images
UN
UN
အလှမယ် ထက်ထက်ထွန်းပြိုင်ပွဲအတွက် ဖိလစ်ပိုင်တွင် သွားရောက်လေ့ကျင့်မည်
Monday, 26 September 2016
ကမ္ဘာ့အကြီးဆုံးပြိုင်ပွဲကြီးတစ်ခု ဖြစ်သည့် မယ်စကြဝဠာ ၂ဝ၁၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ထက်ထက်ထွန်းက ကြို တင်လေ့ကျင့်မှုအတွက် ဖိလစ်ပိုင် နိုင်ငံသို့ အောက်တိုဘာလတွင် လေ့ကျင့်မှုများ သွားရောက်ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကြီးကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်သွား မည်ဖြစ်ကာ ထက်ထက်ထွန်းက ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုများလုပ်ကိုင်နေကြောင်း ကို သူမက ''ထက်ထက်အနေနဲ့ လေ့ကျင့်ပြင်ဆင်ချိန်တွေ အများ ကြီးရတဲ့အတွက် အကောင်းဆုံး ကြိုတင်လေ့ကျင့်ပြင်ဆင်နေတယ်။ ဒီအောက်တိုဘာလမှာလည်း ဖိလစ် ပိုင်နိုင်ငံမှာ လိုအပ်တဲ့လေ့ကျင့်မှု တွေ ဆက်လက်လုပ်ဆောင်သွား ဦးမှာပါ''ဟု ဆိုသည်။
မယ်စကြဝဠာအလှမယ်ထက် ထက်ထွန်းသည် ၂ဝ၁ဝပြည့်နှစ်က ကျင်းပမည့် Prince & Princessပြိုင်ပွဲသို့ ပထမဦးဆုံးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ Best Body Beauty ဆုရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင်f Miss La Pyae Win 2011 နှင့်အတူ တခြားTitle ဆု နှစ်ခု၊ Miss Dell 2011 ဆု၊ ၂ဝ၁၄ ခုနှစ်တွင် Miss Myanmar World 2014 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 2nd Runner up ဆုနှင့် ၂ဝ၁၆ မှာMiss Universe 2016 ဆုတို့ကို ရရှိခဲ့ ကြောင်း ပြောကြားသည်။