images
UN
UN
မြန်မာနိုင်ငံတွင်စင်ကာပူပွဲတော်ပထမဆုံးအကြိမ်ကျင်းပမည်
ဝေေ၀ဖြိုး Wednesday, 28 September 2016
မြန်မာ-စင်ကာပူနှစ်နိုင်ငံဆက် ဆံရေးနှစ်(၅ဝ)ပြည့်အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်စင်ကာပူပွဲတော်ကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း စင် ကာပူခရီးသွားအဖွဲ့ချုပ်မှထိုင်းနိုင်ငံ နှင့်မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms.Sherleen Seah ကပြောသည်။
အဆိုပါစင်ကာပူပွဲတော်ကို အောက်တိုဘာ ၈ရက်နှင့် ၉ရက် တို့တွင် မြန်မာပလာဇာ၌ ပထမ ဆုံးအကြိမ် ကျင်းပသွားမည်ဖြစ် ကြောင်း ယခုလ ၂၆ရက်က Park Royal Hotel တွင် ကျင်းပ သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပွဲတော်သို့လာရောက်သူများ အနေဖြင့် စင်ကာပူနိုင်ငံ၏အထင် ကရနေရာများ၊ နာမည်ကြီးအစား အသောက်များနှင့် ကစားနည်းများ၊ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင် မည်ဖြစ်ကြောင်း သိရသည်။
''၂ဝ၁၆ခုနှစ်ဟာ စင်ကာပူနဲ့ မြန်မာနိုင်ငံတို့ရင်းနှီးချစ်ကြည်စွာ ဆက်ဆံလာခဲ့ကြတဲ့ နှစ်ပေါင်း(၅ဝ) ပြည့်မြောက်တဲ့ အရေးပါတဲ့ခုနှစ် တစ်ခုဖြစ်တဲ့အပြင် ဒီဇင်ဘာ ၁ရက် ကစပြီးမြန်မာနိုင်ငံသားတွေစင်ကာပူ နိုင်ငံကိုသွားလာရာမှာ ရက် ၃ဝ ထက်မပိုတဲ့ သွားရောက်လည်ပတ် မှုတွေအတွက် ဗီဇာကင်းလွတ်ခွင့် ရရှိတော့မယ့်နှစ်တစ်နှစ်လည်း ဖြစ် ပါတယ်''ဟု ၄င်းကပြောသည်။
အဆိုပါပွဲတော်နှစ်ရက်အတွင်း မြန်မာခရီးသွားအေဂျင်စီကိုးခု၊နိုင်ငံ တကာလေကြောင်းလိုင်းသုံးခုနှင့် စင်ကာပူမှအထင်ကရ နေရာနှစ်ခု တို့မှ အထူးခရီးသွားပရိုမိုးရှင်း များ ပေးအပ်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
ယင်းပွဲတော်သို့လာရောက်သူ များအနေဖြင့် အမေရိကန်ဒေါ်လာ ၅ဝခန့် သုံးစွဲရုံဖြင့် စင်ကာပူသို့ လေးညအိပ်ငါးရက် လူနှစ်ဦးစာ အလည်အပတ် ခရီးစဉ်အပါအဝင် စင်ကာပူနိုင်ငံရှိ အထင်ကရနေရာ များသို့ ဝင်ခွင့်လက်မှတ်များနှင့် အခြား ဆုမဲပေါင်းများစွာရရှိမည့် အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်ဒေါ်လာ ၅ဝဝနှင့်အထက် သုံးစွဲသူများ အတွက်စင်ကာပူနိုင်ငံသို့လာရောက် သည့်အခါအသုံးပြုနိုင်မည့်စင်ကာပူ ဒေါ်လာ ၅ဝ တန် Mastercard ကိုလည်းလက်ဆောင်အဖြစ် ပြန် လည် ပေးအပ်သွားမည်ဖြစ်သည်။