images
UN
UN
Monday, 26 September 2016
ဆောင်းညပြာသိုရုပ်ရှင်ထုတ်လုပ်ရေးမှ စင်တင်သော သရုပ်ဆောင် အမြွှာညီအစ်ကိုနှစ်ဦးဖြစ်သည့် မင်းခန့်ကိုနှင့် မင်းခန့်ညီတို့အား စာနယ် ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotelတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အမြွှာညီအစ်ကိုနှစ်ဦးအနေဖြင့် ဒါရိုက်တာသက်နေထွန်း ရိုက်ကူးသော ရက် ၁ဝဝ စီမံချက် ဇာတ်ကား၊ ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး လူမင်း၊ မို့မို့မြင့်အောင်တို့ ပါဝင်သရုပ်ဆောင်ထားသော နေတက်၊ ရေတက်ဇာတ်ကားနှင့် ဒါရိုက်တာဂျိုးရိုက်ကူးသော Poison Of Love အမည်ရဇာတ်ကားများ ရိုက်ကူးထားကြောင်း သိရသည်။