images
UN
UN
ဆွမ်းစားကျောင်းဆောင် ရေစက်ချလှူဒါန်း
Monday, 26 September 2016
ဝင်းမြင့်(နတ်တလင်း)
နတ်တလင်း စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး နတ်တ လင်းမြို့နယ် ဇီးကုန်းလေးရပ် ကွက် ရတနာပုံကံဦးကျောင်း တိုက်အတွင်းတွင် အလှူရှင်များ စုပေါင်း၍ ဆောက်လုပ်လှူဒါန်း ခဲ့သော ဆွမ်းစားကျောင်းဆောင် ရေစက်ချလှူဒါန်းပွဲကို ယခုလ ၂၅ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ တွင် ကျင်းခဲ့ပသည်။
အခမ်းအနားတွင် ဆရာတော် များထံမှ ငါးပါးသီလခံယူဆောက် တည်၍ ဆရာတော်များက ပရိတ် တရားတော်များရွတ်ဖတ်သရဇ္ဈာယ် တော်မူကြသည်။ ဆက်လက်၍ မန္တလေးမြို့နယ် သဲကုန်းကျောင်း တိုက်ရေတော်ဆရာတော်ကသြဝါဒ ကထာမြွက်ကြားပြီး ကြွရောက် တော်မူလာကြသော သံဃာတော် များအား လှူဖွယ်ဝတ္ထုများဆက် ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆွမ်းစားကျောင်း ဆောင် ဆောက်လုပ်ခြင်းတွင် ပါဝင် လှူဒါန်းကြသော အလှူရှင် များနှင့်ကြွရောက်လာကြသော ပရိ သတ်များက လှူဒါန်းမှုအစုစုတို့ အား ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။