images
UN
UN
မင်းတုန်းမင်းတရားကြီးလက်ထက်က ရေတွင်းများကို ယခုအချိန်အထိ ထိန်းသိမ်းသုံးစွဲလျက်ရှိ
Tuesday, 27 September 2016
တိမ်တမန်
မန္တလေး စက်တင်ဘာ ၂၇
မန္တလေးမြို့သည် မြန်မာဘုရင်များနောက်ဆုံးစိုးစံခဲ့သည့် မင်းနေပြည် ဖြစ်သည့်အားလျော်စွာလေ့လာစရာ သမိုင်းဝင်နေရာများစွာတည်ရှိသည်။ ထိုအထဲတွင် မင်းတုန်းမင်းတရားလက်ထက်ကတည်းက တည်ရှိခဲ့သော ရေတွင်းများကို ယနေ့တိုင်တွေ့မြင်နေရသည်။ အချို့ရေတွင်းများမှာ ရိုးရိုးအုတ်စီထားသည့် ရေတွင်းများဖြစ်ပြီး အချို့ရေတွင်းများမှာ ထူးခြား ပြီးရေတွင်းပေါင်အား စကျင်ကျောက်ခွေများ ပတ်ထားခြင်းပင်ဖြစ်သည်။
ရေတွင်းများကို လေးပြင်လေးရပ်တွင် တွေ့နိုင်ပြီး ထူးခြားသောရေ တွင်းများကိုမူ ၃၆ လမ်း ၃၅ လမ်းကြား ပုဏ္ဏားစုရပ်တွင်တွေ့မြင်ရသည်။ ရေတွင်းများကို ယနေ့တိုင်အသုံးပြုပြီး ရေတွင်းပေါင်မှ စကျင်ကျောက် ခွေတွင် ရေပုံးကြိုးရာများပင်ထင်နေသည်။ လက်ရှိကာလတွင် စကျင် ကျောက်ဂွေများ ပျက်စီးမှုနည်းအောင် စတီးကြိုးကိုသာ အဓိကအသုံးပြု လျက် ရေငင်ကြသည်။
ရှေးဟောင်းရေတွင်းများတွင် ၃၅ လမ်း-၇၃-၇၄ ကြား ဗောဓိကုန်း ပုဏ္ဏားစုရပ်ကွက်မှ ရေတွင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။ ထိုရေတွင်းမှာ မင်းတုန်းမင်းလက်ထက်တွင် မင်းတုန်းမင်းတရားက ပုဏ္ဏားဝန်ကစ္စနမို ဟန်အား ဘုရားကျောင်းရေတွင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ပညာရှင် များ၏ စာအုပ်မှတ်တမ်းများအရသိရသည်။ လက်ရှိကာလတွင်စိတ်ဝင် စားဖွယ်ရာ မင်းတုန်းမင်းလက်ထက်က ရေတွင်းကိုအသုံးပြုနေဆဲပင်ဖြစ် သည်။ ရေတွင်းပေါင်ကို စကျင်ကျောက်ခွေဖြင့်ပတ်ထားပြီး ရေတွင်းတိုင် များမှာ လက်ရာမြောက် နဂါးရုပ်ကြီးများဖြင့် တန်ဆာဆင်ထားသည်။ရေတွင်းများတွင် စကျင်ကျောက်ခွေများ၊ လက်ရာမြောက်အရုပ်များကို ယနေ့တိုင်ထိန်းသိမ်းထားသည့်အတွက် မန္တလေးမြို့တွင် မင်းတုန်းမင်း လက်ထက်က လက်ရာမြောက်ရေတွင်းတိုင်နှင့်ရေတွင်းကို ၃၅ လမ်း၇၃-၇၄ လမ်း မီးပွိုင့်တောင်ဘက်အနီးတွင် လေ့လာနိုင်ကြောင်း သိရသည်။