images
UN
UN
သမိုင်းဝင်ဆင်မြတ်ရှင်ဘုရား ဗုဒ္ဓပူဇနိယမဟာဒုက်ပွဲတော်ကျင်းပမည်
Tuesday, 27 September 2016
မင်းခန့်စိုး(ဇေယျာမြေ)
ပုလဲ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့၌ (၈၇) ကြိမ်မြောက်သမိုင်းဝင်ဆင်မြတ်ရှင် ဘုရား ဗုဒ္ဓပူဇနိယ မဟာဒုက်ပွဲ တော်ကို ၁၃၇၈ ခုနှစ်၊ သီတင်း ကျွတ်လပြည့်ကျော် ၃ ရက်မှ ၅ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
''သမိုင်းဝင်ဆင်မြတ်ရှင်ဘုရား ရဲ့ ဗုဒ္ဓပူဇနိယ မဟာဒုက်ပွဲတော်ကို ၁၂၉၁ခုနှစ်လောက်က စတင်ကျင်း ပခဲ့ရာ အခုနှစ်ဆိုရင် (၈၇)ကြိမ် မြောက်ရောက်ခဲ့ပါပြီ။ ဆရာဒကာ ညီညွတ်စွာဖြင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့တာကြောင့် ဘုရား၊ စေတီ၊ တန်ဆောင်းတို့မှာ လျှပ်စစ် မီး၊ဆလိုက်မီးတွေနဲ့ခမ်းခမ်းနားနား ဖြစ်နေပါပြီ။ အရင်နှစ်က ဌာနဆိုင် ရာများ၊မြို့ပေါ်ရပ်ကွက်များ၊ပုဂ္ဂလိ က အလှူရှင်များနဲ့ ကျေးရွာများ က လှူဒါန်းတဲ့သပိတ်လုံးပေါင်း ၄၇လုံးနဲ့ အလှူငွေပေါင်း ကျပ် သိန်း ၁၂ဝ ကျော်ရှိခဲ့ပါတယ်။ အဲဒီဆွမ်းသပိတ်လုံးများမှလှူဒါန်း တဲ့ ဗုဒ္ဓပူဇာအလှူငွေများနဲ့ နှစ်စဉ် ဘုရားလောင်းပလလဲတောအုပ်မှာ ဆင်မင်းဘဝကနေထိုင်ခဲ့တဲ့ သမိုင်း မှတ်တမ်း ပန်းချီကားများ၊ ဆင်ဖြူ တော် ရုပ်တုနဲ့ဇရပ်၊ သာသနိက အဆောက်အအုံများ၊ ဘုရားရင်ပြင် ကြွေပြားခင်းခြင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ဗုဒ္ဓပူဇာ အလှူငွေများကို မြန်မာ့စီးပွားရေး ဘဏ်မှာ ငွေစုစာအုပ်ပြုလုပ်ပြီး စနစ်တကျ ထိန်းသိမ်းထားရှိပါ တယ်''ဟု မြို့မိမြို့ဖဦးညွန့်ငွေက ပြောသည်။
ပုလဲမြို့၌ ကျင်းပမည့် (၈၇) ကြိမ်မြောက်သမိုင်းဝင်ဆင်မြတ်ရှင် ဘုရား ဗုဒ္ဓပူဇနိယမဟာဒုက်ပွဲတော် တွင် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ညမှစတင်၍ မြို့ပေါ်ရပ် ကွက်များ၌ မြန်မာ့ဆိုင်းတော် မင်္ဂလာနှင့်တွဲဖက်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှပဒေသာ များဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ ဆွမ်းသပိတ်လုံး များ၊ ပုဂ္ဂလိကဆွမ်းသပိတ်လုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ ၏ ဆွမ်းသပိတ်လုံးများ၊ လှူဖွယ် ပစ္စည်းများ၊ ပဒေသာပင်များဖြင့် စီတန်းလှည့်လည်ကာဆင်မြတ်ရှင် ဘုရား ရင်ပြင်တော်တွင် စုစည်း ကြပြီး နံနက် ၁ဝ နာရီတွင် ပင့် သံဃာအပါး ၅ဝ ကျော်နှင့် ဆင်မြတ်ရှင်ဘုရား၏မြသပိတ်တော် ကို စာရေးတံမဲဖောက်၍လှူဒါန်း မည်ဖြစ်ကြောင်းနှင့် ညပိုင်းတွင် ဘုရားပွဲလာဧည့်ပရိသတ်များအား မိုးယံဇာတ်သဘင်ဖြင့် ဧည့်ခံဖျော် ဖြေမည်ဖြစ်ကြောင်း သိရသည်။