images
UN
UN
လှတောရွာ မြတိဂုံစေတီတော် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး
Tuesday, 27 September 2016
စိမ်းနိုင်(ဝက်လက်)
ဝက်လက် စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် လှတောကျေးရွာ သမန်းတောကျောင်း ပရိယတ္တိစာသင်တိုက် အတွင်း တည်ထားကိုးကွယ်တော်မူသော မြတိဂုံစေတီတော်မြတ်ကြီးသည် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ်က လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ပလ္လင်တော်မှ အထက်ထီးတော်မြတ် ကြီးအထိ အက်ကြောင်းကြီးများဖြင့် ပြိုကျလုနီးနီးဖြစ်နေသည်။
အဆိုပါစေတီတော်ကြီးပြင်ဆင်နိုင်ရန်အတွက် အဝေးရောက် လှတောသူလှတောသား၊ ဘုရား ဒါယကာ၊ ဒါယိကာမများနှင့်အလှူရှင်များတို့ သမန်းတောစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ ဝ၉-၇၉၅၁၉၉၈၇၊ ဝ၉-၇၈၈၃၆၄၁၆၈ ထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။