏာ၏ မူရင်း ပိုင်ရှင်များဖြစ်သည့် ပြည်သူလူထု သို့မဟုတ် ထိုပြည်သူတို့၏ ပြဋ္ဌာန်းချက်များကို လည်း ကောင်း၊ ယင်းနိုင်ငံ၏ အစိုးရအဖွဲ့ကိုလည်း ကောင်း မည်သည့်နိုင်ငံကမှ ထိပါးခြင်း၊ စွက် ဖက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ရန်လိုကျူးကျော်ခြင်း မပြုရဟု သတ်မှတ်ထားခြင်းဖြစ်ပေသည်။ ထိုသို့ သတ်မှတ်သည်မှာ ကမ္ဘာပေါ်ရှိ နယ်ချဲ့လက်သစ်၊ လက်ဟောင်းများ၏ အန္တရာယ် မကင်းမှုကို နိုင်ငံတိုင်းအတွက် မျှော်လင့်ထား၍ဖြစ်သည်။ အမှန်တကယ်လည်း ကမ္ဘာကြီးတွင် နယ်ချဲ့ဝါဒ သည် ကုန်ဆုံးသည် မဟုတ်ပါပေ။
အခြားနိုင်ငံများ၏ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်ခြင်း၊ နိုင်ငံအချင်းချင်းအငြင်းပွားစေရန်၊ စစ်ဖြစ်စေရန် စွက်ဖက်ဖန်တီးပေးခြင်း၊ ကမ္ဘာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့ကလက်မခံတော့သည့် ကိုလိုနီစနစ်ကို ပုံစံသစ်ဖြင့် ပြန်လည်အသက် သွင်းခြင်းတို့သည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လူ့အခွင့်အရေးကြေညာချက်ကို လည်းကောင်း ချိုးဖောက်သော လုပ်ရပ်သာဖြစ်သည်။ နိုင်ငံကြီး သားပီသမှုမရှိသော လုပ်ရပ်မျိုးသာဖြစ်သည်ဟု ဆိုသည်။
မြတ်ဗုဒ္ဓက အကြောင်းကြောင့် အကျိုး ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ဤ အကြောင်းကြောင့် ဤအကျိုးကိုဖြစ်စေသည်ဟု ကြောင်းကျိုးဆက်များရှိပါသည်။ စွက်ဖက်မှု အကြောင်းကြောင့် စစ်ပွဲများ၊ အငြင်းပွားမှုများ ဖြစ်စေသည့်အကျိုး ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးက စွက်ဖက်မှုအကြောင်း ကို ရပ်ဆိုင်းရန်ဟန့်တားခဲ့သည်။ သို့သော် စွက်ဖက်မှုကို မိမိတို့ဘာသာ လိုလားသဖြင့် လက်ယပ် ခေါ်ခြင်းမှာမူ'ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်'ခြင်းသာဖြစ်သည်။
မောင်ချိုဝေတို့ နိုင်ငံကဲ့သို့ ဆင်းရဲနွမ်းပါးသော၊ အယူအဆမတူ လက်နက်ကိုင်သောင်းကျန်းသူ များပေါများသော၊ ကမ္ဘာ့စူပါပါဝါ ကွန်မြူနစ် နိုင်ငံကြီးနှင့် မိုင်ပေါင်း ထောင်ချီ ဆက်စပ်နေ သော၊ အမေရိကန်၏ အာရှအရွေ့ မဟာဗျူဟာ အရ မျက်စိကျနေသော၊ လူဦးရေ ပေါက်ကွဲကာ မိမိနိုင်ငံအတွင်းလျှံကျလာသည့် လူစိမ်းများ ရှိနေ သော၊ ကမ္ဘာ့ရေနံရောင်းပဒေသရာဇ်နိုင်ငံ များအဖွဲ့က ခြေကုပ်ယူရန်ကြိုးပမ်းနေသော နိုင်ငံ တစ်နိုင်ငံအဖို့ စွက်ဖက်မှုကို မိမိအစိုးရကတောင်း ဆိုကာ ဒီမိုကရေစီအသွင်ကူးပြောင်းရန်ဆုံးဖြတ် ခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာစွန့်စားမှုကြီးဖြစ်ပေ သည်။
အာဏာရ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က နိုင်ငံနှင့်ပြည်သူကို အရင်းအနှီးပြုကာ မသေချာသည့် နိုင်ငံရေးစမ်းသပ်မှုမျိုးကို မည် သည့် နိုင်ငံရေးသမားမှ လုပ်အံ့မထင်ပါ။ လစ် ဘရယ် ဒီမိုကရေစီကို အကြောင်းပြု၍ ကမ္ဘာက လက်ခံထားသည့် ပဋိညာဉ်များ၊ အပြည်ပြည် ဆိုင်ရာဥပဒေများကို မျက်ကွယ်ပြုခြင်းသည် စစ်ပွဲများ၊ မငြိမ်းချမ်းမှုများဆီဦးတည်လျှောက် လှမ်းနေခြင်းမဟုတ်ဟု မည်သူသည် အာမခံ နိုင်ပါမည်နည်း။ စွက်ဖက်မှုကို တံခါးဖွင့်ပေး သော နည်းလမ်းဖြင့် ဒီမိုကရေစီထွန်းကားမှု၊ ချမ်းသာကြွယ်ဝမှု၊ ငြိမ်းချမ်းမှုကိုရခဲ့သော ရှေ့သွား အစဉ်အလာများလည်း မည်သည့်နိုင်ငံ တွင်မှမရှိခဲ့ပါ။ ပြောင်းပြန်အကျိုး သက်ရောက် မှုများသာရှိခဲ့ပါသည်။ ရှိနေဆဲဖြစ်ပါသည်။
မြန်မာမှုတွင်ရှိနေသော'သူခိုး တိုက်စိုးနှင်း' 'သူခိုးဓားရိုးကမ်း'စကားပုံများကို လေ့လာကြည့် စေချင်ပါသည်။
ပညာရေးဝန်ကြီးဌာန မြန်မာစာဦးစီးအဖွဲ့က ထုတ်ဝေသည့် 'မြန်မာစကားပုံ'စာအုပ်တွင် သူခိုးကို တိုက်စိုးနှင်းဆိုသည့် စကားပုံနှင့် ပတ် သက်၍ ''သူခိုး တိုက်စိုးနှင်း။ ။ သူခိုးကို ငွေ တိုက်စိုးတာဝန် အပ်နှင်းသကဲ့သို့ မယုံကြည် ထိုက်သူကိုမှ ယုံကြည် စွာ တာဝန်လွှဲအပ်သည်။(သူခိုးကို တိုက်စိုးထည့်၊ စုန်းကိုသားကင် ထည့်-ဟူ၍ တွဲသုံးလေ့ရှိသည်။) ''သူခိုးကိုတိုက်စိုးနှင်း ဟူသော စကားပုံကဲ့သို့ သမိန်စောထွတ်၏ ညီရင်း နှစ်ယောက်ကို ရွှေဓားမှူးအရာ ခန့်ထားတော် မူသည်မှာ မိမိအသက်ကို သေမင်းလက်သို့အပ် လိုက်သည်နှင့် တစ်စုံတစ်ရာမှ မခြားတော့ချေ။ [၁၂၈၇]ထီး။ ၈၉၉။''ဟု အဓိပ္ပာယ်ဖွင့်ဆိုပါ သည်။
အလားတူပင် သူခိုးဓားရိုးကမ်းဆိုသည့် စကားပုံကို''သူခိုး ဓားရိုးကမ်း။ ။သူခိုးဓားရိုး ကမ်း သူကဲ့သို့ မိမိဘက်ကို သစ္စာဖောက်၍ ရန်သူကိုအားပေးကူညီသည်။''မယားတိန်ညင်၊ ခ