images
UN
UN
ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွား
Tuesday, 27 September 2016
နိုင်နိုင်(မွန်)
မော်လမြိုင် စက်တင်ဘာ ၂၇
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနေ ဦးဖေ အသက် (၆ဝ)၏ နေအိမ်မီးဖိုချောင်၌ ယမန်နေ့ ညနေ ၄ နာရီခွဲက ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်သိန်းနှင့်တပ်ဖွဲ့များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးအောင်ကျော် ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ ဝဲကလောင်ကျေး ရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာနေ ပြည်သူတို့က မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ညနေ ၅နာရီတွင် မီးငြိမ်းသွားခဲ့ ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ဦးဖေ၏ အလျားပေ ၅ဝ၊ အနံ ၁၅ပေ၊ အမြင့် ၁၇ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ခြေတံရှည်တစ်ထပ်နေအိမ် တစ်လုံး၏ နောက်ဖေးမီးဖိုခန်းပျက်စီး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းကာလတန်ဖိုးမှာ ကျပ် ၂၈၁၂၅ဝ ဖြစ်ကြောင်း၊ ဖြစ်စဉ် နှင့်ပတ်သက်၍ သံဖြူဇရပ်မြို့မ ရဲစခန်းမှ ဦးဖေအပေါ်(ပ)၁၄၅/ ၂ဝ၁၆ ရာဇသတ် ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။